နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်ကိုဆန်စီရိုမှာသရေကစားပြီးဆီမီးဖိုင်နယ်ကိုတက်လှမ်းသွားတဲ့ အင်တာမီလန် | ချန်ပီယံလိဂ်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ရဲ့နောက်ထပ်ပွဲစဉ်အဖြစ်အင်တာမီလန်နဲ့ဘေယန်မြူးနစ်တို့ဆန်စီရိုမှာအကြိတ်အနယ်ကစားသွားခဲ့ကြပါတယ်။အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ခဲ့ရပြီးတော့၂-၂ရလဒ်ထွက်ပေါ်ခဲ့တာကြောင့်နှစ်ကျော့ပေါင်း၄-၃နဲ့အင်တာမီလန်တို့ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားခဲ့ပါတယ်။

ဆိုင်မွန်အင်ဇာဂီရဲ့အသင်းကဒီနေ့ပွဲမှာလည်းပထမအကျော့တုန်းကလိုပဲတိုက်စစ်နဲ့ခံစစ်ကိုမျှမျှတတကစားရင်းဘေယန်မြူးနစ်ကိုအသာရခဲ့တာဖြစ်ပါတယ်။ပထမအကျော့တုန်းက၂-၁ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားခြင်းကအင်တာမီလန်အတွက်ဘာဆိုဘာမှမသေချာသေးသလို Comeback ဖို့ကြိုးစားမယ့်ဘေယန်မြူးနစ်ရဲ့ပေါက်ကွဲအားကိုလည်းပါးပါးနပ်နပ်ထိန်းချုပ်ဖို့လိုအပ်ခဲ့ပါတယ်။ဂိုးရဖို့လိုအပ်ခဲ့တဲ့ဘေယန်မြူးနစ်ဟာပွဲစကတည်းကအင်တာမီလန်ဘက်ကိုတိုက်စစ်ဆင်ခဲ့ပြီးအိမ်ရှင်ထက်ပိုပြီးထိရောက်တဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

တကယ်တမ်းသွင်းဂိုးတွေမြင်တွေ့ခဲ့ရတာကတော့ဒုတိယပိုင်းမှဖြစ်ပြီးတော့ပွဲချိန်၅၂မိနစ်မှာဟယ်ရီကိန်းကဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ဒါပေမယ့်လည်း၆မိနစ်အကြာမှာအင်တာမီလန်အတွက်ချေပဂိုးကိုလော်တာရိုမာတီနက်ဇ်ကသွင်းယူခဲ့ပြီးဘေယန်တို့နောက်ကနေလိုက်ကစားခဲ့ရပြန်ပါတယ်။ဒီနေရာမှာအင်တာမီလန်ရဲ့ချက်ချင်းတုန့်ပြန်မှုကောင်းကောင်းနဲ့ဂိုးရအောင်ယူတတ်တာကိုပထမအကျော့လိုပဲချီးကျူးရမှာဖြစ်ပါတယ်။ပွဲချိန်၆၁မိနစ်မှာဘေယန်ကစားသမားဟောင်းပါဗက်ကအင်တာမီလန်အတွက်ဦးဆောင်ဂိုးသွင်းယူပေးလိုက်ချိန်မှာတော့ဘေယန်မြူးနစ်တို့ပိုပျာသွားပါတယ်။ပွဲချိန်၇၆မိနစ်မှာဒိုင်ယာကချေပဂိုးထပ်သွင်းခဲ့လို့အချိန်ပိုအထိသွားနိုင်ဖို့တစ်ဂိုးသာလိုအပ်ခဲ့ပြီးဘေယန်မြူးနစ်တို့လက်ကျန်မိနစ်တွေမှာပိုရုန်းခဲ့ပါတယ်။ဒါပေမယ့်လည်းတိုက်စစ်ရဲ့အဆုံးသတ်အားနည်းမှုတွေအပြင်ယန်းဆွမ်မားရဲ့ကာကွယ်မှုတွေကြောင့်ဘေယန်မြူးနစ်တို့ပွဲအပြီးမှာနှစ်ကျော့ပေါင်း၄-၃ရလဒ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

အင်တာမီလန်တို့ဒီနှစ်ချန်ပီယံလိဂ်ခရီးမှာဘယ်အထိရောက်သွားနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။
ချန်ပီယံလိဂ်မှာမထင်မှတ်တာတွေလုပ်ပြဖို့ အသင့်ရှိနေတဲ့ အင်တာမီလန်

ဒီနေ့ပွဲမှာအရင်ဆုံးချီးကျူးရမှာကအင်တာမီလန်နည်းပြအင်ဇာဂီဖြစ်ပြီးခံစစ်တိုက်စစ်မျှတအောင်ကစားစေနိုင်ခဲ့သလိုကောင်းမွန်တဲ့ Transition တွေအတွက်ကွင်းလယ်လူတွေဖြစ်တဲ့ချလနောဂလူ၊ဘာရယ်လာနဲ့မက်ခီတာရန်တို့ကလည်းအဓိကကျခဲ့ပါတယ်။အင်တာမီလန်ရဲ့ထူးခြားချက်ကဂိုးပေးပြီးရင်ခပ်မြန်မြန်ပြန်လာနိုင်တာဖြစ်ပြီးဒီအချက်ကြောင့်ပဲစီးရီးအေကလပ်အနေနဲ့အခက်အခဲတွေတစ်ခုပြီးတစ်ခုဖြတ်ကျော်လာနိုင်တယ်လို့ဆိုရင်လည်းမမှားပါဘူး။

အခုဆိုရင်တော့အင်တာမီလန်တို့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာအစဉ်အလာပြိုင်ဘက်ကြီးဘာစီလိုနာနဲ့တွေ့ဆုံနေခဲ့ပါပြီ။အင်တာဟာဘာစီလိုနာကိုမဝေးတဲ့နှစ်တွေတုန်းကအသဲခွဲခဲ့ဖူးတာအားလုံးလည်းမှတ်မိကြမှာပါ။ဒီနှစ်ဘာစီလိုနာကအရမ်း Strong နေပေမယ့်အင်တာမီလန်တို့ပါးပါးနပ်နပ်ကစားနိုင်ဦးမယ်လို့ကျွန်တော်ကတော့ယုံကြည်နေဆဲပါ။အားလုံးကဗိုလ်လုပွဲမှာဘာစီလိုနာနဲ့အာဆင်နယ်တွေ့မယ်လို့ကြိုတင်ခန့်မှန်းနေကြပေမယ့်အင်တာမီလန်က Danger အသင်းဆိုတာလည်းမမေ့ကြစေချင်ပါဘူး။တကယ့်ပြိုင်ပွဲကြီးတွေဆိုရင်အရမ်းဟော့ဖြစ်တဲ့အသင်းတွေထက်မထင်မှတ်ထားတဲ့အသင်းတွေဖလားယူသွားတတ်တဲ့အစဉ်အလာကလည်းရှိပါသေးတယ်။အင်တာမီလန်တို့ဒီနှစ်ချန်ပီယံလိဂ်ခရီးမှာဘယ်အထိရောက်သွားနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်