နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်နဲ့ တွဲဖက် ကစားနိုင်ကြောင်း ပြောကြားလိုက်တဲ့ အစ်ကီတီကီ | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် လစ်ဗာပူးလ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီ ကတော့ ဆောက်သမ်တန်နဲ့ ပွဲမှာ ရရှိခဲ့တဲ့ မပါးနပ်တဲ့ အနီကတ် ပြစ်ဒဏ်ကြောင့် သင်ခန်းစာရခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် အိဆက်ခ်က သူ့ အနေနဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူးသစ် အလက်ဇန္တား အိဆက်ခ်နဲ့ တွဲဖက်ကစားနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစ်ကီတီကီဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ အနိုင်ဂိုး သွင်းပြီးနောက် အင်္ကျီချွတ် အောင်ပွဲခံခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲကို လွဲချော်ခဲ့ရပါတယ်။ လက်ရှိ လစ်ဗာပူးလ်မှာ အစ်ကီတီကီ အနေနဲ့ ပွဲထွက် ကစားခွင့် အတွက် ပေါင် ၁၂၅ သန်းတန် တိုက်စစ်မှူးသစ် အိဆက်ခ်နဲ့ ပြိုင်ဆိုင်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သားက ပွဲထွက်ခွင့် ပြိုင်ဆိုင်မှု အတွက် စိုးရိမ်ခြင်းမရှိဘဲ ဒါဟာ အသင်း အတွက် အပေါင်းလက္ခဏာ တစ်ခု ဖြစ်ကြောင်း သူ့ အနေနဲ့ အိဆက်ခ်နဲ့ တွဲဖက် ကစားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ်ကီတီကီက “ကျွန်တော် တို့က ကလပ် အသင်းကြီး တစ်ခုမှာ ကစားနေတာပါ။ တိုက်စစ်မှူး တစ်ယောက်တည်းနဲ့ ကစားနေတဲ့ အသင်းကြီး တစ်သင်းကို ကျွန်တော် မမြင်ဖူးပါဘူး။ သူ ဒီမှာရှိနေတာက ကျွန်တော့် အတွက်တောင် ကောင်းပါတယ်။ ကျွန်တော့်မှာ တိုးတက်ဖို့နဲ့ သင်ယူဖို့ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်က တိုက်စစ်မှူး နှစ်ယောက်တွဲရော တစ်ယောက်ထဲရော ကစားဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်ယောက် အတူတွဲ ကစားရမယ် ဆိုရင်လည်း ကစားနိုင်ပါတယ်။” လို့ ဆိုပါတယ်။

မပါးနပ်ခဲ့တဲ့ အနီကတ် ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီးတော့ “ဒါက မပါးနပ်တဲ့ လုပ်ရပ်ပါ။ စနေနေ့က အိမ်ကနေ အသင်းသားတွေကို ထိုင်ကြည့်နေရတော့ နည်းနည်း စိတ်ပျက်မိတယ်။ ကျွန်တော် အားလုံးကို တောင်းပန်ပြီးပါပြီ။ ဒီလို အဖြစ်အပျက်မျိုး နောက်ထပ် ဖြစ်မှာ မဟုတ်တော့ပါဘူး။” လို့ အစ်ကီတီကီက ဝန်ခံပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပြီးတော့ ဒီကနေ့ ညမှာတော့ ဂါလာတာဆာရေးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အိဆက်ခ်နဲ့ တွဲဖက် ကစားရင်လည်း ကိစ္စ မရှိကြောင်း ပြောကြားလာတဲ့ အစ်ကီတီကီ

အစ်ကီတီကီ ကတော့ လစ်ဗာပူးလ်ကို ပေါင် ၇၉ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ၈ ပွဲမှာ ၅ ဂိုး သွင်း ၁ ဂိုး ဖန်တီးပေးထားပါတယ်။ အစ်ကီတီကီ ကတော့ ပီအက်စ်ဂျီမှာ ကစားစဉ်က ချန်ပီယံလိဂ်မှာ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရပြီး လက်ရှိ မှာတော့ လစ်ဗာပူးလ်နဲ့ အတူ ဒီပြိုင်ပွဲမှာ သူ့ကိုယ်သူ သက်သေပြချင်နေပါတယ်။ ဒါနဲ့ ပတ်သတ်လို့ အစ်ကီတီကီက “ပီအက်စ်ဂျီမှာတုန်းက ကျွန်တော်က လူငယ် တစ်ယောက် ဖြစ်ပြီး အရန်ခုံမှာ ကြည့်နေရတာ များတယ်။ အဲ့ဒီတုန်းက သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက် ကစားခဲ့ရပြီး သူတို့ဆီ ကနေ သင်ခန်းစာတွေ ရခဲ့ပါတယ်။ အခုတော့ ဒါက ကျွန်တော့်ရဲ့ အချိန်လို့ ပြောလို့ ရပါတယ်။ ဒီအသင်းကို ချန်ပီယံလိဂ်မှာ အောင်မြင်မှုရအောင် ကူညီဖို့ ရောက်လာခဲ့တာပါ။ အဲ့ဒီအချိန်က သင်ယူခဲ့တာတွေကို ပြသပြီး အသင်း အတွက် ခြားနားမှုတွေ ပြုလုပ်နိုင်စွမ်း ရှိကြောင်း သက်သေပြချင်ပါတယ်။ ဂါလာတာဆာရေး ကွင်းမှာ ကစားရတာ ခက်ခဲမှာပါ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော်တို့ ပိုကောင်းလာမှာပါ။ ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပြီးတော့ ဒီကနေ့ ညမှာတော့ ဂါလာတာဆာရေးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်