နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် အိမ်မက်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မှာတော့ ပီအက်စ်ဂျီက အာဆင်နယ်ကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်က နှစ်ကျော့ပေါင်း ရလဒ် ၃-၁ နဲ့ အရေးနိမ့်ကာ ဒီနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကနေပဲ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ 

ဒီနေ့ပွဲမှာ အာဆင်နယ်က ပီအက်စ်ဂျီထက် ပိုကောင်းတဲ့ ကစားဟန်ကို မပြသနိုင်ခဲ့သည့် တိုင်အောင် မညံ့ခဲ့တော့ မညံ့ခဲ့ပါဘူး။ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်းမာရဲ့ လက်စွမ်းပြမှုတွေ၊ ဒီကလန် ရိုက်စ်နဲ့ ဘူကာယို ဆာကာ တိုရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာတွေက ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့တဲ့ အဓိက အခြေအနေတွေလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အတွက် ဦးဆောင်ဂိုး ကိုတော့ ဖေဘီယန် ရူအစ်ဇ်က လှပကောင်းမွန်တဲ့ ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒါးဗစ် ရာယာလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ ချေပဂိုးနဲ့ လိုအပ်နေတဲ့ ဂိုးတွေ ရဖို့ အတွက် တောက်လျောက် တိုက်စစ်ဆင်နေခဲ့ပေမယ့် ဒုတိယပိုင်း မှာလည်း ပီအက်စ်ဂျီက အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင် ပီအက်စ်ဂျီတို့ ပင်နယ်တီ ရခဲ့ပေမယ့် ဗစ်တင်ညာရဲ့ ကန်ချက်ကို ဂိုးသမား ဒါးဗစ် ရာယာ ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ်တို့ ကံကောင်းခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် ဒုတိယဂိုး ကိုတော့ ဟာကီမီက သွင်းယူခဲ့တာ ဖြစ်ပြီး ဒီဂိုး ကလည်း တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အာဆင်နယ် အတွက် ချေပဂိုး ၁ ဂိုးကို ဆာကာက သွင်းယူပေးခဲ့ပေမယ့် လုံလောက်တဲ့ သွင်းဂိုးတွေ ထပ်မံ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်တို့ နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ အဓိက ဆုဖလား၊ တစ်ကြိမ် တစ်ခါမှ မရဖူးသေးတဲ့ ချန်ပီယံလိဂ်လို ဥရောပ ဆုဖလား တို့ ကိုင်မြှောက်ခွင့်နဲ့ ထပ်မံ ဝေးကွာသွားရပြန်ပါတယ်။ အာဆင်နယ် အနေနဲ့ ၂၀၀၄ ခုနှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ဒီနှစ်ဟာ အမြင့်ဆုံး အဆင့်ကို ပြန်လည် ရောက်ရှိခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင် အိုဒီဂတ် ခြေစွမ်း သိသိသာသာ ကျဆင်းလာတာ၊ ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားတွေ မရှိသေးတာ၊ နောက်ပြီး ချန်ပီယံ ဖြစ်မယ့် အသင်း တစ်သင်းမှာ ရှိတဲ့ ကံတရားမျိုး ရှိမနေသေးတာကြောင့် ဒီနှစ် အတွက် ဒီခရီးက ဒီမျှသာ ဖြစ်ခဲ့တာပါ။

ပွဲအပြီးမှာ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ “ပထမဦးဆုံးအနေနဲ့ ဖိုင်နယ်ကို တက်ရောက်သွားတဲ့ ပီအက်စ်ဂျီ အသင်းကို ဂုဏ်ပြုပါတယ်။ ပွဲအပေါ် သုံးသပ်ချက် ကိုတော့ ကျွန်တော် စိတ်အေးသွားတဲ့အခါမှ ပြုလုပ်သွားမှာပါ။ ဒါပေမယ့် သူတိုရဲ့ အရံခုံ ကနေ ကျွန်တော် ချက်ချင်း ရလိုက်တဲ့ တုံပြန်ချက် ကတော့ ကျွန်တော် တို့က သူတိုထက် အများကြီး ပိုကောင်းခဲ့တယ် ဆိုတာပါပဲ။ နှစ်ကျော့လုံးစလုံးကို ပြန်ကြည့်ရင် သူတိုရဲ့ အကောင်းဆုံး ကစားသမားက ဂိုးသမား ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ သူက ဒီပွဲစဉ်မှာ သူတို့ အတွက် ခြားနားမှုကို ဖန်တီးပေးခဲ့တာပါ။” လို့ ဆိုပါတယ်။

အာဆင်နယ် အနေနဲ့ ၂၀၀၄ ခုနှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ဒီနှစ်ဟာ အမြင့်ဆုံး အဆင့်ကို ပြန်လည် ရောက်ရှိခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။
ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေရဆဲ ဖြစ်တဲ့ အာဆင်နယ်

နောက်ဆုံး မှာတော့ အာတေးတားက “ကျွန်တော်တို့ အနိုင်ရဖို့ အရမ်းပဲ နီးစပ်ခဲ့တယ်လို့ ထင်ပါတယ်။ ရလဒ်တွေက ပြနေတာထက် အများကြီး ပိုပြီး နီးစပ်ခဲ့ပေမယ့် ကံမကောင်းစွာ နဲ့ပဲ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု ပွဲကို စတင်ခဲ့ပုံ ဖိအားတွေကို ကိုင်တွယ်ခဲ့ပုံတွေ အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်။” လို့ ဆိုပါတယ်။ အသင်းက တိုးတက်နေရဲ့လားလို့ မေးမြန်းမှု ကိုတော့ အာတေးတားက “ရာနှုန်းပြည့်ပါပဲ။ ဒီပြိုင်ပွဲမှာ အခုချိန်ထိ ကျွန်တော်တို့ အသင်းထက် ပိုကောင်းတဲ့ အသင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီည မှာတော့ ကျွန်တော်တို့ ထွက်ခဲ့ရပြီ ဖြစ်ပြီး နှစ်ကျော့စလုံးမှာ အခုထက် ပိုပြီး ထိုက်တန်ခဲ့တယ်လို့ ခံစားရပါ တယ်။ ဒါပေမယ့် ဒီပြိုင်ပွဲက ဂိုးပေါက် အတွင်းက အဆုံးအဖြတ်တွေ တိုက်စစ်မှူးတွေရဲ့ အရည်အသွေးနဲ့ နှစ်ကျော့စလုံးမှာ သူတိုရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဂိုးသမားကြောင့်ပါပဲ” လို့ တုန့်ပြန် ပြောကြားသွားခဲ့ပါတယ်။

ကျွန်တော့်ရဲ့ တစ်ဦး တစ်ယောက်ချင်း အမြင်အရတော့ အာဆင်နယ်တို့ ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ရင်း ကျရှုံးနေရခြင်းက အသင်းသားတွေနဲ့ပဲ မဆိုင်တော့ပါဘူး။ ဒီနှစ်မှာဆိုရင် အာဆင်နယ် ကစားသမားတွေ အနည်းငယ် အတိမ်းအစောင်း ရှိခဲ့တယ် ဆိုပေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ခြေစွမ်းပိုင်းအရတော့ အပြစ် အရမ်းပြောလို့ မရခဲ့ပါဘူး။ (တချို့သော ကစားသမားတွေက လွဲလို့)။ ပြိုင်ဘက်တွေနဲ့ အဓိက ကွာခြားသွားစေတဲ့ အချက်က အရန် အင်အား တောင့်တင်းမှုနဲ့ ပွဲကို အဆုံးအဖြတ်ပေးနိုင်မယ့် ထိပ်တန်း ကစားသမား ပိုင်ဆိုင်မှုကြောင့်လို့ပဲ ထင်ပါတယ်။ နည်းပြ မီခဲလ် အာတေးတားရဲ့ နောက်ပိုင်းမှာ နည်းစနစ်ပိုင်းအရ ခေါင်းမာလာမှု ကလည်း ပြောစရာ အချက်တစ်ခုပါ။ မည်သို့ပင် ဆိုစေကာမူ အာဆင်နယ်ရဲ့ ဆုဖလားဆီ သွားရာ လမ်းက ဒီနှစ် အတွက် တစ်ခန်းရပ်သွားပါပြီ။ အကယ်၍ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာရဲ့ ကြိုးပမ်းမှုနဲ့ လိုအပ်နေတဲ့ နေရာတွေ အတွက် ကစားသမားကောင်းတွေ အားဖြည့်နိုင်ရင်၊ ကံလေးလည်း လိုက်လာရင်တော့ အာဆင်နယ်တို့ နောက်နှစ်တွေမှာ ချန်ပီယံဆုတွေ ပြန်လည် မျှော်လင့်နိုင်မယ် ထင်ပါတယ်။ အခုတော့ အာဆင်နယ် ပရိသတ်တွေ အတွက် စိတ်မကောင်းကြောင်း ပြောကြားရင်းနဲ့ပဲ…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်