ဘေယန်မြူးနစ် – ဝါဒါဘရီမင်
အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ မှာတော့ ဘေယန်မြူးနစ်က ဝါဒါဘရီမင်ကို အလိုင်းရန့်ဇ် အရီနာမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဝါဒါဘရီမင်နဲ့ တွေ့ဆုံချိန်တိုင်းမှာ နိုင်ပွဲ ရဖို့ မခက်ခဲတဲ့ ဘေယန်မြူးနစ်တို့ နောက်ထပ် ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ရှာတွေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်က ဒီရာသီမှာ ကစားထားတဲ့ ပွဲအားလုံး အနိုင်ရထားပြီး ဘွန်ဒက်စ်လီဂါ မှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ပွဲစဉ် ၄ အပြီးမှာ ရဂိုး ၁၈ ဂိုး ရှိထားပြီး ပေးဂိုး ကလည်း ၃ ဂိုးသာ ရှိကာ အကောင်းဆုံး ပုံစံရနေပါတယ်။ ဟယ်ရီကိန်း အပြင် အသစ် ခေါ်ယူထားတဲ့ လူးဝစ္စ ဒီးယက်ဇ် သွင်းဂိုးရော၊ ဖန်တီးမှုပါ ကောင်းနေလို့ ဘေယန်ရဲ့ အခြေအနေက လက်ရှိမှာ Perfect ပါပဲ။ ဒီပွဲပြီးရင် ဘေယန်မြူးနစ်က ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်ပေမယ့် ပါဖို့စ်လို အသင်းငယ်လေးနဲ့ တွေ့ဆုံနေလို့ အေးဆေးပါပဲ။
တစ်ဖက်မှာ ဝါဒါဘရီမင် ကတော့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ပွဲစဉ် ၄ ပြီးတဲ့ အချိန်ထိ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။ ခြေပျက်နေတဲ့ မိုချန်ဂလာဘတ်ကို အဝေးကွင်းမှာ ၀-၄ နဲ့ အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ ဖရိုင်းဘက်ကို အိမ်ကွင်းမှာ ၀-၃ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ နောက်ပြီး ဝါဒါက ဒီရာသီမှာ ရဂိုးထက် ပေးဂိုး ကတောင် ပိုများနေတာ တွေ့ရပြီး ဘေယန်မြူးနစ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် တောင်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဂိုးပြတ် မရှုံးဖို့ပဲ ကြိုးစားရမှာပါ။
နှစ်ဖက်အသင်း သတင်းများ
ဝါဒါဘရီမင် ဘက်မှာတော့ မူဆာ့၊ အမ်ဘန်ဂူလာ၊ မာလက်တီနီ၊ ဝိုဘီ၊ စတက်ခ်၊ ဒီမန်း၊ ဝိုင်ဆာ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘေယန်မြူးနစ် – နော်အာ၊ အူပါမီကာနို၊ တာ့ရ်၊ လိုင်မာ၊ ဂွာရဲရိုး၊ ပက်ဗ်လိုဗစ်၊ ကင်မစ်ချ်၊ လူးဝစ္စ ဒီးယက်ဇ်၊ ဂနာဘရီ၊ အိုလစ်ဆီ၊ ကိန်း
ဝါဒါဘရီမင် – ဘက်ဟော့စ်၊ ဆူဂါဝါရာ၊ ဖရိုင်ဒဲလ်၊ ကူလီဘလီ၊ အက်ဂူ၊ စတေ့ဂျ်၊ လိုင်နန်၊ ရှမစ်ဒ်၊ ပူရာတက်စ်၊ အန်ဂျင်မာ့ရ်၊ ဂရူးလ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၃၃ ကြိမ်မှာ ဘေယန်မြူးနစ်က ၂၉ ကြိမ် အထိ အနိုင်ရကာ၊ ၁ ကြိမ် သရေ၊ ဝါဒါက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဝါဒါဘရီမင်ဟာ ဘေယန်မြူးနစ်ကို ၂၀၂၄ ခုနှစ်က ဘွန်ဒက်စ်လီဂါမှာ နောက်ဆုံး အသာရခဲ့တာ ဖြစ်ပြီး တွေ့ဆုံမှု တော်တော်များများမှာ ဂိုးပြတ် အရှုံးပေးခဲ့ရတာ တွေ့ရပါတယ်။ အလိုင်းရန့်ဇ် အရီနာမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ဘေယန်မြူးနစ်က ဝါဒါဘရီမင်ကို ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘေယန်မြူးနစ် နိုင်ရင် ၁.၀၈ ဆသာ ရမှာ ဖြစ်ပြီး ဝါဒါဘရီမင် နိုင်ရင် ၁၄.၅၀ ဆ နီးပါးနဲ့ သရေ ဆိုရင်တော့ ၉.၄၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘေယန်မြူးနစ် ဘက်က ကြေးခပ်ပြင်းပြင်း ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း မြင့်မားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း၊ စုဖွဲ့မှုနဲ့ အစဉ်အလာအရပါ ဒီကြေး ဖွင့်ထားတာ သိပ်တော့ မထူးဆန်းပါဘူး။ ဘေယန်မြူးနစ် အနိုင်သေချာတယ် ဆိုတာ ပြောစရာတောင် မလိုပါဘူး။ ဂိုးဘယ်လောက် အထိ ပြတ်မလဲ ဆိုတာပဲ ရင်ခုန်ရမှာပါ။
ခန့်မှန်းရလဒ်
ဘေယန်မြူးနစ် ၅-၀ ဝါဒါဘရီမင်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.