နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မက္ကဆီကို ကလပ်ကို အလွယ်တကူ အသာရဖို့ မဖြစ်နိုင်တဲ့ အင်တာမီလန် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

မွန်တာရေး – အင်တာမီလန်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု E ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် မွန်တာရေးနဲ့ အင်တာမီလန်တို့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ရှိတဲ့ Rose Bowl ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ပြန်လည် ယှဉ်ပြိုင်တဲ့ ဒီပွဲစဉ်မှာ အင်တာမီလန်တို့ မွန်တာရေးကို အလွယ်တကူ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မက္ကဆီကို ကလပ် မွန်တာရေး ကတော့ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်မှာ ချန်ပီယံ ၅ ကြိမ် ဖြစ်ထားတဲ့ အသင်းပါ။  မွန်တာရေး အနေနဲ့ ၂၀၂၁ ခုနှစ် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် စပိန် ခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကို အလွမ်းပြေ ပြန်လည် မြင်တွေ့ရဖို့ ရှိပြီး မွန်တာရေးတို့ အဖွင့်ပွဲမှာ တတ်နိုင်သမျှ ရလဒ်ကောင်း ရှာဖွေဖို့ ကြိုးစားပါလိမ့်မယ်။ မွန်တာရေးဟာ ဒီအုပ်စုမှာ အားအနည်းဆုံး အသင်း ဖြစ်ပေမယ့် မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။

အင်တာမီလန်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၂၀၁၀ တုန်းက ချန်ပီယံ တစ်ကြိမ် ဖြစ်ထားဖူးပါတယ်။
၂၀၁၀ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ထားတဲ့ အင်တာမီလန်

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ အင်တာမီလန် ကတော့ နောက်ဆုံး ၃ နှစ်မှာ ဒုတိယ နှစ်ကြိမ် ရရှိခဲ့ဖူးတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရထားတာပါ။ အင်တာမီလန်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၂၀၁၀ တုန်းက ချန်ပီယံ တစ်ကြိမ် ဖြစ်ထားဖူးပါတယ်။ ဒီအုပ်စုမှာ အင်တာမီလန်က အတောင့်တင်းဆုံး အသင်း ဖြစ်ပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ ရေပန်းစားနေပါတယ်။ အင်တာမီလန်ဟာ ခံစစ်ကောင်းမွန်ပြီး တိုက်စစ် ကစားပုံလည်း ကောင်းမွန်တဲ့ အသင်းပါ။ အသင်းမှာ သက်ကြီး ကစားသမားတွေ များပြားနေတာကြောင့်သာ အင်တာမီလန်တို့ တချို့သော ပွဲစဉ်တွေမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အင်တာမီလန်ဟာ နည်းပြ ဆီမြွန်နီ အင်ဇာဂီနဲ့ လမ်းခွဲထားပြီး ခရစ္စတီယန် ချီဗူးကို အစားထိုး ခန့်အပ်ထားပါတယ်။ နည်းပြသစ်နဲ့ အတူ အင်တာမီလန်တို့ ဘာတွေ ပြောင်းလဲသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မွန်တာရေး ဘက်က ဆဲလ်စီဒို လွဲချော်မှာ ဖြစ်ပြီး အင်တာမီလန် ဘက်မှာတော့ ခံစစ် ကြယ်ပွင့် ဘစ်ဆက်ခ်လည်း တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ နည်းပြသစ် ချီဗူး အနေနဲ့ ဘယ်လို ကစားကွက်ကို သုံးပြီး ဘယ်ကစားသမားတွေကို ပွဲထုတ်လာမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မွန်တာရေး – အန်ဒရာဒါ၊ မက်ဒီနာ၊ ရိုဒရီဂွက်ဇ်၊ ရာမို့စ်၊ အာတီယာဂါ၊ အမ်ဘရစ်ဇ်၊ ချာဗက်ဇ်၊ တောရက်စ်၊ ကာနာလက်စ်၊ ကိုရိုနာ၊ ဘာတာရာမီ

အင်တာမီလန် – ဆွမ်မား၊ ပါဗက်ဒ်၊ အကာဘီ၊ ဘက်စတိုနီ၊ ဒမ်းဖရီးစ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ ဆူဆစ်၊ ဒီမာကို၊ သူရမ်၊ မာတီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အဓိက ပြိုင်ပွဲကြီး တစ်ခုမှာ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ မွန်တာရေးက ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး အင်တာမီလန် ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မွန်တာရေး နိုင်ရင် ၅.၂၀ ဆ၊ အင်တာမီလန် နိုင်ရင်တော့ ၁.၅၂ ဆ၊ သရေ ဆိုရင်တော့ ၃.၉၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အင်တာမီလန်က တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်ရှုံးကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကလည်း ဂိုးအောက် ဖြစ်နိုင်မယ့် ကြေးမျိုး ပေးထားတာပါ။ နည်းပြသစ် ချီဗူးနဲ့ အတူ အင်တာမီလန်တို့ အထိုင်ကျပါ့မလား ဆိုတာ စိုးရိမ်စရာ ရှိပါတယ်။ မွန်တာရေး ကလည်း မက္ကဆီကန် ကလပ် ဖြစ်နေတာကြောင့် အင်တာမီလန်တို့ ကစားရခက်နိုင်ပါတယ်။ အင်တာမီလန် ကိုပဲ ရွေးချယ်ထားတာက စိတ်ချရမှာ ဖြစ်ပေမယ့် အလွန်ဆုံး ၁-၀ လောက်နဲ့ပဲ ကပ်နိုင်သွားဖွယ် ရှိပါတယ်။

 

ခန့်မှန်းရလဒ်

မွန်တာရေး ၀-၁ အင်တာမီလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်