နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာမယ်ကို ရင်ဆိုင်ဖို့ အနည်းငယ် ထိတ်လန့်နေတဲ့ ဘက်စတိုနီ | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတော့ စီးရီးအေ ထိပ်သီး အင်တာမီလန်နဲ့ ဘာစီလိုနာ တို့ ထိပ်တိုက် တွေ့ဆုံနေပြီးတော့ အကြိတ်အနယ် ရှိလာဦးမှာပါ။ ဒီအချိန်မှာ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဆိုရင်တော့ အသင်း အနေနဲ့ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ဖို့ လိုအပ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အင်တာမီလန်က ဘေယန်မြူးနစ်၊ ဘာစီလိုနာက ဒေါ့မန် တို့ကို အသီသီး ကျော်ဖြတ်ခဲ့ပြီးနောက် ဒီနှစ်သင်းက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ သက်ဆိုင်ရာ လိဂ်တွေရဲ့ အမှတ်ပေးဇယားတွေကို ဦးဆောင်ထားပြီးတော့ အားသာချက် ကိုယ်စီ ရှိနေကြတာကြောင့် ဒီတွေ့ဆုံမှုဟာ တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန် နောက်ခံလူ ဘက်စတိုနီ ကတော့ ဘာစီလိုနာရဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ကို နှစ်ကျော့စလုံးမှာ ထိန်းချုပ်နိုင်ဖိ့် သူ့ အတွက် အခက်အခဲ ရှိနိုင်ကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ဘက်စတိုနီဟာ ဥရောပရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့်လည်း ယာမယ်ကို ရင်ဆိုင်ဖို့ အတွက်တော့ အနည်းငယ် ထိတ်လန့်နေပုံရပြီး ဘယ်လို ပြင်ဆင်ထားရမလဲ ဆိုတာ တိတိကျကျ မသိရှိသေးကြောင်း ဖွင့်ဟခဲ့တာပါ။

ဒါပြီးရင်တော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဧပြီ ၃၀ ရက်နေ့မှာ ကစားရမှာပါ။
ဧပြီ ၃၀ ရက်နေ့မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကစားရမယ့် အင်တာမီလန်

ဘက်စတိုနီနဲ့ ယာမယ်ဟာ အရင်က တစ်ကြိမ်သာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီးတော့ အဲ့ဒါကလည်း ယူရို ၂၀၂၄ အုပ်စု အဆင့်မှာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာလည်း ယာမယ်ရဲ့ စပိန် လက်ရွေးစင် အသင်းက အီတလီကို အနိုင်ရခဲ့ပြီး ဘက်စတိုနီက အဲ့ဒီပွဲဟာ သူ့အတွက် အဆင်မပြေခဲ့ကြောင်း ဝန်ခံထားပါတယ်။

အီတလီ နာမည်ကြီး သတင်းစာ La Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ဘက်စတိုနီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော် ဘယ်လို ပြင်ဆင်ရမလဲ မသိသေးဘူး။ ဘာလို့လဲ ဆိုတော့ ယူရို ပြိုင်ပွဲ နောက်ဆုံး အကြိမ် တွေ့ဆုံမှုမှာ သိပ်အဆင်မပြေခဲ့လို့ပါ။ ဘာစီလိုနာမှာ ရှင်းလင်းတဲ့ ကစားပုံပုံ ရှိပါတယ်။ သူတိုက နေရာလွတ်တွေ ပေးမိနိုင်ပေမယ့် ကျွန်တော်တို့ ကတော့ သူတို့ကို အသင်းလိုက် ခုခံကာကွယ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ထိပ်တန်း တောင်ပံ ကစားသမားတွေကို ရင်ဆိုင်ခဲ့ရပြီးပါပြီ။ ဥပမာ – ဘေယန်မြူးနစ်က အိုလစ်ဆီနဲ့ ဆာနေး တို့လိုပေါ့။ သူတို့ကို အခက်အခဲ ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုနဲ့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု ရှိဖို့ လိုအပ်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့တော့ ဘက်စတိုနီက “ဖြစ်နိုင်ခြေအရတော့ ကျွန်တော်တို့ ပြိုင်ပွဲ သုံးခုလုံးမှာ ဒုတိယနေရာနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရာသီအစတုန်းက ကျွန်တော်တို့ ရည်မှန်းထားခဲ့တာက လိဂ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ဖို့နဲ့ ကိုပါအီတလီယာနဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးမှာ ဆီမီးဖိုင်နယ်တွေကို တက်လှမ်းနိုင်ဖို့ပါ။ ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပေမယ့် နှစ်အစမှာ ပြောခဲ့သလိုပဲ အရာအားလုံးကို ကြိုးစားပြီး ရယူသွားချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်တာမီလန်က ဒီကနေ့ ညမှာတော့ ဘိုလော့ဂ်နာနဲ့ ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နောက်ထပ် ၃ ရက် အကြာမှာတော့ မြို့ခံ ပြိုင်ဘက် အေစီမီလန်နဲ့ ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဧပြီ ၃၀ ရက်နေ့မှာ ကစားရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်