နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လွန်ဒေါနဲ့ တစ်ဦးချင်း အောင်မြင်မှုထက် ချန်ပီယံလိဂ် ဖလားသာ ရယူလိုနေတဲ့ ဒမ်ဘီလီ

ပီအက်စ်ဂျီ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီ ကတော့ ဘယ်လွန်ဒေါနဲ့ တစ်ဦးချင်း အောင်မြင်မှုထက် ချန်ပီယံလိဂ် ဖလား ကိုသာ ရယူလိုနေကြောင်း သိရပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမား အနေနဲ့ ဒီကနေ့ည အင်တာမီလန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပွဲထွက်လာဖို့ သူ့ရဲ့ အသင်းကို ပထမဆုံး ဥရောပ ဆုဖလား ရရှိရေး အကူညီပေးဖို့ အဆင်သင့် ဖြစ်နေပြီလည်း ဖြစ်ပါတယ်။ 

ဒမ်ဘီလီဟာ ဒီရာသီမှာ ချန်ပီယံလိဂ် သွင်းဂိုး ၁၂ ဂိုး (၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်) မှာ ပါဝင် ပတ်သတ်ထားပြီး ဒါဟာ ပီအက်စ်ဂျီ ကစားသမား တစ်ဦး အတွက် တစ်ရာသီ အတွင်း အများဆုံးလည်း ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ဇလာတန် အီဘရာဟီမိုဗစ်က ဂိုးပါဝင် ပတ်သတ်မှု ၁၀ ကြိမ် ပြုလုပ်ထားခဲ့တဲ့ စံချိန် မှတ်တမ်း ကိုလည်း ဒမ်ဘီလီက ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ခြေစွမ်းပြနေတဲ့ ဒမ်ဘီလီ အနေနဲ့ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ 

ဒါပေမယ့်လည်း ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ကတော့ ဒီလို ပြောဆိုမှုတွေကို စိတ်မဝင်စားကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ “မင်း ပီအက်စ်ဂျီ ကစားသမား ဖြစ်တဲ့ အခါ အရေးကြီးတာက ချန်ပီယံလိဂ် ဖလား လိုမျိုး အောင်မြင်မှုကို ရယူနိုင်ပြီး အိမ်ပြန်ဖို့ပါပဲ။ ကျွန်တော် တစ်ဦးချင်း ဆုဖလားတွေ အတွက် မဟုတ်ဘဲ အသင်း အတွက် အာရုံစိုက်နေပါတယ်။ ဘယ်လွန်ဒေါက ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှိနေပေမယ့် အသင်း ကိုပဲ အာရုံစိုက်ထားချင်ပါတယ်။” လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဒမ်ဘီလီဟာ ဒီရာသီမှာ ချန်ပီယံလိဂ် သွင်းဂိုး ၁၂ ဂိုး (၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်) မှာ ပါဝင် ပတ်သတ်ထားပြီး ဒါဟာ ပီအက်စ်ဂျီ ကစားသမား တစ်ဦး အတွက် တစ်ရာသီ အတွင်း အများဆုံးလည်း ဖြစ်ပါတယ်။
အခုနှစ် ဥရောပရဲ့ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီ

ဒမ်ဘီလီက ဒီဇင်ဘာလ ကနေ မတ်လ အထိ ပြိုင်ပွဲစုံ ၁၈ ပွဲ ဆက်တိုက်မှာ သွင်းဂိုး ၂၄ ဂိုး သွင်းယူခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ကီလီယန် အမ်ဘာပေးနဲ့ လီယွန်နယ် မက်ဆီ၊ နေမာ တို့ရဲ့ ကွက်လပ်တွေ ကိုလည်း ဖြည့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အခွင့်အရေး ၃၅ ကြိမ် အထိ ဖန်တီးပေးထားပြီး ၂၀၀၃-၂၀၀၄ ခုနှစ် နောက်ပိုင်း ပြင်သစ် ကစားသမား တစ်ဦး အနေနဲ့ အများဆုံး စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ ဒမ်ဘီလီက “ဇန်န၀ါရီလကတည်းက ကျွန်တော် တို့ရဲ့ စိတ်ဆန္ဒ သဘောထားတွေ ပြောင်းလဲလာခဲ့ပြီး အခုလည်း ဆက်ပြီး အောင်ပွဲခံချင်နေပါတယ်၊ ပွဲ အတွက် အရမ်းလည်း စိတ်လှုပ်ရှားနေမိပါတယ်။ အင်တာမီလန်က ဗိုလ်လုပွဲ တက်ဖို့ ထိုက်တန်တဲ့ အံ့ဩစရာ ကောင်းတဲ့ အသင်း တစ်သင်းပါ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ၊ ခံစစ် ကစားပုံ၊ တိုက်စစ်ကို ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါကြောင့် ကျွန်တော် တို့ဟာ တောင့်တင်းတဲ့ ပြိုင်ဘက် ရှိတယ် ဆိုတာ လက်ခံရပါမယ်။ ဒီဖိုင်နယ် အတွက် ကျွန်တော် ကောင်းကောင်း ပြင်ဆင်ထားပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဒီပြိုင်ပွဲမှာ ကစားဖို့ အိပ်မက်မက်ခဲ့ပါတယ်။ ကျွန်တော် တို့ဟာ ပွဲတစ်ပွဲ အတွက်၊ အသင်း အတွက်၊ ကိုယ့်ကိုယ်ကို အာရုံစိုက်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော် တို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်