အခုတစ်ခါမှာလည်း ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်ကို ယူရို ၁၃၅ သန်း (ပေါင် ၁၁၃.၆ သန်း)နဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။ အဆိုပါ ပြောင်းရွှေ့ကြေး အရ ဆိုရင် နယ်သာလန်သားက ယူနိုက်တက် သမိုင်းမှာ ဈေးအကြီးဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဒီကစားသမား ကိုယ်တိုင် ကလည်း အခုနွေရာသီမှာ စိန်ခေါ်မှု အသစ်တွေ ရှာဖွေဖို့ အသင်း ကနေ ထွက်ခွာလိုနေကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ခေါ်ယူဖို့ အပြိုင်အဆိုင် ပါဝင်လာခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ ပစ်မှတ် ကစားသမားကို မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်၊ ပီအက်စ်ဂျီ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
ဒါ့အပြင် လိုက်ပ်ဇစ် ကလည်း အန်ကွန်ကူကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် ဆိုင်မွန် ဖီးလစ်က ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ ချဲလ်ဆီးက ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ ဘင်ဂျာမင် ဆက်စ်ကို၊ လု့ကီဘာ၊ ကတ်စတယ်လို၊ ဇာဗီ ဆိုင်မွန်နဲ့ လိုရစ် အိုပန်ဒါ တို့ကို အလဲအလှယ် ပြုလုပ်ဖို့ တောင်းဆိုသွားဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

Asharq Al-Awsat ရဲ့ ဖော်ပြချက် အရ ဒါဝင် နူညက်ဇ်ဟာ ဆော်ဒီအာရေးဗျရဲ့ Public Investment Fund ပိုင် ကလပ် ၄ ခု ဖြစ်တဲ့ အဲလ်ဟီလာ၊ အဲလ်နာဆာ၊ အဲလ် အစ်တီဟတ်နဲ့ အဲလ်အာလီ တို့ရဲ့ ထိပ်တန်း ဦးစားပေး ပစ်မှတ် ဖြစ်နေပါတယ်။ ဒီကလပ် ၄ ခုဟာ ဘရိုက်တန်က ကာအိုရူ မီတိုမာနဲ့ လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ် ကိုလည်း စိတ်ဝင်စားနေကြပါတယ်။
တူရကီ ထိပ်သီး ဘက်ဆစ်တပ်စ် ကတော့ ဂိုးသမားသစ် တစ်ဦး အလိုရှိနေပြီးတော့ Posta ရဲ့ ဖော်ပြချက် အရ မန်ချက်စတာယူနိုက်တက်က အဲလ်တေး ဘာယင်ဒါကို ပစ်မှတ်ထားလျက် ရှိကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ယူနိုက်တက် ဘက်က ယူရို ၆ သန်း (ပေါင် ၅.၁ သန်း၊ ဒေါ်လာ ၆.၇ သန်း) လိုချင်နေပေမယ့်လည်း ဘက်ဆစ်တပ်စ် ဘက်ကတော့ ထက်ဝက်ကြေးသာ ပေးချေလိုနေကြောင်း သိရပါတယ်။
TEAMtalk ရဲ့ ဖော်ပြချက် အရ ချဲလ်ဆီး အနေနဲ့ ဒင်းန် ဟိုင်ဆန်ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့် အေဂျက်စ် နောက်ခံလူ ဂျိုရဲလ် ဟာတိုကို ခေါ်ယူဖို့ အလေးအနက်ထား စဉ်းစားနေကြောင်း သိရပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်ရင်တော့ ချဲလ်ဆီး အနေနဲ့ ယူရို သန်း ၅၀ (ပေါင် ၄၂.၁ သန်း) ပေးချေရဖို့ ရှိနိုင်ပါတယ်။
ဘာစီလိုနာ ကတော့ နောက်ခံလူ အဲရစ်ခ် ဂါစီယာ အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း TodoFichajes က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်က ထိပ်ဆုံးက စိတ်ဝင်စားနေပြီး ကိုမို၊ ဂီရိုနာနဲ့ ရီးရဲလ်ဆိုစီဒက် တို့ကလည်း ခေါ်ယူချင်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.