နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခြေအနေ ဆိုးရွားနေတဲ့ လစ်ဗာပူးလ်ကို ကိုင်တွယ်ဖို့ ရေပန်းအစားဆုံး ဖြစ်လာတဲ့ နည်းပြဟောင်း ကလော့ပ် | ပရီးမီးယားလိဂ်

ဒီရာသီ လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ်မှာ ဆိုးဆိုးရွားရွား ရုန်းကန်နေရပြီးတော့ သမိုင်းတလျှောက် အဆိုးရွားဆုံး လက်ရှိချန်ပီယံ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ လက်ရှိမှာ နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီးတော့ နည်းပြ ထိုင်ခုံလည်း လှုပ်နေခဲ့ပါပြီ။

အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင် လစ်ဗာပူးလ်က နော့တင်ဟမ်ဖောရက်စ်ကို အန်ဖီးလ်မှာ ၀-၃ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အရင်က အန်ဖီးလ်မှာ ဘယ်အသင်းမှ ဟီးဟီးဟားဟား လာလုပ်လို့ မရကြောင်း ကြွေးကြော်ခဲ့တဲ့ လစ်ဗာပူးလ်က အခုဆိုရင် သူတို့ထက် ပိုပြီး ယိမ်းယိုင်နေတဲ့ ဖောရက်စ်လို အသင်းရဲ့ ဂိုးပြတ် အနိုင်ယူခြင်းကိုပါ ခံခဲ့ရပြီး စိတ်ပျက်စရာ စံချိန်မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မှတ်တမ်းတွေအရ ဆိုရင် လစ်ဗာပူးလ်ဟာ နည်းပြဟောင်း ဘီလ်ရှန်ကလေ လက်ထက် ၁၉၆၅ ဧပြီလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အမှတ်ပေး ပွဲစဉ် ၂ ပွဲဆက်တိုက် ၃ ဂိုးနဲ့ အထက် ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲ ရှုံးခဲ့ပြီး ဒါဟာ ကလပ် အသင်း သမိုင်းမှာ အဆိုးရွားဆုံး စံချိန်မှတ်တမ်းဆိုးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒီရာသီမှ လစ်ဗာပူးလ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ အလက်ဇန္တား အိဆက်ခ် ကလည်း ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ကလပ် အသင်းသစ် အတွက် ပွဲထွက် ကစားခွင့်ရတဲ့ ၄ ပွဲမှာ ပွဲတိုင်း ရှုံးခဲ့တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက်ကြေး အကြီးဆုံး ကစားသမား ဖလော်ရီယန် ဝစ်ဇ် ကလည်း အခုချိန်ထိ အင်္ဂလန်မှာ ဂိုးသွင်းနိုင်ခြင်း မရှိသေးပဲ ရုန်းကန်နေရပါတယ်။

လစ်ဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲ ရှုံးခဲ့ပြီး ဒါဟာ ကလပ် အသင်း သမိုင်းမှာ အဆိုးရွားဆုံး စံချိန်မှတ်တမ်းဆိုးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ဂိုးပြတ် ရှုံးပွဲတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ လစ်ဗာပူးလ်

တကယ်တော့ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်က အတက်အကျ ကြမ်းတယ်လို့ သတ်မှတ်လို့ ရပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ဆလော့တ်ဟာ တစ်ရာသီကောင်း နည်းပြ၊ ကလော့ပ်ရဲ့ အရှိန်ကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာပါ ဆိုတဲ့ ဝေဖန်သံတွေလည်း ကျယ်လောင်နေခဲ့ပါတယ်။ မိုဟာမက် ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့လို ကစားသမားတွေရဲ့ အကျပိုင်း ရောက်ရှိလာချိန်၊ အသစ် ခေါ်ယူ အားဖြည့်ထားတဲ့ ကစားသမားတွေရဲ့ အသင်းနဲ့ အသားမကျသေးမှုတွေက သူတို့ကို ရုန်းကန်နေရစေတာ ဖြစ်သလို နည်းပြ အာနေး ဆလော့တ်ရဲ့ နည်းဗျူဟာပိုင်းနဲ့ အရည်အသွေး ကလည်း မေးခွန်းထုတ်စရာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဆလော့တ် အနေနဲ့ လစ်ဗာပူးလ် နည်းပြ ဘဝ ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီး ၆ လနီးပါး အကြာမှာပဲ အာနေး ဆလော့တ်ရဲ့ အနာဂတ်က မတည်မငြိမ် ဖြစ်နေခဲ့တာပါ။ လောလောဆယ် မှာတော့ လစ်ဗာပူးလ်က အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၁ မှတ် အကွာ၊ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာကြောင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကလည်း မသေချာတော့ပါဘူး။

ဘွတ်ကီတွေ ကတော့ အာနေး ဆလော့တ်သာ ရာထူး ကနေ‌ ထုတ်ပယ်ခံရရင် လစ်ဗာပူးလ် နည်းပြသစ် ဖြစ်လာနိုင်ခြေ ရှိတဲ့သူတွေကို ခန့်မှန်းနေကြပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ နာမည်ကျော် နည်းပြဟောင်း ယာဂန် ကလော့ပ်က ထိပ်ဆုံး ကနေ ရေပန်းစားနေပါတယ်။ ကလော့ပ်ဟာ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ ချန်ပီယံလိဂ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ရယူပေးခဲ့တဲ့ ဂန္တဝင် နည်းပြ တစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ ဂျာမန်သားက Red Bull group ရဲ့ ဘောလုံးစီမံကိန်း အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။ မကြာသေးခင်က ကလော့ပ် ပြောကြားခဲ့တဲ့ စကားအရ ဂျာမန်လူမျိုး နည်းပြဟာ လစ်ဗာပူးလ် အတွက် အန်ဖီးလ်ကို ပြန်လာဖွယ် ရှိနေပါတယ်။

ဘွတ်ကီတွေရဲ့ အလေးပေးမှု အရ ယာဂန် ကလော့ပ် ပြီးရင်တော့ ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာ၊ ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ၊ ဇနက်ဒင် ဇီဒန်း၊ မော်ရူစီယို ပိုချက်တီနို၊ စတီဗင် ဂျရတ်နဲ့ ဆက်စ် ဖာဘရီဂတ်စ်တို့ ကလည်း လစ်ဗာပူးလ် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်