နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမှားခံလို့ မရတဲ့ ဂျာမနီ၊ အကြိတ်အနယ် ကစားကြရဦးမယ့် ဝေးလ်စ်နဲ့ ဘယ်လ်ဂျီယံ | ကမ္ဘာ့ဖလား

လာမယ့် ကြာဿပတေးနေ့မှာ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲတွေထဲက စာရေးသူ စိတ်ကြိုက် ပွဲစဉ် ၃ ပွဲကို ထပ်မံ ရွေးချယ် သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။

 

မြောက် အိုင်ယာလန် – ဂျာမနီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု A မှာ ရမှတ် ၆ မှတ်စီ ရရှိထားတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။ မြောက် အိုင်ယာလန်က အုပ်စု ပွဲစဉ် ၃ ပွဲမှာ လူဇင်ဘက်နဲ့ စလိုဗက်ကီးယား အနိုင်ရထားပြီး ဂျာမနီကိုတော့ အဝေးကွင်းမှာ ရှုံးထားပါတယ်။ ဂျာမနီ ကတော့ စလိုဗက်ကီးယားကို ရှုံးပြီး မြောက်အိုင်ယာလန်နဲ့ လူဇင်ဘက် တို့ကို အနိုင်ရထားတာပါ။ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်က ပုံစံကောင်း ပြန်ရနေပါတယ်။ ဒါပေမယ့်လည်း မြောက်အိုင်ယာလန်က လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ပြီး ဘဲလ်ဖတ်စ်မှာ ပရိသတ် အင်အား အပြည့်နဲ့ ဂျာမနီကို ဧည့်ခံမှာ ဖြစ်ပါတယ်။ 

Head to Head အရတော့ မြောက် အိုင်ယာလန်က ဂျာမနီကို ၆ ကြိမ် တွေ့ဆုံရာမှာ ၆ ကြိမ်စလုံး အနိုင်မရခဲ့ပဲ ပထမအကျော့တုန်းကလည်း အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးထားပါတယ်။ ဒီပွဲ ကိုတော့ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး အုပ်စု ဇယားကို ဦးဆောင်ခွင့်ရဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော် ကတော့ ပုံစံကောင်း ပြန်ရနေတဲ့ ဂျာမနီကို ပိုသဘောကျပြီး SBOTOP 1×2 ကြေးဖွင့်မှု အရ 2 ကို ယူပြီး ကြေးတင် ကစားသင့်တယ် ထင်ပါတယ်။ ဟန်းဒီးကလပ် အရတော့ ဂျာမနီက တစ်လုံး အရှုံးလောက်ပေါက်နေပြီး ၂ ဂိုးပြတ် နိုင်ပါ့မလား ဆိုတာ သံသယရှိပါတယ်။

ခန့်မှန်းရလဒ် : မြောက် အိုင်ယာလန် ၁-၂ ဂျာမနီ

 

အိုက်စလန် – ပြင်သစ်

ပြင်သစ်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ ရည်ရွယ်ထားသလို အိုက်သလန် ကတော့ ခြေစစ်ပွဲ နောက်တစ်ဆင့် အတွက် အုပ်စု အဆင့် ၂ နေရာကို ယူကရိန်းနဲ့ အပြိုင်လုရဖို့ ရှိနေပါတယ်။ ပြင်သစ်က ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၃ ပွဲ စလုံး အနိုင်ရထားပြီး ရဂိုး ၇ ဂိုး၊ ပေးဂိုး ၁ ဂိုးနဲ့ ပုံစံကောင်းရနေပါတယ်။ ပြင်သစ်က နောက်ဆုံး ပွဲမှာ အဇာဘိုင်ဂျန်ကို ဂိုးပြတ် နိုင်ထားပြီး အိုက်စလန် ကတော့ ယူကရိန်းကို အပြန်အလှန် ဂိုးတွေ သွင်းရင်း အိမ်ကွင်းမှာ ၃-၅ ရလဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။ အိုက်စလန်တို့ နောက်ဆုံး ၃ ပွဲဆက် မရှုံးဖို့ ပိတ်ကစားလာမှာ ဖြစ်ပေမယ့် ပြင်သစ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကြောင့်တော့ အိမ်ကွင်းမှာ သရေ တစ်မှတ်ရဖို့တောင် ခက်ခဲဦးမှာပါ။ 

လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု J ရဲ့ အမှတ်ပေးဇယား အဆင့် ၂ နဲ့ ၃ နေရာမှာ ရှိနေပြီး အနည်းငယ် ရုန်းကန်နေကြရပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် မရှုံးထားတဲ့ ဘယ်လ်ဂျီယံ

ထိပ်တိုက်တွေ့ဆုံမှု အရလည်း အိုက်စလန်က ပြင်သစ်ကို အနိုင်မရဖူးသလို ပထမအကျော့ တွေ့ဆုံမှုမှာလည်း ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ SBOTOP ရဲ့ 1×2 မှာ ပြင်သစ် ဘက်က နေရင် ၁.၂၀ ဆ သာ ရရှိမှာ ဖြစ်ပြီး ဟန်းဒီးကပ်မှာလည်း ပြင်သစ်က ၂ လုံး သရေလောက်ပေါက်နေပါတယ်။ ဒီတော့ အပြည့်နိုင်ဖို့ အတွက် ပြင်သစ်တို့ ၃ ဂိုး ပြတ်ပါ့မလား ဆိုတာ စဉ်းစားစရာ ရှိပါတယ်။ 

ခန့်မှန်းရလဒ် : အိုက်စလန် ၁-၂ ပြင်သစ်

 

ဝေးလ်စ် – ဘယ်လ်ဂျီယံ

ဒီနှစ်သင်းက အဓိက ပြိုင်ပွဲကြီးတွေမှာ မကြာခဏ တွေ့ဆုံတတ်သလို တွေ့ဆုံချိန်တိုင်း အပြန်အလှန် ရှိတတ်တဲ့ အသင်းတွေ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု J ရဲ့ အမှတ်ပေးဇယား အဆင့် ၂ နဲ့ ၃ နေရာမှာ ရှိနေပြီး အနည်းငယ် ရုန်းကန်နေကြရပါတယ်။ မြောက်မက်ဆီဒိုးနီးယားက ရာနှုန်းပြည့် နိုင်ပွဲနဲ့ အုပ်စု ဇယားကို ဦးဆောင်နိုင်ခဲ့ချိန် ဝေးလ်စ်နဲ့ ဘယ်လ်ဂျီယံ အတွက် ဒီတွေ့ဆုံမှုက အရေးကြီးလာခဲ့ပါတယ်။ 

ပထမအကျော့ တွေ့ဆုံမှုမှာလည်း တော်တော်လေး အကြိတ်အနယ် ရှိခဲ့ကြပြီး ဘယ်လ်ဂျီယံက အိမ်ကွင်းမှာ ၄-၃ ရလဒ်နဲ့ ဝေးလ်စ်ကို အနိုင်ရခဲ့ပါတယ်။ SBOTOP မှာတော့ ဘယ်လ်ဂျီယံ အနိုင် အတွက် ၁.၇၀ နဲ့ ဝေးလ်စ် အနိုင် အတွက် ၄.၂၈ ပေးထားပါတယ်။ ဟန်းဒီးကပ် မှာတော့ ဘယ်လ်ဂျီယံက တစ်လုံး တစ်ဝက်စားကြေးလောက် ပေါက်နေလို့ စဉ်းစားစရာပါပဲ။ တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရတတ်တာကြောင့် ဒီပွဲ ကိုတော့ ဂိုးပေါ် ကြိုက်မိပါတယ်။

ခန့်မှန်းရလဒ် : ဝေးလ်စ် ၂-၂ ဘယ်လ်ဂျီယံ

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်