အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်တဲ့ ဒေါ့မန် တိုက်စစ်မှူး ဆာဟူး ဂူရက်ဆီဟာ လာမယ့် ၂၀၂၆ ခုနှစ် နွေရာသီမှာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ကျဆင်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ဂူရက်ဆီ ကတော့ ဒေါ့မန် အတွက် ၅၈ ပွဲ ကစားပြီး ၄၄ ဂိုး သွင်းယူကာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
လာမင်း ယာမယ် ကတော့ နည်းပြ ဟန်ဆီ ဖလစ်ခ်ရဲ့ လူသိရှင်ကြား ဝေဖန်မှုတွေကြောင့် စိတ်ပျက်နေပေမယ့်လည်း အပြောင်းအလဲ မရှိရင်တော့ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ငြင်းဆန်ထားသည်။ ယာမယ် ကိုတော့ ပီအက်စ်ဂျီက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေကာ ခေါ်ယူလိုနေပြီး ကစားသမား ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း Defensa Central က ဖော်ပြပါတယ်။
ခရစ္စတယ်ပဲလေ့စ် ဗဟို ခံစစ်ကစားသမား မာ့ခ် ဂူဟီ ကတော့ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ထိပ်တန်း ခံစစ် ပစ်မှတ် ဖြစ်နေပြီး လစ်ဗာပူးလ်က အီဘရာဟီမာ ကိုနာတေးထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။
စာချုပ်သစ်မချုပ်ဆိုပါက ရီးရဲလ်မက်ဒရစ် အနေနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို လာမယ့် နွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ ဆော်ဒီအာရေးဗျ ကလပ် အဲလ် အာလီ ကတော့ ဘရာဇီးလ်သားကို ပေါင် သန်း ၃၀၀ (ယူရို ၃၄၅.၂ သန်း) ပေးချေ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
ရီးရဲလ်ဘက်တစ်ဟာ လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း Fichajesက ဖော်ပြပါတယ်။

ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးဟာ အဇာဘိုင်ဂျန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ခြေချင်းဝတ် ဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။ အမ်ဘာပေးဟာ ၈၄ မိနစ်မှာ ဒီဒဏ်ရာကြောင့် သော်ဗင်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်က “သူဟာ ခြေချင်းဝတ်ရဲ့ အရင်နေရာမှာပဲ ထပ်ထိတာပါ။ အနားယူလိုက်တဲ့အချိန် မှာတော့ နာကျင်မှု သက်သာသွားပါတယ်။ ဘောလုံးပွဲတွေ မှာတော့ ဒါတွေက မလွဲမသွေ ထိတတ်ပါတယ်။ ဒဏ်ရာ အခြေအနေ ကိုတော့ နောက်ပိုင်းမှ ကျွန်တော်တို့ ကြည့်ရမှာပါ။ သူ အနည်းငယ်တော့နာနေတယ်။ ဒါက သူ့အတွက် မကောင်းပါဘူး။” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အမ်ဘာပေးဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် သွင်းဂိုး ၅၃ ဂိုး ရှိလာပြီး ဂိုးအများဆုံး သွင်းထားတဲ့ အိုလီဗီယာ ဂျရူး (၅၇ ဂိုး)ကို လိုပ်မီဖို့ ၄ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ နာမည်ကျော် ကစားသမားဟောင်း ပေါလ် စခိုးလ် ကတော့ လက်ရှိ နည်းပြ ရူဘင် အမော်ရင်ရဲ့ နေရာ အစားထိုးချင်တဲ့ နည်းပြ အဖြစ် နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ်ကို ရွေးချယ်လိုက်ပါတယ်။ ပေါ်တူဂီ လူမျိူး နည်းပြ အမော်ရင်ဟာ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေရဲ့ ထောက်ခံမှု ရရှိနေပေမယ့်လည်း ပရိသတ်တွေ ကတော့ စိတ်တိုင်းကျခြင်း မရှိတာကြောင့် ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ချေ ရှိတဲ့ နည်းပြ တစ်ဦး အဖြစ် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဒီအတွက် အာမော်ရင်ကို ထုတ်ပယ်ခဲ့ရင် ဘယ်သူ့ကို အစားထိုးခန့်အပ်သင့်သလဲ ဆိုတာ ပေါလ် စခိုးလ်ကို မေးမြန်းခဲ့ရာ မှာတော့ အက်ဒီ ဟောင်းဝ်လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ဟာ ဂျူဗင်တပ်စ်ရဲ့ တူရကီ တိုက်စစ် ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိနေသေးတဲ့ ယီလ်ဒစ်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ် အသင်း အတွက် ခြေစွမ်းပြနိုင်ခဲ့သလို၊ ဒီရာသီ မှာလည်း ပြိုင်ပွဲစုံ ၈ ပွဲ ကစားရာမှာ ၂ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီးထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီးတွေနဲ့ ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ယီလ်ဒစ်ဇ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမယ့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက ပေါင် ၇၈ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ယီလ်ဒစ်ဇ်ရဲ့ စျေးကွက် တန်ကြေးက ပေါင် ၆၉ သန်းနဲ့ ပေါင် ၇၈ သန်း အကြားမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.