နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နာပိုလီ အတွက် သက်ရောက်မှု ရှိစေဖို့ အဆင်သင့် ဖြစ်နေတဲ့ ဒီဘရွန်းနား | စီးရီးအေ

မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်လူဟောင်း ကီဗင် ဒီဘရွန်းနား ကတော့ စီးရီးအေ ကလပ် နာပိုလီမှာ ကစားသမား ဘဝ အသစ် စတင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောကြားလာခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင် ကတော့ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲ က တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

ဒီဘရွန်းနားဟာ မန်စီးတီးမှာ ဆယ်စုနှစ် တစ်ခုအကြာ ကစားခဲ့ပြီးနောက် ဒီနွေရာသီ အပြောင်းအရွှေ့မှာ နာပိုလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီဘရွန်းနားက နာပိုလီနဲ့ ရာသီကြို ခြေစမ်းပွဲတွေ မစတင်ခင်မှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော် ပရီးမီးယားလိဂ်မှာ အချိန် အကြာကြီး ကစားခဲ့ပြီးပါပြီ။ ဒါကြောင့် အင်္ဂလန် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် လုပ်နိုင်တာတွေ အကုန် လုပ်ခဲ့ပြီးပါပြီ။ တစ်သက်လုံး မန်စီးတီး ကစားသမား တစ်ယောက် အဖြစ် ရှိနေမှာပါ။ ဒီလို အဆုံးသတ်ခဲ့ရတဲ့ အတွက် စိန်ခေါ်မှု အသစ် တစ်ခု ရှာဖွေဖို့ အချိန်တန်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် အရှေ့မှာ ဒီပရောဂျက် တစ်ခုလုံးကို ချပြလာတဲ့ အခါ အီတလီမှာ ကစားခွင့်ရပြီး မြင့်မားတဲ့ အဆင့် တစ်ခုမှာ ဆက်လက် ကစားနိုင်ဦးမယ် ဆိုတဲ့ အချက်က ကျွန်တော့် အတွက် စိတ်လှုပ်ရှားစရာပါပဲ။” လို့ ဒီဘရွန်းနားက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာပိုလီ ကတော့ ဒီနွေရာသီမှာ ဒီဘရွန်းနား၊ မာရီယန်နူချီ၊ နိုအာ လန်းဂ်၊ လော်ရန်ဇို လူကာ တိ့ကို ခေါ်ယူ အားဖြည့်ထားတယ်။
နာပိုလီ အတွက် ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားတဲ့ ဒီဘရွန်းနား

အဲဒီနောက် နာပိုလီနဲ့ ပတ်သတ်လို့ ဘယ်လ်ဂျီယံသားက သူ့ရဲ့ အမြင် ကိုလည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ “နာပိုလီက ချန်ပီယံ ဖြစ်ပြီးသား အသင်း တစ်သင်းပါ။ ဒါပေမယ့် သူတိုရဲ့ ကစားသမား စာရင်းကို ဆက်တိုက် တိုးတက်အောင် လုပ်နေတုန်းပါပဲ။ ကျွန်တော်က အသင်းကို ပိုပြီး အောင်မြင်အောင် ကူညီပေးနိုင်မယ်လို မျှော်လင့်ပါတယ်။ ပြီးတော့ သူတို့ ဆီကနေ ကစားပုံ အသစ်၊ ပြိုင်ပွဲ အသစ်တွေ အကြောင်း လေ့လာ သင်ယူသွားမှာပါ။ ရိုမယ်လူက ဒီအပြောင်းအရွှေ့ အတွက် ပျော်နေခဲ့တယ်။ ကျွန်တော်တို့ လက်ရွေးစင် အသင်းမှာ ဆုံတုန်းက စကားပြောဖြစ်ကြတယ်။ သူက ကျွန်တော့်ကို့ ဒီအသင်းဆီ လာစေချင်ခဲ့တာပါ။ ကျွန်တော်နဲ့ ရိုမယ်လူက အသက် ၁၃ နှစ် အရွယ် ကတည်းက သိခဲ့ကြတာ ဆိုတော့ အရမ်း ကိုလည်း ရင်းနှီးကြပါတယ်။ ချဲလ်ဆီးမှာ ကစားတုန်းက ဆိုရင် နှစ်လ သုံးလလောက် အတူတူနေခဲ့ကြတာပါ။” လို့ ဆိုပါတယ်။

ဒီဘရွန်းနား ကတော့ ပြီးခဲ့တဲ့ လက အသက် ၃၄ နှစ် ပြည့်ခဲ့ပေမယ့် သူ့ အနေနဲ့ အီတလီမှာ လေ့လာစရာတွေ အများကြီး ရှိနေသေးတယ်လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဘယ်လ်ဂျီယံ အသင်းဖော် ဖြစ်သလို ဘာသာစကားမျိုးစုံကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့ ရိုမယ်လူ လူကာကူ ရှိနေတာကြောင့် နာပိုလီမှာ အလျင်အမြန် အသားကျဖို့ အတွက် ခက်ခဲနိုင်မှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

“သူ့ကို သိနေတာက ကျွန်တော့် အတွက် နည်းနည်း ပိုပြီး လွယ်ကူစေပါတယ်။ ဘာလို့လဲ ဆိုတော့ သူက ကျွန်တော့် အတွက် ဘာသာပြန်ပေးနိုင်တယ်။ ပြီးတော့ သူက နည်းပြ ကိုလည်း သိတယ်။ အသင်း ကိုလည်း သိတယ် ဆိုတော့ အထောက်အကူ ဖြစ်ပါတယ်။” လို့ ဒီဘရွန်းနာက ဆိုပါတယ်။ နာပိုလီ ကတော့ ၂၀၂၅/၂၀၂၆ စီးရီးအေ ရာသီသစ်ကို လာမယ့် ဩဂုတ်လ ၁၃ ရက်နေ့မှာ ဆာဆူအိုလိုနဲ့ အဝေးကွင်း ပွဲစဉ် အဖြစ် စတင် ဖွင့်လှစ်ရမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာပိုလီ ကတော့ ဒီနွေရာသီမှာ ဒီဘရွန်းနား၊ မာရီယန်နူချီ၊ နိုအာ လန်းဂ်၊ လော်ရန်ဇို လူကာ တိ့ကို ခေါ်ယူ အားဖြည့်ထားတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်