နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘေယန်မြူးနစ်နဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တဲ့ ဂလက်စ်နာ | ဘွန်ဒက်စ်လီဂါ

ခရစ္စတယ်ပဲလေ့စ် ကနေ ထွက်ခွာပြီး ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတယ် ဆိုတဲ့ ကောလာဟလ အပေါ် “အဓိပ္ပာယ် မရှိတာတွေ အများကြီး ရေးသားနေကြတယ်” လို့ အိုလီဗာ ဂလက်စ်နာက ပြင်းပြင်းထန်ထန် တုန့်ပြန်လာခဲ့ပါတယ်။ ဂလက်စ်နာ ကတော့ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်အပြီးမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ နည်းပြ ရာထူး အတွက်လည်း ကောလဟလတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

အိုလီဗာ ဂလက်စ်နာ ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ခရစ္စတယ်ပဲလေ့စ်ကို စတင် ကိုင်တွယ်ခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၇၄ ပွဲမှာ ၃၆ ပွဲနိုင်၊ ၂၂ ပွဲ သရေ၊ ၁၆ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။ သူဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ယူပြီး ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် အဖြစ် အဓိက ဆုဖလားကို ရယူပေးခဲ့ပါတယ်။ အဲဒီနောက် ဩစတြီးယား လူမျိူး နည်းပြက ရာသီသစ် မစတင်ခင် ကစားတဲ့ ကွန်မြူနတီဒိုင်း ပွဲမှာလည်း လစ်ဗာပူးလ်ကို အနိုင်ယူပြီး ပဲလေ့စ် အတွက် ၃ လ အတွင်း ဒုတိယအကြိမ်မြောက် ဆုဖလားကို ရယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဂလက်စ်နာရဲ့ အသင်းက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဲဗာတန်ကို ၂-၁နဲ့ မရှုံးနိမ့်ခင် အထိ ပြိုင်ပွဲစုံ ၁၉ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန် ကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒီလို အောင်မြင်မှုတွေ အပြင် ပဲလေ့စ်နဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတဲ့ အခြေအနေတွေကြောင့် ဂလက်စ်နာဟာ မန်ချက်စတာယူနိုက်တက်၊ ဘေယန်မြူးနစ် တို့နဲ့ ချိတ်ဆက်နေတယ် ဆိုပြီး သတင်းတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ တချို့ သတင်းတွေမှာ ဆိုရင် ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ဗင်းန်ဆင့် ကွန်ပနီနဲ့ လမ်းခွဲခဲ့မယ် ဆိုရင် အိုလီဗာ ဂလက်စ်နာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ရှိနေကြောင်းပါ ဖော်ပြနေကြတာ ဖြစ်ပါတယ်။

တချို့ သတင်းတွေမှာ ဆိုရင် ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ ဗင်းန်ဆင့် ကွန်ပနီနဲ့ လမ်းခွဲခဲ့မယ် ဆိုရင် အိုလီဗာ ဂလက်စ်နာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ရှိနေကြောင်းပါ ဖော်ပြနေကြတာ ဖြစ်ပါတယ်။
ဗင်းန်ဆင့် ကွန်ပနီရဲ့ နေရာမှာ အစားထိုးဝင်ရောက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဂလက်စ်နာ

ဒါပေမယ့် ဒီကောလာဟလတွေ ကိုတော့ ဂလက်စ်နာက အခုလိုပဲ ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။ “ကျွန်တော်က ဘေယန်မြူးနစ် နည်းပြ ဖြစ်ချင်တယ်လို့ တစ်စုံတစ်ယောက်က ပြောဆိုခဲ့ပါတယ်။ လူတချို့က ကျွန်တော်နဲ့ စကားမပြောပဲ ကျွန်တော် ဘာလိုချင်တယ် ဆိုတာ သိနေတာမျိုးက ရယ်ရပါတယ်။” လို့ ဂလက်စ်နာက ဩစတြီးယားရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို လက်ခံရယူပြီးနောက် ပြောကြားသွားခဲ့ပါတယ်။ 

“ပုံမှန် အားဖြင့်တော့ မီဒီယာတွေကို ကျွန်တော် နည်းနည်း ဂရုစိုက်တတ်တယ်။ မီဒီယာတွေကို အရမ်း အရေးပေးတတ်တဲ့ အလေ့အကျင့်ထဲ ကနေတော့ ရုန်းထွက်ထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော် သတိထားမိတာက အရေးမပါတာတွေ အများကြီး ရေးသားနေကြတယ် ဆိုတာပါပဲ။” လို့ ဂလက်စ်နာက ဆိုပါတယ်။

အဲဒီအချိန်မှာ မီဒီယာ တစ်ခုက တခြားသော ပရီးမီးယားလိဂ် ကလပ် တစ်ခုကို ကိုင်တွယ်ဖို့ ရှိမရှိ အပေါ် မေးမြန်းရာမှာတော့ ဂလက်စနာက “ဒီအချိန်မှာ အသင်း တစ်သင်းရဲ့ နာမည်ကို ပြောပြလိုက်ရင် မမျှတပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကလပ်တိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြနဲ့ ထူးချွန်တဲ့သူ တစ်ယောက် ရှိနေတာကြောင့်ပါ။ ဒါကြောင့်မို့လို့ နေရာတိုင်းမှာ ကြီးကျယ်တဲ့ နည်းပြ တစ်ယောက် ရှိတာကြောင့် ဒီလိုမျိုး တစ်ခုခုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘေယန်မြူးနစ်ဟာ ဂလက်စ်နာကို နည်းပြသစ် အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူတို့ အတွက် အောင်မြင်မှုတွေ ရယူပေးထားတဲ့ ဗင်းန်ဆင့် ကွန်ပနီကို ရာထူးကနေ ထုတ်ပယ်ဖို့ ကတော့ တော်တော်လေး ဖြစ်နိုင်ချေ နည်းနေပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ကွန်ပနီ လက်အောက်မှာ ပုံစံကောင်း ရရှိနေပြီး ဒီရာသီ မှာလည်း ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ တာဆူနေပါတယ်။ တစ်ဖက် မှာလည်း မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေက နည်းပြ ရူဘင် အမော်ရင်ကို နောက်ထပ် ၃ နှစ် အချိန်ပေးသွားမယ်လို့ သိရတာကြောင့် ဂလက်စ်နာနဲ့ ကောလာဟလတွေက အဆုံးသတ်သလောက် ရှိသွားခဲ့ပါပြီ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်