၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ ဂျာမန် ဘွန်ဒက်စ်လီဂါ ကတော့ စိတ်လှုပ်ရှားစရာ နည်းပါးခဲ့ပြီး အားလုံး မျှော်လင့်ထားကြတဲ့ ဘေယန်မြူးနစ်ပဲ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် ဒီရာသီ မှာတော့ နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီနဲ့ အတူ တကျော့ပြန် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ မနှစ်က ဇာဘီ အလွန်ဆိုနဲ့ အတူ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ လေဗာကူဆင် ကလည်း ဘေယန်မြူးနစ်ကို ယှဉ်နိုင်ခြင်း မရှိခဲ့ပဲ ရမှတ် တော်တော်လေး ပြတ်ခဲ့ကာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အင်္ဂလန် တိုက်စစ်မှူးကြီး ဟယ်ရီကိန်း ကတော့ သူ့ရဲ့ ကစားသမားဘဝ သက်တမ်း တစ်လျှောက် ပထမဦးဆုံး ဆုဖလား အောင်မြင်မှု ရရှိခဲ့သလို ဘွန်ဒက်စ်လီဂါ အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်းဘုရင်ဆုပါ ရရှိခဲ့ပါတယ်။
အဆင့် ရပ်တည်မှု
ချန်ပီယံ: ဘေယန်မြူးနစ် – ၂၅ ပွဲ နိုင်၊ ၇ ပွဲ သရေ၊ ၂ ပွဲ ရှုံး၊ ရမှတ် ၈၂ မှတ်
ဒုတိယ: လေဗာကူဆင် – ၁၉ ပွဲ နိုင်၊ ၁၂ ပွဲ သရေ၊ ၃ ပွဲ ရှုံး၊ ရမှတ် ၆၉ မှတ်
တတိယ: ဖရန့်ဖတ် – ၁၇ ပွဲ နိုင်၊ ၉ ပွဲ သရေ၊ ၈ ပွဲ ရှုံး၊ ရမှတ် ၆၀ မှတ်
စတုတ္ထ: ဒေါ့မန် – ၁၇ ပွဲ နိုင်၊ ၆ ပွဲ သရေ၊ ၁၁ ပွဲ ရှုံး၊ ရမှတ် ၅၇ မှတ်
ထူးခြားမှုများ
ဂိုးအများဆုံး သွင်းတဲ့ ကစားသမား: ဟယ်ရီကိန်း (ဘေယန်မြူးနစ်) – ၃၄ ဂိုး
ဂိုးဖန်တီးမှု အများဆုံး ကစားသမား: ဖလော်ရီယန် ဝစ်ဇ် (လေဗာကူဆင်) – ၁၅ ကြိမ်
အရှည်ကြာဆုံး နိုင်ပွဲရတဲ့ အသင်း: ဘေယန်မြူးနစ် (၁၀ ပွဲ ဆက်တိုက် အနိုင်ရ)

အရှည်ကြာဆုံး ရှုံးပွဲ မရှိတဲ့ အသင်း: ဘေယာ လေဗာကူဆင် (၁၆ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ)
အရှည်ကြာဆုံး နိုင်ပွဲ မရတဲ့ အသင်း: ဘိုချမ် (၁၂ ပွဲ ဆက်တိုက် အနိုင်မရ)
အရှည်ဆုံး ရှုံးနိမ့်တဲ့ အသင်း: ဟိုလ်စတိန်း ကီရယ် (၈ ပွဲ ဆက်တိုက် ရှုံးနိမ့်)
တန်းဆင်းသွားသော အသင်းများ
ဘိုချမ်
ဟိုလ်စတိန်း ကီရယ်
ရာသီအကျဉ်း ၂၀၂၄-၂၀၂၅ ဘွန်ဒက်စ်လီဂါ ကတော့ ချန်ပီယံဆု အတွက် ရင်ခုန်စရာ သိပ်မရှိခဲ့ပဲ ဘေယန်မြူးနစ်က ဒုတိယနေရာက လေဗာကူဆင်ကို ၁၃ မှတ် ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ထူးခြားတာက နှစ်စဉ် နှစ်တိုင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တဲ့ လိုက်ပ်ဇစ် ကတော့ အဆင့် ၇ နေရာနဲ့ ရာသီသိမ်းပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်က ချန်ပီယံလိဂ် မှာလည်း ၈ ပွဲ ကစားရာမှာ နိုင်ပွဲ ၁ ပွဲ၊ ရှုံးပွဲ ၇ ပွဲ ရှိခဲ့ကာ တော်တော်လေးကို ဆိုးရွားတဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် မနှစ်က ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တဲ့ စတုဂတ် ကလည်း အဆင့် ၉ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။ နောက်ထပ် ထူးခြားချက်က ဘွန်ဒက်စ်လီဂါ ၂ ကို ခြေဆန့်ရတော့မယ့် အသင်းတွေဟာ ရှုံးပွဲ ၂၁ ပွဲစီ ရှိခဲ့ကြပြီး ဟိုလ်စတိန်း ကီရယ်နဲ့ ဘိုချမ် ကတော့ ရမှတ် ၂၅ မှတ်စီနဲ့ တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ ဟိုင်ဒန်ဟိမ်း ကတော့ တန်းဆင်း ခြေစစ်ပွဲ အဖြစ် အဲလ်ဗားစ်ဘက်ဂျ်နဲ့ ကစားနေရပြီး ပထမအကျော့မှာ ၂-၂ သရေကျထားလို့ ဒုတိယအကျော့ ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.