ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ဘေယန်မြူးနစ်နဲ့ အင်တာမီလန်တို့ အလိုင်းရန့်ဇ် အရီနာမှာ အကြိတ်အနယ် ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပေမယ့် အဆုံးသတ် ကောင်းမွန်ခဲ့တဲ့ အင်တာမီလန်က ထိုက်တန်တဲ့ နိုင်ပွဲနဲ့ အတူ ဆီမီးဖိုင်နယ် တက်ရေး အားသာချက် ရှိသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ဘေယန်မြူးနစ်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီးတော့ အင်တာမီလန် ကတော့ သူတို့ရဲ့ ထုံးစံ အတိုင်း ၃ ယောက်တန်း ခံစစ်နဲ့ အိမ်ရှင် အသင်းကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဘေယန်က ဂိုးမှာ ၂၁ နှစ်သားလေး အာဘစ်ဂ် ကိုပဲ ပွဲထုတ်လာခဲ့ပြီး ထူးထူးခြားခြား ဂွာရဲရိုးကို ကွင်းလယ် တိုက်စစ် နေရာမှာ ထားကစားခဲ့ကာ အိုလစ်ဆီ၊ ဆာနေး၊ ကိန်း၊ ကင်မစ်ချ်၊ ဂိုရက်စ်ကာ တို့လို အဓိက ကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။ အင်တာမီလန် ကတော့ တိုက်စစ်နဲ့ ခံစစ်ကို အမျှတဆုံး ကစားနိုင်ဖို့ ကြိုးစားခဲ့သလို ကွင်းလယ်ချင်း ယှဉ်နိုင်ဖို့ မက်ခီတာရန်၊ ချလနောဂလူ၊ ဘာရယ်လာ တို့ကို တွဲဖက် အသုံးပြုခဲ့ပါတယ်။

တကယ်တမ်းလည်း အင်ဇာဂီရဲ့ နည်းစနစ်ပိုင်းက အလုပ်ဖြစ်ခဲ့ပြီး ဘေယန်ရဲ့ ပုံစံမျိုးစုံနဲ့ ထိုးဖောက်မှုတွေကို ခံစစ်က စနစ်တကျ ခုခံနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမား ဆွမ်မားရဲ့ ကာကွယ်မှုတွေ၊ ကိန်းရဲ့ ကန်ချက် တိုင်ထိတာတွေ ကလည်း ဘေယန်မြူးနစ် အတွက်တော့ ကံဆိုးခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။ အင်တာမီလန် ကတော့ ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီးတော့ လော်တာရို မာတီနက်ဇ် သွင်းယူခဲ့တဲ့ ပထမဂိုးကို ပြန်ကြည့်ရင် အင်တာရဲ့ တိုက်စစ် အချိတ်အဆက်နဲ့ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိမှုတွေ ပေါ်လွင်ခဲ့တာ တွေရပါလိမ့်မယ်။
ဘေယန် အတွက် ပွဲပြီးခါနီးမှာ မူလာက ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အင်တာမီလန်က တုန့်ပြန်မှု ကောင်းကောင်းနဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ကလည်း ချီးကျူးစရာပါ။ ဒီနေ့ပွဲမှာ အင်တာမီလန်ရဲ့ ပွဲကို ပါးပါးနပ်နပ် ကစားနိုင်ခဲ့မှုကို ချီးကျူးရမှာ ဖြစ်သလို ဘေယန်မြူးနစ်ရဲ့ လိုအပ်ချက်တွေ ကလည်း အများကြီးပါပဲ။ ဘေယန်ဟာ ဒီနေ့ပွဲမှာ အင်တာမီလန် ဘက်ကို ဂိုးပေါက် ကန်ချက် အကြိမ် ၂၀ အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၇ ကြိမ် အထိ ရှိခဲ့တာပါ။ အင်တာမီလန် ကတော့ ဘေယန်ထက် ဂိုးပေါက် ကန်ချက် ထက်ဝက် နည်းခဲ့ပြီး ၄ ကြိမ် ဂိုးပေါက် တည့်မှု ကနေ ၂ ဂိုး ရအောင် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် သူတို့ထက် စနစ်တကျ ကစားနိုင်တဲ့ အသင်းနဲ့ တွေ့ရင် ရလဒ်မကောင်းတတ်တာ ထုံးစံလို ဖြစ်နေပါပြီ။
ဒီနှစ် ချန်ပီယံလိဂ်မှာ တခြားအသင်းတွေ ဟော့နေတယ် ဆိုပေမယ့် အင်တာမီလန် ကလည်း ချန်ပီယံဆု အတွက် ထည့်တွက်ထားရမယ့် အသင်းပါ။ ဘေယန်လို အသင်း ကိုတောင် ဂျာမန်မြေမှာ အနိုင်ကစားခဲ့တာကို ကြည့်ခြင်းအားဖြင့် သူတို့လည်း ဘယ်အဆင့်ထိ ရောက်နိုင်သလဲ ဆိုတာ ကြိုတင် တွက်ဆထားလို့ ရပါတယ်။ ဘာဖြစ်ချင်နေမှန်း မသိတဲ့ ခြေစွမ်းအတိုင်း ဆိုရင်တော့ ဘေယန်မြူးနစ်တို့ ဒီနှစ် ချန်ပီယံလိဂ် ကတော့ ဒီအဆင့်နဲ့ပဲ ကျေနပ်ရဖို့ များနေပြီလို့ပဲ သုံးသပ်ချင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.