နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝစ်ဇ်ကို မက်ဆီ လက်သစ်လို့ ချီးကျူးလိုက်တဲ့ အလွန်ဆို၊ နေဂဲလ်စ်မန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကန်ဆယ်လို (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဝစ်ဇ်ဟာ မက်ဆီ လက်သစ်လို့ ဆိုလိုက်တဲ့ အလွန်ဆို၊ နေဂဲလ်စ်မန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကန်ဆယ်လို စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဝစ်ဇ်ဟာ မက်ဆီ လက်သစ်လို့ ဆိုလိုက်တဲ့ အလွန်ဆို

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ နည်းပြ ဇာဘီ အလွန်ဆိုက အသင်းရဲ့ ကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်ဟာ လီယွန်နယ် မက်ဆီ လက်သစ် ဖြစ်ကြောင်း ချီးကျူး ပြောကြားလိုက်ပါတယ်။ 

အဆိုပါ ဂျာမနီ လူငယ် တိုက်စစ် ကစားသမားကို ဘာစီလိုနာက ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြနေပြီး အလွန်ဆို ကတော့ အခုလိုပဲ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
လီဗာပူးလ်
1X2 လီဗာပူးလ် @ 2.77
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -0.25 @ 2.05
ဂိုးပေါ် 3.00 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အလွန်ဆိုက ကစားသမားကောင်းတွေ ရှိပေမယ့် ထိရောက်တဲ့ လှုပ်ရှားမှုတွေ မလုပ်နိုင်ကြကြောင်း၊ မက်ဆီ ဘာကြောင့် ကစားသမားကောင်း ဖြစ်နေလဲ ဆိုရင် ရိုးစင်းတဲ့ ပေးပို့မှု တစ်ခုနဲ့တင် ဘယ်လိုမျိုး ကစားရမယ် ဆိုတာကို သိလို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆက်လက် ပြီးတော့ အလွန်ဆိုက မက်ဆီ အနေနဲ့ အမြဲတမ်း အတောက်ပဆုံး လှုပ်ရှားမှုတွေကို မပြုလုပ်နိုင်ပေမယ့် အကောင်းဆုံးနဲ့ စမတ် အဖြစ်ဆုံး ပေးပို့ လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ကြောင်း၊ ဖလော်ရီယန် ကလည်း ဒါမျိုး လုပ်နိုင်ကြောင်း၊ အဲ့ဒါကြောင့်လည်း သူက အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်နေကြောင်း ချီးကျူးသွားခဲ့ပါတယ်။ 

 

နေဂဲလ်စ်မန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကန်ဆယ်လို

ဘေယန်မြူးနစ်ရဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုဟာ အသင်းမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီး ကနေ ဘေယန်မြူးနစ်ကို အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပြီး အစောပိုင်းမှာ အသင်းနဲ့ ပုံမှန် ပွဲထွက်ခွင့် ရခဲ့ပေမယ့် နောက်ပိုင်း မှာတော့ နေရာ ပျောက်နေခဲ့ပါတယ်။ 

အဲ့ဒါကြောင့်လည်း ကန်ဆယ်လိုက ဖရိုင်းဘတ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ မတိုင်ခင်မှာ နေဂဲလ်စ်မန်းနဲ့ သီးသန့် တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နည်းပြ နေဂဲလ်စ်မန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကန်ဆယ်လို

အဲ့ဒါကြောင့်လည်း ကန်ဆယ်လိုက ဖရိုင်းဘတ်ကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ မတိုင်ခင်မှာ နေဂဲလ်စ်မန်းနဲ့ သီးသန့် တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဖရိုင်းဘတ်နဲ့ ပွဲမှာတော့ ကန်ဆယ်လိုက ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပြီး အသင်း အတွက် အရေးပါတဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အပြင် ဘေယန်မြူးနစ် ကလည်း အိမ်ကွင်းမှာ နိုင်ပွဲ ရှာတွေ့ခဲ့ပါတယ်။ 

 

နော်အာနဲ့ ပတ်သက်ပြီး ဖြေရှင်းနည်း မရှိသေးဘူး ဆိုတဲ့ အူလီ ဟိုးနက်စ်

ဘေယန်မြူးနစ်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ အူလီ ဟိုးနက်စ်က အသင်းရဲ့ အဓိက ဂိုးသမား မန်နျူရယ် နော်အာ တစ်ယောက် သူ့အမှားသူ ဝန်ခံထားပေမယ့် သူနဲ့ ပတ်သက်တဲ့ ဖြေရှင်းနည်း မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ 

နော်အာဟာ သူနဲ့ ကာလရှည် လက်တွဲခဲ့တဲ့ ဂိုးနည်းပြ တိုနီ တာပါလိုဗစ်ကို အသင်းတွင်း လျှို့ဝှက်ချက်တွေ ဖွင့်ချခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက ထုတ်ပယ်ခဲ့တဲ့ အပေါ် လူသိရှင်ကြား ဝေဖန် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ နော်အာက သူ့ရဲ့ အင်တာဗျူး အတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။ အဆိုပါ ဘွန်ဒက်စ်လီဂါရဲ့ ဝါရင့် ဂိုးသမားကြီးဟာ လက်ရှိ မှာတော့ ဒဏ်ရာ ပြဿနာကြောင့် အနားယူနေရဆဲပါ။ 

နော်အာနဲ့ ပတ်သက်လို့ အူလီ ဟိုးနက်စ်က ဆွေးနွေးမှုတွေမှာ ကျွန်တော် မပါဝင်ခဲ့ပေမယ့် နော်အာ၊ နေဂဲလ်စ်မန်းနဲ့ ဆာလီ ဟာမစ်ဇစ်တို့ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိအချိန် မှာတော့ နော်အာနဲ့ ပတ်သက်လို့ ဖြေရှင်းနည်း မရှိသေးကြောင်းနဲ့ နော်အာ အနေနဲ့ အင်တာဗျူးမှာ မပြောသင့်တာ ပြောမိတယ်လို့ ဖြေရှင်းတာက ကောင်းမွန်တဲ့ စိတ်ကူး ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်