ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အေဂျက်စ်နဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်ကို နည်းပြ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ဇာဘီ အလွန်ဆိုကို ရီးရဲလ်မက်ဒရစ်ဆီ လက်လွှတ်ခဲ့ရပြီးနောက် အဲရစ်ခ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ် ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်ကို ရောက်ရှိပြီး ရက်ပိုင်း အတွင်းမှာပဲ ကစားသမားတွေ ခေါ်ယူအားဖြည့်ဖို့ စတင် လုပ်ဆောင်လာခဲ့ပါတယ်။ တန်ဟက်ဂ်က လက်ရှိမှာ မန်ချက်စတာယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေတဲ့ သူ့ရဲ့ တပည့်ဟောင်း နှစ်ဦး ဖြစ်တဲ့ အန်တိုနီနဲ့ အလက်ဟန်ဒရို ဂါနာချို တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွ ထွက်ပေါ်နေတာပါ။ အန်တိုနီဟာ ယူနိုက်တက်မှာ တန်ဟက်ဂ် လက်ထက်မှာ အေဂျက်စ် ကနေ ယူရို သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဂါနာချို ကတော့ ယူနိုက်တက် အကယ်ဒမီ ကနေ ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။
တိုက်စစ် ကစားသမား နှစ်ဦးမှာ အန်တိုနီက ပြီးခဲ့တဲ့ ရာသီဝက် ရီးရဲလ်ဘက်တစ်မှာ အငှားနဲ့ ထွက်ကစားပြီး ခြေစွမ်းပြနေကာ ယူနိုက်တက်ကို မပြန်လိုကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ထားသူ ဖြစ်ပါတယ်။ အာဂျင်တီးနားသား ဂါနာချို ကတော့ ရူဘင် အမော်ရင်နဲ့ အဆင်မပြေ ဖြစ်နေသလို အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာမယ်လို့ ကောလာဟလတွေ ဆက်တိုက် ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်က လေဗာကူဆင်ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် အသင်းကို ပြင်ဆင် ဖွဲစည်းဖို့ ရှိနေရာမှာ အသင်းဟောင်းရဲ့ ကစားသမား နှစ်ဦးကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ဘက်ကတော့ အသက် ၂၀ အရွယ် ဂါနာချို အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အလိုရှိနေပြီးတော့ အသက် ၂၅ နှစ် အရွယ် အန်တိုနီ အတွက် ကိုတော့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ဝန်းကျင် အလိုရှိနေပါတယ်။ ဒီအခြေအနေကြောင့် လေဗာကူဆင် အနေနဲ့ ဥရောပ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေတဲ့ ဂါနာချိုကို ခေါ်ယူဖို့ ခက်ခဲနိုင်ပြီး အန်တိုနီ ကိုတော့ ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း ဂျာမန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။
တစ်ဖက်မှာလည်း အန်တိုနီကို လက်ရှိ အငှားနဲ့ ခေါ်ယူထားတဲ့ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်က အပြီးသတ် ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် အန်တိုနီကို လာလီဂါရဲ့ ထိပ်တန်း ကလပ် တချို့ကလည်း စိတ်ဝင်စားနေတာကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် အတွက် အတားအဆီးတွေ ဖြစ်လာနိုင်ပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့ ရာသီဝက်မှာ ဘက်တစ် အတွက် ၂၆ ပွဲ ကစားကာ ၉ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာလီဂါ ကလပ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဂါနာချို ကတော့ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက် အတွက် ၅၈ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းကာ ၁၀ ဂိုးဖန်တီးပေးနိုင်ခဲ့ပေမယ့် လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ မပြသနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဂါနာချိုက အခွင့်အရေး ဖြုန်းတီးမှု အများဆုံး ကစားသမား ဖြစ်ခဲ့ပြီး ဒီအချက်တွေကြောင့်ပဲ နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ရတာ ဖြစ်ပါတယ်။ အမော်ရင်က ဂါနာချိုကို ယူရိုပါလိဂ် ဗိုလ်လုပွဲလို အရေးကြီးတဲ့ ပွဲစဉ်တွေ မှာပါ အရန်ကစားသမား အဖြစ် ထားခဲ့ပြီး ဒီအခြေအနေ ကိုလည်း အာဂျင်တီးနားသားက မကျေမနပ် ဖြစ်နေခဲ့ကြောင်း သတင်းတွေပါ ထွက်ပေါ်ခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.