နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟယ်ရီကိန်းကို ခေါ်ယူနိုင်ချေနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ဘေယန်မြူးနစ်၊ မက်ဆီနဲ့ ဆိုရင် ရလဒ်ကောင်းတတ်ပြီး ရော်နယ်ဒိုနဲ့ဆို အမြဲတမ်း ပြဿနာတတ်ရတယ် ဆိုတဲ့ မူလာ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဟယ်ရီကိန်းကို ခေါ်ယူနိုင်ချေနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ဘေယန်မြူးနစ်၊ မက်ဆီနဲ့ ဆိုရင် ရလဒ်ကောင်းတတ်ပြီး ရော်နယ်ဒိုနဲ့ဆို အမြဲတမ်း ပြဿနာတတ်ရတယ် ဆိုတဲ့ မူလာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၁ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ဟယ်ရီကိန်းကို ခေါ်ယူနိုင်ချေနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီး အူလီ ဟိုးနက်စ်က တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖြစ်ခဲ့မယ် ဆိုရင် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

စပါးဟာ အေစီမီလန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီးနောက် ဟယ်ရီကိန်း အတွက် နောက်ထပ် ဖလား လက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း အနေနဲ့ တစ်ဦးချင်းအရ လေးစားလောက်စရာ အောင်မြင်မှုတွေ ရှိနေပေမယ့် စပါးနဲ့ အတူတူ ဆုဖလား တစ်လုံး တစ်လေမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ 

အဲ့ဒါကြောင့်လည်း ဟယ်ရီကိန်းကို အသင်းပြောင်းရွှေ့ဖို့ အကြံပေးမှုတွေ ရှိနေပြီး ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ သတင်းတွေ ထွက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီးက ကျွန်တော့် အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း၊ ဘေယန်မြူးနစ်သာ ကိန်း အတွက် ကြိုးစားခဲ့မယ် ဆိုရင် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း၊ ဒါပေမယ့် ကျန်တဲ့ ဘုတ်အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်လည်း လိုသေးကြောင်း ပြောကြားခဲ့ပါတယ်။ 

 

ရော်နယ်ဒို၊ မက်ဆီတို့နဲ့ ရင်ဆိုင်ရတာနဲ့ ပတ်သက်ပြီး မူလာဖွင့်ဟ

ဘန်ဒက် လီဂါ
‌ရှော်ကေး
ဒေါ့မွန်
1X2 သရေ (Draw) @ 3.60
ဂိုးပေါ် 2.50 @ 1.85
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ် တိုက်စစ်မှူး သောမတ်စ် မူလာက ခရစ္စတီယာနို ရော်နယ်ဒို၊ လီယွန်နယ် မက်ဆီ တို့နဲ့ ရင်ဆိုင်ရတဲ့ အပေါ်မှာ ဖွင့်ဟ ပြောကြားခဲ့ဖူးပါတယ်။ 

မူလာဟာ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ အဓိက,ကစားသမား အဖြစ် မက်ဆီရဲ့ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် တို့နဲ့ ချန်ပီယံလိဂ်မှာ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ် အနေနဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ကို တောက်လျှောက်ဆိုသလို အနိုင်ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အတွေ့ မှာတော့ ရလဒ် ကောင်းရဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ကနေ ပူပူနွေးနွေး ဖြုတ်ချခဲ့ အပြီးမှာ မူလာက မက်ဆီနဲ့ ရင်ဆိုင်ရတိုင်း ဘယ်လို ပြိုင်ပွဲမျိုးမှာ မဆို ရလဒ်ကောင်းရကြောင်း၊ ကလပ် အဆင့်မှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတိုင်း ပြဿနာဖြစ်စေခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 

 

ဘေယန်မြူးနစ်မှာ အဆင်မပြေတဲ့ ကန်ဆယ်လိုကို ဘာစီလိုနာ စိတ်ဝင်စားနေ

ဘာစီလိုနာဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်မှာ အဆင်မပြေ ဖြစ်နေတဲ့ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

ပေါ်တူဂီ ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာစီးတီး ကနေ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

သူ့ရဲ့ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့်ပါရှိပေမယ့် ဘေယန်မြူးနစ် ကတော့ နောက်ပိုင်းမှာ အသင်းနဲ့ အဆင်မပြေတော့တဲ့ ကန်ဆယ်လို အတွက် အပြီးသတ် ပြောင်းရွှေ့ကြေး ပေါင် (၆၂) သန်းကို ပေးချေလိုခြင်း မရှိပါဘူး။ 

အဲ့ဒါကြောင့်လည်း သူ့ကို ခေါ်ယူဖို့ အတွက် ညာနောက်ခံလူ အသစ် ရှာဖွေနေတဲ့ ဘာစီလိုနာက စိတ်ဝင်စားလာတာ ဖြစ်ပြီး မန်စီးတီးကို ပြန်ဖို့လည်း မသေချာတော့တဲ့ ကန်ဆယ်လို တစ်ယောက် စပိန်မြေကို ရောက်ရှိသွားမလား စောင့်ကြည့်ရတော့မှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်