နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားရမယ့် ပွဲပါ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ရီးရဲလ်မက်ဒရစ် – မန်ချက်စတာစီးတီး

ချန်ပီယံလိဂ် ပွဲစဉ် ၆ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ထိပ်တိုက် တွေ့ဆုံမှု အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ ဘာနေဗျူးမှာ ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ အနာဂတ် အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်သလို မန်စီးတီး အတွက် ကလည်း ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ရေး အမှားခံလို့ မရတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့် စိတ်ဝင်စားစရာတွေ ပြည့်နှက်နေဦးမှာ အသေအချာပါပဲ။

ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်း မတည်ငြိမ်မှု အခြေအနေက တော်တော်လေးကို ဆိုးရွားနေတာပါ။ ဒါကြောင့်လည်း အခုပွဲ ရလဒ်အပေါ် မူတည်ပြီး နည်းပြ ဇာဘီ အလွန်ဆိုကို အသင်း ဆက်ရှိဖို့၊ မရှိဖို့ ဆုံးဖြတ်ပေးသွားမယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် လိဂ်အဆင့် ၅ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ အိမ်ကွင်း မှာတော့ ၂ ပွဲ ကစားထားရာမှာ ၂ ပွဲစလုံး အနိုင်ရထားပါတယ်။ အလွန်ဆိုရဲ့ အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် ဆဲလ်တာဗီဂိုကို အိမ်ကွင်းမှာ ၂ ယောက်လျော့နဲ့ ကစားပြီး ၀-၂ နဲ့ ရှုံးနိမ့်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ အဓိက ပြဿနာက ခံစစ် ကစားသမားတွေ ဒဏ်ရာရနေတာ ဖြစ်ပြီး အိုင်ကွန် ပလေယာတွေနဲ့ နည်းပြ အကြား ဆက်ဆံရေး ပြဿနာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ နယူးကာဆယ်နဲ့ လေဗာကူဆင်ကို ရှုံးပြီးနောက် နောက်ဆုံး ၃ ပွဲဆက် အနိုင်ပြန်ရထားပါတယ်။ တိုက်စစ်က အဲဒီ ၃ ပွဲမှာ ၁၁ ဂိုး ရခဲ့ပြီး ပေးဂိုး ကတော့ ၆ ဂိုး ရှိခဲ့လို့ ခံစစ်ပိုင်းကို အနည်းငယ် ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဒီနှစ် ချန်ပီယံလိဂ်မှာ ၅ ပွဲ ကစားပြီး ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ လေဗာကူဆင်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွင့် ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဒီနှစ် ချန်ပီယံလိဂ်မှာ ၅ ပွဲ ကစားပြီး ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ရေး နိုင်ပွဲ လိုအပ်နေတဲ့ မန်စီးတီး

အခုပွဲကိုတော့ ဒန်နီ ကာဗာဟယ်၊ ဒေးဗစ် အလာဘာ၊ ဒင်းန် ဟောက်ဆန်၊ အီဒါ မီလီတာအို၊ ဖာလန်း မန်ဒီ၊ ထရန့် အလက်ဇန္တား အာနိုးလ်တို့ လွဲချော်ပါလိမ့်မယ်။
မန်စီးတီး ဘက်မှာတော့ ဂျွန် စတုန်းစ်၊ ကိုဗာချစ်နဲ့ ရိုဒရီတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ရီးရဲလ်မက်ဒရစ် – ကော့တွာစ်၊ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ရူဒီဂါ၊ ကာရီးရက်စ်၊ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဂူလာ၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ အမ်ဘာပေး

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ရိုင်ဒါးစ်၊ ဖိုဒန်၊ ဒိုကု၊ ဟာလန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ချန်ပီယံလိဂ်မှာ မကြာခဏ ဆိုသလို တွေ့ဆုံတတ်တဲ့ နှစ်သင်းရဲ့ နောက်ထပ် အားပြိုင်မှု တစ်ခုကို ထပ်မံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့ ဥရောပ တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ၅ ကြိမ်နိုင်၊ မန်စီးတီးက ၄ ကြိမ် နိုင်ပြီး ၅ ကြိမ် သရေကျခဲ့ပါတယ်။ ဘာနေဗျူးမှာ တွေ့ဆုံခဲ့တဲ့ ၇ ကြိမ်မှာတော့ ရီးရဲလ်မက်ဒရစ်က ၄ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး မန်စီးတီးက ၁ ကြိမ် နိုင်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၂.၄၁ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၂.၄၆ ဆ၊ သရေ ဆိုရင်တော့ ၃.၅၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ရီးရဲလ်မက်ဒရစ် ကွင်းပေမယ့် ဒဲ့ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃.၀၀၊ ၃.၂၅၊ ၃.၅၀ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က အားနည်းချက်တွေ များနေပြီးတော့ အဓိက ခံစစ်ပိုင်းက မန်စီးတီးရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ တစ်ဖက်က ပြန်ကြည့်ရင်လည်း အမ်ဘာပေး ဦးဆောင်လာမယ့် တိုက်စစ်ကို မန်စီးတီး နောက်တန်းက ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ များမယ့် ပွဲဖြစ်တာကြောင့် ဂိုးပေါ် ကြိုက်ပါတယ်။

 

ခန့်မှန်းရလဒ်

ရီးရဲလ်မက်ဒရစ် ၂-၃ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်