နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်တိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လစ်ဗာပူးလ်၊ ဆွန်ဟောင်မင်ကို ခေါ်ယူပေးဖို့ ဖီနာဘာချီကို တောင်းဆိုထားတဲ့ မော်ရင်ညို | ပရီးမီးယားလိဂ်

ဇွန်လ ၁၆ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာနေး ဆလော့တ် ကတော့ ဘော့ဘ် ပေစလေ နောက်ပိုင်း လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံဆုကို နှစ်နှစ် ဆက်တိုက် ရယူပေးနိုင်ဖို့ ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး အသုံးစရိတ် ကလည်း အတိုင်းအဆ မရှိကြောင်း သိရပါတယ်။ လက်ရှိမှာလည်း လစ်ဗာပူးလ်က နယူးကာဆယ်က အန်တိုနီ ဂေါ်ဒွန်ကို ပစ်မှတ်ထားနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ မကြာသေးခင် ကလည်း လေဗာပူဆင် ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ်နဲ့ သဘောတူညီမှု ရရှိထားကြောင်း သတင်းတွေ ထွက်နေပြီး ယခု ဂေါ်ဒွန် အတွက် ဆိုရင်တော့ အနည်းဆုံး ပေါင် သန်း ၁၀၀ သုံးစွဲရဖို့ ရှိနေပါတယ်။

Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က အတ္တလန္တာ တိုက်စစ် ကစားသမား အဒမ်မိုလာ လွတ်ခ်မန်းကို စိတ်ဝင်စားလာမှုကြောင့် နာပိုလီ အနေနဲ့ စိုးရိမ်လာရကြောင်း သိရပါတယ်။ တစ်ဆက်တည်းမှာပဲ ဂန်းနားတွေဟာ ကွင်းလယ်လူ သောမက်စ် ပါတေးရဲ့ နေရာမှာ အစားထိုးဖို့ ဆီဗီလာက လူစီယန် အဂူမီကို စိတ်ဝင်စားနေပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရတော့ ဒီကွင်းလယ်လူ ကိုတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အူစမန်နီ ဒမ်ဘီလီ ကိုတော့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ပီအက်စ်ဂျီက ၂၀၃၀ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေသလို လက်ရှိ လစာရဲ့ နှစ်ဆကျော် တိုးမြှင့်ပေးဖို့ ရှိနေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ လာဇီယို နောက်ခံလူ မာရီယို ဂီလာ အတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၈ သန်း)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း Il Messaggero က ဖော်ပြခဲ့ပါတယ်။

မန်စီးတီးဟာ ဂျက် ဂရီးလစ်ရှ်နဲ့ ပတ်သတ်ပြီး အမြဲတမ်း အပြောင်းအရွှေ့ အတွက် ကမ်းလှမ်းမှု တစ်ခုမှ မရရှိသေးကြောင်း The Guardian က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ သူတို့ရဲ့ တိုက်စစ်မှူးကို အငှားထွက် ကစားစေဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ လာဇီယို နောက်ခံလူ မာရီယို ဂီလာ အတွက် ယူရို ၃၅ သန်း (ပေါင် ၂၉.၈ သန်း)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း Il Messaggero က ဖော်ပြခဲ့ပါတယ်။
ဆွန်ဟောင်မင်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားတဲ့ မော်ရင်ဟို

ဖီနာဘာချီ နည်းပြ ဟိုဆေး မော်ရင်ညို ကတော့ တော့တင်ဟမ်ဟော့စပါးက သူ့ရဲ့ တပည့်ဟောင်း ဆွန်ဟောင်မင်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ စပါး အသင်းခေါင်းဆောင် ကတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေပြီးတော့ မြောက်လန်ဒန် ကလပ် ဘက်ကတော့ ယူရို သန်း ၃၀ (ပေါင် ၂၅.၅ သန်း) ရရှိရင် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘုန်းမောက် ကြယ်ပွင့် ဂျက်စတင် ကလွိုင်ဗက်ကို အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လေဗာကူဆင်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။

တစ်ဖက် မှာတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ဟာ ယူနိုက်တက်ကို ငြင်းဆိုထားကြောင်း သတင်းတွေ ထွက်နေပေမယ့် ဘန် ဂျက်ကော့ဘ် ကတော့ ဆွီဒင်သားဟာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ အတွက် လမ်းဖွင့်ထားဆဲ ဖြစ်ပြီး တရားဝင် ပယ်ချခြင်း မရှိသေးကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။

အေစီမီလန် တောင်ပံကစားသမား ရာဖေးလ် လီယောင် ကိုတော့ ဘေယန်မြူးနစ်က စိတ်ဝင်စားမှုကို ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီသားကို လစ်ဗာပူးလ်က စိတ်ဝင်စားနေတဲ့ အသင်း အဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့ကြောင်း ခရစ္စရှန် ဖော့ခ်က ဖော်ပြခဲ့သည်။ ဒီရက်ပိုင်း အတွင်း နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် အာဆင်နယ် ကလည်း ရာဖေးလ် လီယောင်ကို ပြောင်းလဲ စိတ်ဝင်စားလာပြီလို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ အာဆင်နယ်က ဒေါ့မန် တောင်ပံကစားသမား ဂျေမီ ဂစ်တန်စ်ကို ယူရို သန်း ၅၀ (ပေါင် ၄၂.၅ သန်း)နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ အင်္ဂလန်သား ကတော့ ချဲလ်ဆီးရဲ့ အဓိက ပစ်မှတ်လည်း ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးဟာ တောင်ပံကစားသမား ရာဟင်းမ် စတာလင်ကို ရောင်းချခြင်းအားဖြင့် ဒီနွေရာသီမှာ လူစာရင်းကို နေရာလွတ်တွေ ရှိလာစေဖို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်ရဲ့ အငှားကစားသမားဟောင်းဟာ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ဘက်ဆစ်တပ်စ်ဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကတော့ ဂါလာတာဆာရေးနဲ့ ချဲလ်ဆီး အတွက် အဓိက ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ အိုဆင်မ်ဟန်ကို လျှော့စျေးနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဩဂုတ်လ အထိ စောင့်ဆိုင်းရဖွယ် ရှိနေပြီး ဂါလာတာဆာရေး ကလည်း အိုဆင်မ်ဟန်ကို လက်လွှတ်ခဲ့ရမယ် ဆိုရင် ချဲလ်ဆီးက နီကိုလက်စ် ဂျက်ဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်