ဖလူမီးနန့်စ် – ဒေါ့မန်
ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု F ရဲ့ အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဘွန်ဒက်စ်လီဂါ ထိပ်သီး ဒေါ့မန်က ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတဲ့ ၁၀ သင်း စာရင်းမှာ ပါဝင်နေသလို ဖလူမီးနန့်စ် ကလည်း လျှော့တွက်လို့ မရတာကြောင့် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။
ဒေါ့မန် ကတော့ ၂၀၂၄ ချန်ပီယံလိဂ်ရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွင် ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်း ဘွန်ဒက်စ်လီဂါ အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေရဲ့ ချန်ပီယံဆုနဲ့ ဝေးကွာနေတဲ့ ဒေါ့မန်က ပြီးခဲ့တဲ့ ရာသီ ကလည်း အခြေအနေ သိပ်မဟန်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒေါ့မန်က ချန်ပီယံလိဂ် ဝင်ခွင့်တော့ အရယူနိုင်ခဲ့ပြီး နည်းပြ နီကို ကိုဗက် အနေနဲ့ ဒီအခြေအနေ ကနေ အသင်းကို ဆက်လက် တွန်းအားပေးနိုင်ဖို့ ဒီပြိုင်ပွဲမှာ ရလဒ်ကောင်း ရှာဖွေချင်နေပါတယ်။ ဒေါ့မန်ဟာ အုပ်စု F ရဲ့ အုပ်စုဗိုလ် အဖြစ် ရှုံးထွက်တက်ဖို့ ရေပန်းစားနေပြီး သူတို့ရဲ့ ပထမဦးဆုံး စမ်းသပ်မှု အဖြစ် ဖလူမီးနန့်စ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ပါဝင်ကစားခွင့် ရထားတာ ဖြစ်ပါတယ်။ ဒီအသင်းက ၂၀၂၃ ကိုပါလစ်ဘာတာဒိုရက်စ်မှာ အောင်ပွဲခံနိုင်ခဲ့ပြီးတော့ ဆော်ဒီ ကလပ် ကမ္ဘာ့ဖလားမှာ ဒုတိယရထားဖူးပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဆိုရင် ဖလူမီးနန့်စ် အနေနဲ့ ဥရောပ အင်အားကြီး ဒေါ့မန်ထက် အနည်းငယ် နိမ့်နေပေမယ့် ဘရာဇီးလ် စီးရီးအေဟာ မကြာသေးခင် ကမှ စတင်ထားတာ ဖြစ်လို့ ဒေါ့မန်လိုတော့ ပွဲဆက်ပြတ်နေမှာ မဟုတ်ပါဘူး။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဖလူမီးနန့်စ် ဘက်က ကာနော့ဘီယို၊ ဘာနဲလ်၊ ကီနို၊ အော့တာဗီယို၊ ဆိုတဲလ်ဒို တို့ လွဲချော်ကြမှာ ဖြစ်ပြီးတော့ ဒေါ့မန် ဘက်မှာတော့ ချန်၊ ရှလော့တ်တာဘက်ခ်၊ အော့ဇ်ကန်နဲ့ ကူလီဘလီတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သီယာဂို ဆေးလ်ဗား ဦးဆောင်လာမယ့် ဖလူမီးနန့်စ်က ဒေါ့မန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ရှိသလို ဒေါ့မန် ကလည်း ခံစစ်က အဓိက ကစားသမားတွေ မပါဝင်နိုင်ပေမယ့် လူစာရင်း ကတော့ ကျိန်းသေပေါက် တောင့်တင်းနေမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း

ဖလူမီးနန့်စ် – ဖေဘီယို၊ ဇေးဗီးယား၊ သီယာဂို ဆေးလ်ဗား၊ ဖရေးတက်စ်၊ ရီနီ၊ သီယာဂို ဆန်းတို့စ်၊ မာတင်နယ်လီ၊ နိုနာတို၊ အေးရီရာ့စ်၊ ဆာနာ၊ အဲလ်ဗာရယ်ဒို
ဒေါ့မန် – ကိုဘယ်၊ ဇူလာ၊ အန်တွန်၊ ဘန်ဆီဘိုင်နီ၊ ရွိုင်ယာဆန်၊ ဆဘစ်ဇာ၊ အန်မီချာ၊ ဆဗန်ဆန်၊ ဘရန့်တ်၊ အဒီယီမီ၊ ဂူရက်ဆီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်တာကြောင့် တစ်သင်းရဲ့ အားသာချက် အာနည်းချက်တွေကို စောင့်ကြည့် ကစားကြမယ့် သဘော ရှိပါတယ်။ ဖလူမီးနန့်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲဆက် ရှုံးပွဲ မရှိထားသလို ၄ ပွဲဆက်လည်း အနိုင်ရထားပါတယ်။ ဒေါ့မန် ကတော့ နောက်ဆုံး ၁၀ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီးတော့ ဒါကလည်း ဘာစီလိုနာကို ရှုံးခဲ့တာ ဖြစ်ပြီး ကျန်ပွဲ အားလုံးနီးပါး ရလဒ်ကောင်းထားတာ တွေ့ရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖလူမီးနန့်စ် နိုင်ရင် ၅.၄၀ ဆ၊ ဒေါ့မန် နိုင်ရင်တော့ ၁.၅၀ ဆ၊ သရေ ဆိုရင်တော့ ၄.၀၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒေါ့မန်က တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်ရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် အဆင်ပြေပါပြီ။ ကျွန်တော် ကတော့ ဒီပွဲမှာ 1×2 ဒေါ့မန်၊ BTTS ကို ရွေးချယ်ထားချင်ပါတယ်။ ဒေါ့မန်ဟာ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၃ ဂိုး သွင်းနိုင်ခဲ့ပြီး ဖလူမီးနန့်စ် ကလည်း တိုက်စစ်က ဂိုးသွင်းအား မဆိုးလှပါဘူး။ ဒေါ့မန် အနိုင်နဲ့ ဖွင့်မှာပါ။ အပြန်အလှန် သွင်းဂိုးတချို့ မြင်တွေ့ရပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဖလူမီးနန့်စ် ၁-၃ ဒေါ့မန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.