ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ရှုံးပွဲ ကိုယ်စီ တွေ့ခဲ့ကြပြီးတော့ ဆီမီးဖိုင်နယ် တက်ရေး ခက်ခဲနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြတွေ ဖြစ်တဲ့ ကာလို အန်ဆယ်လော့တီနဲ့ ဗင်းန်ဆင့် ကွန်ပနီ တို့ကတော့ ဒုတိယအကျော့မှာ ရလဒ်ကောင်း ရရှိဖို့ ယုံကြည်လျက် ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြကြီး ကာလို အန်ဆယ်လော့တီက အာဆင်နယ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပထမအကျော့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အာဆင်နယ်ကို ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ် တက်ဖို့ အခွင့်အရေး ကလည်း တော်တော်လေး နည်းပါးနေခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက “ပထမအကျော့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ အခွင့်အရေး နည်းပါးပေမယ့် ဖြစ်တဲ့နည်းနဲ့ ရအောင် ကြိုးစားသွားမှာပါ။ ဒီနေ့ ပုံစံနဲ့ ဆိုရင်တော့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ဘောလုံးက အမြဲတမ်း ပြောင်းလဲနေတာပါ။ အာဆင်နယ်ကို ကျော်ဖြတ်ဖို ခက်ပေမယ့် ဘာနေဗျူးမှာ ထူးဆန်းတာတွေ ဖြစ်တတ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီ အပြင် လူးကပ်စ် ဗက်ဇ်ကွက်ဇ်နဲ့ ကီလီယန် အမ်ဘာပေး တို့ကလည်း ဒုတိယအကျော့ ဘာနေဗျူးမှာ အကောင်းဆုံး ပြန်လာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ စပိန် သတင်းစာ Marca နဲ့ Relevo ရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ်သာ ဒုတိယအကျော့မှာ ရလဒ်မကောင်းပဲ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရရင်တော့ အန်ဆယ်လော့တီ အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရမှာ ဖြစ်ကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းမှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဒုတိယအကျော့ မီလန်မြို့မှာ ပြန်လည် အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဘေယန်မြူးနစ် ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အင်တာမီလန်ကို အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် အနေနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့်ရော၊ အင်တာမီလန်ရဲ့ ခြေစွမ်းကြောင့်ပါ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အလမ်း တော်တော်လေး နည်းပါးသွားပြီ ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့်လည်း ကွန်ပနီ ကတော့ ပထမပိုင်းသာ ပြီးသေးကြောင်း အင်တာမီလန်က ရလဒ်ကောင်း ပိုင်ဆိုင်သွားတယ် ဆိုပေမယ့် ပထမပိုင်းသာ ရှိသေးကြောင်း နောက်တစ်ပတ် မီလန်မှာ အင်တာမီလန်ကို အနိုင်ရမယ့်လို့ သူတို့ ယုံကြည်ထားကြောင်း၊ နောက်ဆုံး မှာတော့ သူတို့ အနေနဲ့ အခုပွဲမှာ အခွင့်အရေး များစွာရခဲ့တာကြောင့် အင်တာမီလန်ရဲ့ အိမ်ကွင်းမှာ အနိုင်ရဖို့ အခွင့်အရေး ရှိကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။ အင်တာမီလန်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကတော့ ဧပြီ ၁၆ ရက် ဆန်စီရိုကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.