နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပို့တင်း ပြုလုပ်ခဲ့တဲ့ အရှုပ်အထုပ်ကို ပြန်လည် ဖွင့်ဟခဲ့တဲ့ ယိုကီးရက်စ်ရဲ့ အေးဂျင့် | ပရီးမီးယားလိဂ်

ဗစ်တာ ယိုကီးရက်စ် ကတော့ အာဆင်နယ်ထက် ပိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တဲ့ ကလပ် နှစ်ခုကို ငြင်းဆိုပြီး မြောက်လန်ဒန် ကလပ် ကိုသာ ရွေးချယ်ခဲ့ကြောင်း အေးဂျင့် ဖြစ်သူက ဖွင့်ဟလာခဲ့ပါတယ်။ စပို့တင်းဟာ ယိုကီးရက်စ်ကို ပြီးခဲ့တဲ့ နွေရာသီ အစောပိုင်းမှာ ပရီးမီယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ထံ ရောင်းချဖို့ သဘောတူညီထားခဲ့ကြောင်း အေးဂျင့် ဖြစ်သူက အခိုင်အမာ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ယိုကီးရက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။ ယိုကီးရက်စ်ရဲ့ ပြောင်းရွှေ့ကြေးက ကနဦး ယူရို ၆၃.၅ သန်း+အပိုဆုကြေး ယူရို ၁၀ သန်းလို့ သိရပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူဟာ အပြောင်းအရွှေ့ အထမြောက်ဖို့ သူ့ရဲ့ ကော်မရှင်ခကို လျှော့ယူခဲ့ကြောင်းလည်း သိရပါတယ်။ ယိုကီးရက်စ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကိုဗင်ထရီ ကနေ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပွဲပေါင်း ၁၀၂ ပွဲမှာ ၉၇ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်း ကိုလည်း အမှတ်ပေးဖလား ၂ ရာသီဆက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ 

စပို့တင်းလစ္စဘွန်း ကတော့ သူတို့ရဲ့ ကစားသမားကို အာဆင်နယ်ထံ အလွယ်တကူ ရောင်းထုတ်လိုခြင်း မရှိခဲ့ပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အလိုရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ယိုကီးရက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် စပို့တင်းလစ္စဘွန်းနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရပြီး ပေါ်တူဂီ ကလပ် ဘက်က တောင်းဆိုမှုတွေကို တတ်နိုင်သမျှ ညှိနှိုင်းပေးခဲ့ရပါတယ်။ ယိုကီးရက်စ်ရဲ့ အေးဂျင့် ဖြစ်သူရဲ့ ပြန်လည် ပြောကြားချက်အရ သူတို့ရဲ့ နောက်ကွယ်မှာ စပို့တင်းက တခြားသော ကလပ် နှစ်ခုရဲ့ မြင့်မားတဲ့ ကမ်းလှမ်းချက်တွေကို သဘောတူညီမှု ရယူထားခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း ယိုကီးရက်စ် ကတော့ သူ့ရဲ့ ဆရာဟောင်း ရှိရာ မန်ချက်စတာယူနိုက်တက်ထက် အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဗစ်တာယိုကီးရက်စ်က အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
ကလပ် နှစ်ခုရဲ့ မြင့်မားတဲ့ ကမ်းလှမ်းမှုကို ကျော်ပြီး အာဆင်နယ်ကိုသာ ရွေးချယ်ခဲ့တဲ့ ယိုကီးရက်စ်

ယိုကီးရက်စ်ရဲ့ အဓိက အေးဂျင့် ဟာဆန်ဆီတင်ကာယာရဲ့ လက်ထောက် ဂျိုနသန် ချဲလ်ကီယာစ်က Studio Allsvenskan နဲ့ အင်တာဗျူးမှာ “ဆော်ဒီအာရေးဗီးယားက လာတဲ့ မြင့်မားတဲ့ ကမ်းလှမ်းချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့က သူ့ (ယိုကီးရက်စ်) ရဲ့ အကျိုးစီးပွား အတွက် အကောင်းဆုံး လုပ်ဆောင်သင့်ခဲ့တယ်လေ။ ဟုတ်ပါတယ်။ အေးဂျင့်တွေ အနေနဲ့ ရာခိုင်နှုန်းယူမယ် ဆိုရင် ပိုက်ဆံတွေ အများကြီး ရမှာပါ။ ဗစ်တာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တုံ့ပြန်လာပါလိမ့်မယ်။ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ သူ့ကို ဖိအားမပေးခဲ့ပါဘူး။ တစ်နေ့ကျရင်တော့ ငွေတွေ ဝင်လာပြီး အာဆင်နယ်ဆီ ဒီပြောင်းရွှေ့မှုက ကျွန်တော် တို့ကို စျေးကွက် ချဲ့ထွင်မှု များစွာ ပေးစွမ်းနိုင်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် “စပို့တင်းက ကျွန်တော်တို့ နောက်ကွယ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့ပြီး ဒါက ပြဿနာ တစ်ခုပါပဲ။ ယူနိုက်တက်က ပိုမြင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။” လို့လည်း ဖွင့်ဟခဲ့ပါသေးတယ်။

ချဲလ်ကီးယာစ်က စပို့တင်းဟာ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်သလောက် ဥပဒေ အကြောင်းအရာတွေအရ ရှင်းလင်းအောင် မလုပ်ဆောင်ခဲ့သလို ဥက္ကဌ ဖရက်ဒရီကို ဗာရန်ဒက်စ် ကလည်း လေးစားမှု မရှိဘူးလို့လည်း ပြစ်တင် ပြောဆိုခဲ့ပါတယ်။ “(အရင် အားကစားဒါရိုက်တာ ဟူဂို) ဗီယာနာ သာ စပို့တင်းမှာ ရှိနေခဲ့မယ် ဆိုရင် သဘောတူညီမှုက တစ်နာရီ အတွင်း ပြီးသွားလိမ့်မယ်။ ဂိုးတွေ အများကြီး သွင်းပြီး ဆုဖလား ၃ လုံး ရရှိခဲ့တဲ့ ကစားသမား အပေါ် ဘယ်လို လေးစားမှုမျိုးနဲ့ ထိုက်တန်သလဲ ဆိုတာ နားမလည်ပါဘူး။ အသိုင်းအဝိုင်း ဆိုတာ လူတွေ အပေါ် ယုံကြည်မှု ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အနစ်နာခံမှုတွေက သဘောတူညီချက်ကို ပြီးမြောက်ဖို့ အချိုးအကွေ့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက် တို့နဲ့ သတင်းတွေ ထွက်စေခဲ့ပေမယ့် နောက်ဆုံး မှာတော့ အာဆင်နယ်ဆီ ကိုပဲ ရောင်းထုတ်ခဲ့ရပါတယ်။” လို့ ချဲလ်ကီယာစ်က ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဗစ်တာယိုကီးရက်စ်က အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။ ဆွီဒင်သား အနေနဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရုန်းကန်နေရသလို အာဆင်နယ်ရဲ့ နည်းစနစ်ပိုင်းနဲ့လည်း အသားကျဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်