နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမော်ရင်ရဲ့ ယူနိုက်တက် နည်းပြဘဝ တစ်နှစ်ပြည့်မှာ အဲဗာတန်ကို အမှတ်လှူခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ နောက်ကျအဆုံး ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်က အဲဗာတန်ကို အိုးထရက်ဖို့ဒ်မှာ ၀-၁ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပွဲချိန် အများစုကို တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် အသာမရခဲ့တဲ့ အပြင် ရှုံးပွဲပါ ကြုံခဲ့ရတာကြောင့် အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်လှမ်းနိုင်မယ့် အခွင့်အရေးနဲ့လည်း လွဲချော်သွားခဲ့ပါတယ်။

ယူနိုက်တက်က ဒီနေ့ပွဲမှာ ဇစ်ခ်ဇီးကို အထောင် တိုက်စစ်မှူး အဖြစ် သုံးပြီး အာမက်ဒ်၊ အမ်ဘူမို တို့နဲ့ ဝန်းရံစေခဲ့ပါတယ်။ ကွင်းလယ်မှာ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ တောင်ပံတွေမှာ ဒေါကူ၊ မက်ဇ်ရာရီ တို့ကို ပွဲထွက်စေကာ ၃ ယောက်တန်း ခံစစ်မှာတော့ ယိုရို၊ ဒီလစ်ဂျ်နဲ့ ရှော တို့ ပါဝင်လာခဲ့ပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် ကလည်း တာကောစကီး၊ ကိန်း၊ မိုင်ကိုလန်ကို၊ ကိုးလ်မန်း၊ ဂူရီ၊ ဂါနာ၊ ဒူးစ်ဘာရီဟောလ်၊ ဂရီးလစ်ရှ် တို့လို အမာခံတွေနဲ့ ယူနိုက်တက်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်က အိမ်ကွင်းမှာ ကစားရပေမယ့် ပွဲစကတည်းက အဲဗာတန်ရဲ့ ဖိအားပေးမှု အောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ အဲဗာတန် ဘက်က အီဒရစ်ဆာ ဂူရီနဲ့ မိုက်ကယ် ကိန်းတို့ အသင်းချင်း အချင်းများခဲ့ပြီး ဂူရီ လက်ပါခဲ့လို့ အနီကတ် ပြသကာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၁၀ ယောက် ၁၁ ယောက် ဖြစ်သွားခဲ့ပေမယ့်လည်း ယူနိုက်တက်က ပွဲကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သလို ၂၉ မိနစ် မှာတော့ ပြိုင်ဘက်ကို ဂိုးပေးခဲ့ရပါတယ်။ အဲဗာတန် အတွက် ဒီပွဲ အတွက် အဖိုးတန် အနိုင်ဂိုး ဖြစ်ခဲ့ပြီး ဒူးစ်ဘာရီဟောလ်က လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးကို ပြန်ကြည့်ရင် ယူနိုက်တက် နောက်တန်းရဲ့ လူကပ် ကစားပုံ အားနည်းချက်တွေ မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ ဒူးစ်ဘာရီဟောလ်က ပယ်နယ်တီ ဧရိယာထိပ်နား ကနေ အပြင်း ကန်သွင်းခဲ့ပြီး ဒီဂိုးဟာ သူ့အတွက် ပရီးမီးယားလိဂ်မှာ ညာခြေနဲ့ သွင်းခဲ့တဲ့ ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။

 တစ်ခု ရှိတာက အဲဗာတန်ဟာ တစ်ယောက်လျော့သွားပြီးမှ ကစားပုံ ပိုကောင်းလာပြီး ယူနိုက်တက် လူငယ်ကစားသမားဟောင်း ဂါနာဟာ ကွင်းလယ်မှာ ၂ ယောက်စာ ရုန်းခဲ့သလို အထောင် တိုက်စစ်မှူး ဘယ်ရီ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဒူးစ်ဘာရီဟောလ်၊ အန်ဒီယာရီ တို့က တိုးအား၊ ရုန်းအားကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ၀-၁ နဲ့ပဲ ပွဲပြီးခဲ့ပြီး အဲဗာတန် အတွက်လည်း ဆယ်စုနှစ်တစ်ခုကျော် အကြာမှာ ယူနိုက်တက်ကို အိုးလ်ထရက်ဖိုဒ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ အနိုင် ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဇယား ထိပ်ပိုင်းကို တက်လှမ်းခွင့်နဲ့ လွဲချော်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်ရဲ့ ရှုံးပွဲ အတွက် အဓိက တာဝန်ရှိခဲ့တာ ကတော့ အမော်ရင်ရဲ့ နည်းစနစ်ပိုင်းလို့ပဲ ဆိုရမှာပါ။ အခုပွဲမှာ ဇစ်ခ်ဇီး အနေနဲ့ ဆက်စ်ကိုထက် ပိုမို ထိရောက်စွာ ကစားနိုင်ခဲ့ပေမယ့် အမော်ရင် အနေနဲ့ အာမက်ဒ် ဒီယာလိုနဲ့ အမ်ဘူမိုကို တစ်ဖက်စီ ခွဲထုတ် ကစားစေခဲ့တာက အကြီးမားဆုံး မှားယွင်းမှုလို့ပဲ ဆိုရမှာပါ။ အရင်ပွဲတွေမှာ အာမက်ဒ်နဲ့ အမ်ဘူမို တို့ရဲ့ ညာခြမ်း တိုက်စစ် အတွဲအဖက်က တော်တော်လေး အလုပ်ဖြစ်ခဲ့ပေမယ့် အခုလို ခွဲထုတ်လိုက်မှုက အသင်းရဲ့ တိုက်စစ် ကစားပုံကို ထက်ဝက် အားနည်းသွားစေခဲ့တယ်လို့ပဲ ဆိုရပါမယ်။

နောက်ထပ် အားနည်းချက်က ယူနိုက်တက် ကွင်းလယ်မှာ ကက်စ်မဲရိုး ကောင်းကောင်း မကစားနိုင်ရင် ဘရူနို ဖာနန်ဒက်စ်လည်း ကြောင်ပျောက်သွားတတ်တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အမော်ရင် အနေနဲ့ မေဆန် မောင့်ကို ထည့်ပြီး အာမက်ဒ်ကို ညာခြမ်း ပြန်ပို့ချိန်မှာ ယူနိုက်တက် တိုက်စစ်အား ပြန်ကောင်းလာပြီး ချေပဂိုးရမဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပစ်ခ်ဖို့ဒ်ရဲ့ Miracle saves တွေက ယူနိုက်တကေရဲ့ ဂိုးကန်သွင်းခွင့် ၅ ကြိမ်လောက်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၀-၁ နဲ့ပဲ ပွဲပြီးခဲ့ပြီး အဲဗာတန် အတွက်လည်း ဆယ်စုနှစ်တစ်ခုကျော် အကြာမှာ ယူနိုက်တက်ကို အိုးလ်ထရက်ဖိုဒ်မှာ ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ အနိုင် ရရှိခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဒေးဗစ် မွိုက်စ် အနေနဲ့လည်း အိုးလ်ထရက်ဖိုဒ်မှာ သူ့ရဲ့ အသင်းဟောင်းကို ပထမဦးဆုံး နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမော်ရင် အတွက် ကတော့ ယူနိုက်တက် နည်းပြ ဘဝ တစ်နှစ်ပြည့် Anniversary မှာ ရှုူံးပွဲနဲ့ ရင်ဆိုင်လိုက်ရပြီး အသင်း ကလည်း အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၄ ပွဲ အထိ ရှိလာခဲ့ပြီး အမော်ရင် အတွက် ကတော့ သူ့ရဲ့ ယူနိုက်တက် နည်းပြ ဘဝ ၂၁ ပွဲမြောက် အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။ ဒါဟာ သူကိုင်တွယ်ဖူးတဲ့ အသင်းတွေထဲ မှာတော့ အဆိုးရွားဆုံး မှတ်တမ်းတစ်ခုလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်