နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒမ်လီလီဟာ ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ဆိုလိုက်တဲ့ လူးဝစ္စ အန်နရီကေး | ချန်ပီယံလိဂ်

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ အသင်းရဲ့ တိုက်စစ် ကစားသမား အူစမန်နီ ဒမ်ဘီလီ အနေနဲ့ ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ပြင်သစ်သားဟာ ပီအက်စ်ဂျီတို့ သမိုင်းဝင် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးရရှိခဲ့ရာမှာ အဓိက နေရာ ကနေ ပါဝင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း အင်းနရစ်ခ်က အခုလိုပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အင်းနရစ်ခ်က “ဘယ်လွန်ဒေါ ဘယ်သူ့ကို ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်း စိတ်ဝင်စားနေကြပါတယ်။ ဒမ်ဘီလီက ဒီဗိုလ်လုပွဲမှာ ခံစစ်ပိုင်းမှာ သူဘယ်လို ကစားခဲ့လဲ ဆိုတာကြောင့် သူ့ကို ဘယ်လွန်ဒေါဆု ပေးပါမယ်။ ဒါက အသင်းကို ဦးဆောင်တာမျိုးပါပဲ။ ကျွန်တော် ရိုးသားစွာ ဝန်ခံရရင် သူက ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်ပါတယ်။ ဒါက သံသယ ဖြစ်စရာ မရှိပါဘူး။ သူရခဲ့တဲ့ ဆုဖလားတွေ သွင်းခဲ့တဲ့ ဂိုးတွေကြောင့် သာမက သူ့ရဲ့ ဖိအားပေး ကစားပုံကြောင့်လည်း ဖြစ်ပါတယ်။ တစ်ရာသီလုံး ဒီလို ကစားခဲ့ပေမယ့် ဗိုလ်လုပွဲ မှာတော့ ထူးထူးခြားခြား ကစားပြခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကစားသမား ဒမ်ဘီလီဟာ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ အတူ ဆုဖလား ၄ လုံး အောင်မြင်မှု ရရှိထားနိုင်ခဲ့သလို တစ်ရာသီလုံး မှာလည်း ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားကာ ၃၃ ဂိုးသွင်းထားသလို ၁၅ ဂိုး အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ မြူးနစ်မှာ အင်တာမီလန်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ်နဲ့ ပထမဆုံးအကြိမ် အဖြစ် ဥရောပ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အန်နရီကေးရဲ့ အသင်းက ရဖို့ ခက်ခဲတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး အောင်မြင်မှုကို ရရှိခဲ့ပါသေးတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာတော့ ဒမ်ဘီလီက သူကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒူရေးနဲ့ ခါဗရာစခီလီယာနဲ့ သွင်းဂိုးတွေ အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ မြူးနစ်မှာ အင်တာမီလန်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ်နဲ့ ပထမဆုံးအကြိမ် အဖြစ် ဥရောပ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဒမ်ဘီလီ

ကစားသမားဘ၀ တစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ဒမ်ဘီလီဟာ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သလို လီဂူးဝမ်းရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆု တို့ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် သူက လက်ရှိ ၂၀၂၅ ဘယ်လွန်ဒေါဆု အတွက်လည်း ထိပ်ဆုံး ကနေ ရေပန်းစားနေခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမား စာရင်းမှာတော့ ဒမ်ဘီလီ ပြီးရင် ဘာစီလိုနာ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ယာမယ်နဲ့ ရာဖင်ညာ၊ လစ်ဗာပူးလ် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ တို့လည်း ပါဝင်နေပါတယ်။ လက်ရှိ တစ်ဦးချင်းနဲ့ အသင်းလိုက် အောင်မြင်မှုတွေ အရ ဆိုရင်တော့ ပြင်သစ်သား ဒမ်ဘီလီပဲ ဘယ်လွန်ဒေါဆုကို ရရှိဖို့ ရာခိုင်နှုန်း တော်တော်လေး များနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်