ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု G မှာတော့ တကယ့်ကို ဒိတ်ဒိတ်ကြဲ အသင်းတွေ ပါဝင်နေပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ယှဉ်ပြိုင်မှုတွေ မြင်တွေ့ရဖို့ ရှိနေပါတယ်။ ယူအေအီး ထိပ်သီး အဲလ်အင်၊ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်၊ ပရီးမီးယားလိဂ် နာမည်ကြီး မန်ချက်စတာစီးတီးနဲ့ မော်ရိုကို ကလပ် ဝီဒတ်ဒ် ကာဆာဘလန်ကာ တို့ ပါဝင်နေပြီး မန်စီးတီးနဲ့ ဂျူဗင်တပ်စ် တို့ နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ကြိုတင် ခန့်မှန်းမှုတွေ ရှိနေပေမယ့် အဲလ်အင် ကလည်း ဒီပြိုင်ပွဲမှာ အတွေ့အကြုံ ရှိတဲ့ ကလပ် ဖြစ်နေလို့ လျှော့တွက်ထားလို့ မရပါဘူး။
အဲလ်အင်
ယူအေအီး ထိပ်သီး ကလပ် အဲလ်အင် ကတော့ ပရိသတ်တွေနဲ့ အနည်းငယ် ရင်းနှီးမှု ရှိပြီးသား ကလပ် ဖြစ်ပါလိမ့်မယ်။ ၂၀၁၈ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ တက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ဒုတိယ ရဖူးပါတယ်။ ၂၀၀၂-၂၀၀၃နဲ့ ၂၀၂၃-၂၀၂၄ အေအက်ဖ်စီ ချန်ပီယံလိဂ် တို့မှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အဲလ်အင်က အာရှရဲ့ အင်အားကြီး ကလပ် တစ်ခု ဖြစ်ပါတယ်။ ပေါ်တူဂီ ဂိုးသမားကြီး ရူအီ ပက်ထရီစီယို၊ ဖေဘီယို ကာဒိုဆို၊ ချက်ဒ်လီ တို့အပြင် အာဖရိကနဲ့ တောင်အမေရိက ကစားသမားတွေနဲ့ ပြည်တွင်း ကစားသမားတွေ အချိုးကျ ပေါင်းစပ်ထားတဲ့ အဲလ်အင်က ပြိုင်ဘက်တွေကို ခက်ခဲစေဦးမှာပါ။
အဲလ်အင် – ဂျူဗင်တပ်စ် (ဇွန် ၁၉)
အဲလ်အင် – မန်ချက်စတာစီးတီး (ဇွန် ၂၃)
အဲလ်အင် – ဝီဒတ်ဒ် ကာဆာဘလန်ကာ (ဇွန် ၂၇)
ဂျူဗင်တပ်စ်
စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်က ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ပါဝင် ကစားခွင့်ရထားတဲ့ ကလပ် ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ် ၂ ကြိမ်၊ ယူရိုပါလိဂ် ၃ ကြိမ်၊ အင်တာကွန်တီနန်တယ် ၂ ကြိမ်၊ UEFA Cup Winners’ Cup ၁ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ဂျူဗင်တပ်စ်က ဥရောပ ထိပ်တန်း ကလပ် တစ်ခု ဖြစ်ပေမယ့် ဥရောပမှာ ဆုဖလား အောင်မြင်မှုတွေနဲ့တော့ ဝေးကွာနေတာ ကြာခဲ့ပါပြီ။ ဒီနှစ်ပိုင်း အတွင်း အသင်းက အပြောင်းအလဲ များစွာ ရှိခဲ့ပြီးတော့ ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဂျူဗီဟာ ဒီပြိုင်ပွဲကို နည်းပြသစ်နဲ့ ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အီဂေါ တူဒါ ကိုပဲ ဆက်လက် တာဝန်ပေးအပ်ခဲ့ပြီးတော့ ဘယ်လောက်အထိ အောင်မြင်မှု ရနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီအုပ်စုမှာ ဂျူဗင်တပ်စ် အတွက် အဓိက ပြိုင်ဘက်က မန်ချက်စတာစီးတီး ဖြစ်ပြီး အဲလ်အင် ကိုတော့ သတိထား ကစားရမှာပါ။
ဂျူဗင်တပ်စ် – အဲလ်အင် (ဇွန် ၁၉)
ဂျူဗင်တပ်စ် – ဝီဒတ်ဒ်ကာဆာဘလန်ကာ (ဇွန် ၂၂)
ဂျူဗင်တပ်စ် – မန်ချက်စတာစီးတီး (ဇွန် ၂၇)
မန်ချက်စတာစီးတီး

ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကတော့ ပုံစံအသစ်နဲ့ ကျင်းပမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပီအက်စ်ဂျီ ပြီးရင် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ပါတယ်။ ၂၀၂၃ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံတွေဟာ ဒီပြိုင်ပွဲကို နောက်ပိုင်း နှစ်တွေ အတွင်း ချန်ပီယံလိဂ် အောင်မြင်မှုကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဒီပြိုင်ပွဲ တစ်ခုလုံးရဲ့ အင်အားအတောင့်ဆုံး အသင်း အဖြစ် သတ်မှတ်လို့ ရပြီး ကစားသမား ၄ ဦး အထိ ခေါ်ယူ အားဖြည့်ထားပါတယ်။ မန်စီးတီး အသင်းသားတွေ ကိုယ်တိုင် ကလည်း ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားပြီး အနိမ့်ဆုံး ကွာတားဖိုင်နယ် အဆင့်လောက်ထိ တက်ရောက်နိုင်ဖို့ ရှိနေပါတယ်။ ဒီအုပ်စုမှာ မန်စီးတီးကို ခြေရည်တူ ယှဉ်ကစားနိုင်မယ့် အသင်းက ဂျူဗင်တပ်စ် လောက်ပဲ ရှိနေပြီး ကျန်ပွဲတွေ ကတော့ မန်စီးတီး အတွက် လွယ်ကူမှာပါ။
မန်ချက်စတာစီးတီး – ဝီဒတ်ဒ်ကာဆာဘလန်ကာ (ဇွန် ၁၈)
မန်ချက်စတာစီးတီး – အဲလ်အင် (ဇွန် ၂၃)
မန်ချက်စတာစီးတီး – ဂျူဗင်တပ်စ် (ဇွန် ၂၇)
ဝီဒတ်ဒ်ကာဆာဘလန်ကာ
မော်ရိုကို ကလပ် ဝီဒတ်ဒ်ကာဆာဘလန်ကာ ကတော့ CAF ချန်ပီယံလိဂ် မှာ ၃ ကြိမ် ဗိုလ်စွဲထားပြီး အဲလ်အာလီနဲ့ အတူ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ဝင်ရောက် ကစားခွင့်ရခဲ့တာပါ။ ဝီဒတ်ဒ် ကာဆာဘလန်ကာဟာ ဒီပြိုင်ပွဲမှာ လူသိနည်းသလို အားအနည်းဆုံး ကလပ်တွေထဲက တစ်ခု အဖြစ် သတ်မှတ်ခံထားရပြီး အခုလို ထိပ်တန်း ကလပ်တွေ ပါဝင်တဲ့ အုပ်စုမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအအနေ ဖြစ်ပါတယ်။
ဝီဒတ်ဒ်ကာဆာဘလန်ကာ – မန်ချက်စတာစီးတီး (ဇွန် ၁၈)
ဝီဒတ်ဒ်ကာဆာဘလန်ကာ – ဂျူဗင်တပ်စ် (ဇွန် ၂၂)
ဝီဒတ်ဒ်ကာဆာဘလန်ကာ – အဲလ်အင် (ဇွန် ၂၇)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.