နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ လစ်ဗာပူးလ်၊ ဂရီးလစ်ရှ်ကို ဒီနွေရာသီမှာ ရောင်းထုတ်မယ့် မန်စီးတီး | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ရဲ့ စာချုပ် အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ဆွီဒင် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ လက်မလျှော့သေးပဲ ဒီနွေရာသီမှာ နယူးကာဆယ်နဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိရင် ဆက်လက် ချဉ်းကပ်သွားမယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ခေါ်ယူမှု နှစ်ခုပေါင်း အတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၄.၃ သန်း) နဲ့ အပြီးသတ် ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ အက်စတွန်ဗီလာက ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူဖို့ ဆက်သွယ်လျက် ရှိနေပြီး စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုလည်း ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ 

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ် ကတော့ အဲဗာတန် တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗက်-လီဝင်း ဖြစ်ကြောင်း TBR Football က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးကို နယူးကာဆယ်၊ နော့တင်ဟမ်ဖောရက်စ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့ကလည်း ခေါ်ယူချင်နေပါတယ်။

BILD ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ လေဗာကူဆင် ကွင်းလယ်လူ ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်ကို အနိုင်ရခဲ့ပြီ ဖြစ်ပြီး ဘေယန်ရဲ့ ကမ်းလှမ်းမှုထက် သာလွန်တဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ဝစ်ဇ် ကတော့ အင်္ဂလန်မှာ တစ်ပတ် လုပ်ခ ပေါင် ၃၄၀,၀၀၀ ရရှိလိုနေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ် အနေနဲ့ တောင်ပံ တိုက်စစ်ကစားသမားသစ် ရှာဖွေမှုကို ရပ်တန့်ခြင်း မရှိသေးပဲ မန်ချက်စတာယူနိုက်တက်က အန်တိုနီကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။ Sport1 ရဲ့ ဖော်ပြချက်အရ ဘေယန်မြူးနစ် ကတော့ လက်ရှိမှာ အန်တိုနီ အတွက် သူရဲနီတွေရဲ့ တောင်းဆိုချက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ တစ်သင်းတည်းသော ကလပ်လည်း ဖြစ်ပါတယ်။

ဒီကစားသမားကို ပရီးမီးယားလိဂ် ကလပ်ဟောင်း အက်စတွန်ဗီလာ အပြင် အဲဗာတန်၊ နာပိုလီ၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း တို့ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။
ဂရီးလစ်ရှ် အတွက် ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေတဲ့ မန်စီးတီး

နာပိုလီ ကတော့ ချဲလ်ဆီး နောက်ခံလူ ထရီဗော့ ချာလိုဘာကို သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် ပစ်မှတ်ထားလျက် ရှိကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ The Telegraph ကတော့ ချဲလ်ဆီး အနေနဲ့ အခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ အကယ်ဒမီထွက် နောက်ခံလူကို အလောတကြီး ရောင်းချဖို့ မရှိတော့ကြောင်း သိရပါတယ်။ 

ဒါ့အပြင် ချဲလ်ဆီး အနေနဲ့ ဒီနွေရာသီမှာ ဗဟိုနောက်ခံလူသစ် တစ်ဦး မခေါ်ယူခဲ့ရင်တော့ ချာလိုဘာ့ အနေနဲ့ အသင်းမှာ ဆက်ရှိနိုင်ဖွယ် ရှိနေပါတယ်။ El Chiringuito ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ အဲလ်နာဆာနဲ့ လမ်းခွဲဖို့ ရှိနေတဲ့ မန်ချက်စတာစီးတီး နောက်ခံလူဟောင်း အမ်းမရစ်ခ် လာပေါ့တ်ကို ယူနိုက်တက်နဲ့ အပြိုင် စိတ်ဝင်စားနေကြာင်း သိရပါတယ်။ 

အိန်ဂျယ် ဂိုးမက်စ် ကတော့ မာဆေးလ်ကို ပြောင်းရွှေ့ဖို့ အတွက် တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်း တို့ရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချခဲ့ကြောင်း RMC Sport က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် ကစားသမား ကတော့ လိုင်လီ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားပြီး မာဆေးလ်ကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထာပြီး ဖြစ်ကြောင်း သိရပါတယ်။ 

မန်ချက်စတာစီးတီး ကတော့ တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ဒီနွေရာသီမှာ ရောင်းချဖို့ အတွက် စီစဉ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ တောင်းဆိုသွားဖို့ ရှိနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားကို ပရီးမီးယားလိဂ် ကလပ်ဟောင်း အက်စတွန်ဗီလာ အပြင် အဲဗာတန်၊ နာပိုလီ၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း တို့ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်