အခုတစ်ခါမှာတော့ အောက်တိုဘာလ ၇ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အတွက် အပြည့်အဝ အာရုံစိုက်နေပြီး ပရီးမီးယားလိဂ်ကို ပြန်မယ့် သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း ဆန္ဒရှိနေတယ်လို့ ဝန်ခံထားပါသေးတယ်။ ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ တော့တင်ဟမ်ဟော့စပါး ကနေ ပေါင် ၈၆.၄ သန်းနဲ့ ဘေယန်မြူးနစ်ထံ ရောက်ရှိလာပြီး ၄ နှစ် စာချုပ် ချုပ်ဆိုထားသူပါ။ အသက် ၃၂ နှစ် အရွယ် ဟယ်ရီကိန်း အနေနဲ့ ဘေယန်မြူးနစ် အတွက် ၁၀၆ ပွဲကစားပြီး ၁၀၃ ဂိုး အထိ သွင်းယူပေးထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဟယ်ရီကိန်းက ခြေချင်းဝတ် ဒဏ်ရာ ရရှိထားပေမယ့် လာမယ့် နိုင်ငံတကာ ပွဲတွေမှာ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ဝင်ရောက် ကစားပေးမယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းက မိနစ် ၈၀ မှာ ဖရန့်ဖတ် ဂိုးသမားနဲ့ ထိခိုက်မိကာ ဒဏ်ရာရခဲ့ပြီး ၈၅ မိနစ်မှာ နီကိုးလက်စ် ဂျက်ဆန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါ့အပြင် ပွဲအပြီး အဝေးကွင်း လိုက်ပါအားပေးခဲ့တဲ့ အသင်း ပရိသတ်တွေ ရှေ့မှာ အောင်ပွဲခံရာ မှာတော့ ဟယ်ရီကိန်းဟာ ညာခြေထောက် ရေခဲအိတ်ကပ်ထားပေမယ့် ခုန်ပေါက် အောင်ပွဲခံခဲ့ပါတယ်။
ဘာစီလိုနာ ကတော့ ဗဟိုခံစစ်မှူး ရော်နယ် အာရာဟိုကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ မျှော်လင့်နေပါတယ်။ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ဥရုဂွေးသားကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြဆဲ ဖြစ်ပြီး ဒီအသင်းတွေထဲမှာ ပီအက်စ်ဂျီလည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် နှစ်သင်း ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန် တို့ကတော့ ကိုလုံး အသင်းရဲ့ တောင်ပံ ကြယ်ပွင့်လေး ဆိတ်ဒ် အဲလ်မာလာကို စိတ်ဝင်စားနေပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန်သားလေးက ဒီရာသီမှ ကိုလုံး စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိထားသူ ဖြစ်ပြီး ၅ ပွဲ ကစားရာမှာ ၂ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားပါတယ်။
ရီးရဲလ်မက်ဒရစ် ကင်းထောက်တွေ ကတော့ ချဲလ်ဆီးက လစ်ဗာပူးလ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အန်ဇို ဖာနန်ဒက်ဇ်ကို လာရောက် ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးက များပြားတာကြောင့် လာလီဂါ ကလပ်က အခက်တွေ့နေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အာဂျင်တီးနား လက်ရွေးစင် ကစားသမား အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားလိုနေပေမယ့်လည်း ချဲလ်ဆီး ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၃၀ (ပေါင် ၁၁၃.၄ သန်း) အလိုရှိနေပါတယ်။
မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားရဲ့ အေးဂျင့် ကတော့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေအရ ပေါ်တူဂီသားဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ဘာဆာ သို့မဟုတ် ဂျူဗီကို ပြောင်းရွှေ့ဖွယ် ရှိနေသလို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်အာလီ၊ အဲလ်နာဆာနဲ့ အဲလ်ကဒ်ဆီယာ တစ်သင်းသင်း ကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး အန်းဒရစ်ခ်ကို ဇန်နဝါရီမှာ အငှားချဖို့ ကြိုးပမ်းနေပြီး ကစားသမားရဲ့ ခြေစွမ်းကို တိုးတက်လာစေဖို့ ရည်ရွယ်နေပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ မှာတော့ ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာနဲ့ ဝက်စ်ဟမ်းတို့ ပါဝင်နေကြောင်း Fichajes က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ မကြာသေးမီက ဒဏ်ရာ ပြဿနာတွေနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရတဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့ တရားဝင် လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း Defensa Central က ဖော်ပြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.