နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗယ်ဗာဒီကို ယူရို သန်း ၁၂၀ နဲ့ ကမ်းလှမ်းမယ့် ယူနိုက်တက်၊ အိုလီဆေး အပေါ် စိတ်ဝင်စားမှု မလျော့ကျသေးတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေမှုတွေ ရှိနေနေတဲ့ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို မန်ချက်စတာယူနိုက်တက် လာမယ့် ဇန်နဝါရီလ ယူရို ၁၂၀ သန်း (ပေါင် ၁၀၅.၅ သန်း၊ ဒေါ်လာ ၁၃၈.၁ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း El Nacional က ဖော်ပြပါတယ်။ ဥရုဂွေးသား ကတော့ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ပီအက်စ်ဂျီက ဒီဇိုင်းရား ဒူရေးကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၈၀ သန်း (ပေါင် ၁၅၈.၂ သန်း၊ ဒေါ်လာ ၂၀၇.၂ သန်း) နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

ဇန်နဝါရီလ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ အော့ဇေးရဲ့ ပါရမီရှင် လူငယ်ကစားသမားလေး အဲလ်ရက်စ် ဆိုင်ဒီ အတွက် အာဆင်နယ်ရဲ့ ပထမဦးဆုံး ကမ်းလှမ်းမှုက ငြင်းပယ်ခံခဲ့ရကြောင်း AfricaFoot က ဖော်ပြပါတယ်။

နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် လစ်ဗာပူးလ် တာဝန်ရှိသူတွေဟာ မပျော်မရွှင် ဖြစ်နေပြီး အာနေး ဆလော့တ်ရဲ့ ဦးဆောင်မှုကို သံသယရှိလာကြောင်း သိရပါတယ်။ နည်းပြ ရာထူးနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို အကယ်၍ ရလဒ်ဆိုးတွေ ဆက်တိုက် ဆိုးရွားနေမယ် ဆိုရင်တော့ နယ်သာလန် လူမျိုး နည်းပြရဲ့ ရာထူးက အာမခံချက် မရှိတော့ကြောင်း သတင်းတွေ ထွက်နေပါတယ်။

မာဆေးလ်ရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး ရော်ဘင်နီယို ဗက်ဇ်ဟာ ချဲလ်ဆီးရဲ့ ပစ်မှတ် တစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ် ကလည်း ဒီကစားသမားကို မျက်စိကျနေကြောင်း AfricaFoot က ဖော်ပြပါတယ်။

ဘေယန်မြူးနစ်ရဲ့ တိုက်စစ် ကစားသမား မိုက်ကယ် အိုလီဆေး အပေါ် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ စိတ်ဝင်စားမှုက လျော့ကျသွားခြင်း မရှိကြောင်း သိရပါတယ်။
ဘေယန်မြူးနစ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လစ်ဗာပူးလ်

ဘေယန်မြူးနစ်ရဲ့ တိုက်စစ် ကစားသမား မိုက်ကယ် အိုလီဆေး အပေါ် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ စိတ်ဝင်စားမှုက လျော့ကျသွားခြင်း မရှိကြောင်း သိရပါတယ်။ ကြိုးကြာနီတွေဟာ ခရစ္စတယ်ပဲလေ့စ်ရဲ့ တိုက်စစ်မှူးဟောင်း အတွက် ယူရို ၂၀၀ သန်း (ပေါင် ၁၇၅.၈ သန်း၊ ဒေါ်လာ ၂၃၀.၂ သန်း) သုံးစွဲဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီ မိန်းနူး ကတော့ လာမယ့် ဇန်နဝါရီမှာ နာပိုလီထံ အငှားနဲ့ သွားရောက် ကစားဖို့ များနေပါတယ်။ မိန်းနူး အပေါ် ရူဘင် အမော်ရင်ရဲ့ သဘောထားတွေ ပျော့ပျောင်းလာတာကြောင့် အင်္ဂလန်သားဟာ အငှားထွက်ကစားဖို့ အခြေအနေကောင်းလာခဲ့တာ ဖြစ်တယ်။ အန်တိုနီယို ကွန်တီ ကလည်း အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ရွေးချယ်စရာတွေ နည်းပါးနေတာကို ထောက်ပြထားပြီး မိန်းနူးကို အရ ခေါ်ယူလိုနေကြောင်း သိရပါတယ်။ 

ပရိသတ်တွေရဲ့ သဘောမကျမှုတွေ တိုးလာနေပေမယ့်လည်း တော့တင်ဟမ်ဟော့စပါး ကတော့ နည်းပြ သောမက်စ် ဖရန့်ခ်ကို ရာထူး ကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိကြောင်း Football Insider က ဖော်ပြပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ ကတော့ ၂၀၂၆ ခုနှစ်မှာ ပရီးမီးယားလိဂ် အသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ ပြောင်းရွှေ့သွားမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ကင်မရွန်း လက်ရွေးစင်ဟာ AFCON မှာ ပါဝင် ကစားရဖို့ ရှိနေတာကြောင့် လာမယ့် နွေရာသီ အထိ စောင့်ဆိုင်းရနိုင်ပြီး ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာတော့ ထိပ်ဆုံးက ပါဝင်နေပါတယ်။

စပို့တင်းလစ္စဘွန်းက ဂွန်ဆာလို အင်နာစီယိုဟာ မာ့ခ် ဂူဟီရဲ့ အစား အပြောင်းအရွှေ့ အနေနဲ့ လစ်ဗာပူးလ်ရဲ့ ဇန်နဝါရီလ ပစ်မှတ်တွေထဲမှာ ပါဝင်လိမ့်မယ်လို့ ယူဆရကြောင်း CaughtOffside က ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်