နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ရာသီ လစ်ဗာပူးလ်နဲ့ အတူ တိုးတက်မှုတွေ ရှိလာဖို့ကိုသာ အာရုံစိုက်ထားတဲ့ ခီယေဇာ | ပရီးမီးယားလိဂ်

အီတလီ တိုက်စစ် ကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ မပျော်မရွှင် ဖြစ်နေပြီး အသင်း ပြောင်းရွှေ့ချင်နေသူ ဖြစ်ပါတယ်။ ခီယေဇာက အနာဂတ်မှာ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ပေမယ့် လက်ရှိ အချိန်မှာတော့ လာမယ့် ရာသီ လစ်ဗာပူးလ်နဲ့ အတူ တိုးတက်မှုတွေ ရှိလာဖို့ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် အီတလီ လက်ရွေးစင် ကစားသမားက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်စ် ကနေ လစ်ဗာပူးလ်ကို အပိုဆုကြေးတွေ အပါအဝင် ပေါင် ၁၂.၅ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခီယေဇာက ပြီးခဲ့တဲ့ ဘောလုံးရာသီက လစ်ဗာပူးလ်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး နည်းပြ ဖြစ်သူ အာနေး ဆလော့တ်ရဲ့ စိတ်ကြိုက် ကစားသမားလည်း မဟုတ်ခဲ့ပါဘူး။ ခီယေဇာက ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားသမား အဖြစ် ၁ ပွဲသာ ကစားခဲ့ရသလို ပြိုင်ပွဲစုံ မှာလည်း မိနစ် ၅၀၀ အောက်သာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ခီယေဇာက ဒီနွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာနိုင်ခြေ မြင့်မားလျက် ရှိပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဖီနာဘာချီ တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဒါကြောင့် ခီယေဇာရဲ့ ရည်မှန်းချက် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့နဲ့ အီတလီနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ ဖြစ်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ရပြီ ဖြစ်ပါတယ်။
လစ်ဗာပူးလ်မှာ ပြိုင်ပွဲစုံ မိနစ် ၅၀၀ အောက်သာ ကစားခဲ့ရတဲ့ ခီယေဇာ

ဒီလို ကောလာဟလတွေ ထွက်နေချိန်မှာ ခီယေဇာက သူ့အနေနဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ချစ်မြတ်နိုးဆဲ ဖြစ်ကြောင်း တစ်နေ့မှာ ဂျူဗင်တပ်စ်ဆီ ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း Gazzetta dello Sport နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။ ခီယေဇာက “ဂျုဗင်တပ်စ်ကို ကျွန်တော် ချစ်နေဆဲပါပဲ။ တစ်နေ့မှာ ဂျူဗင်တပ်စ်ကို ပြန်လာဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ပြီးခဲ့တဲ့ရာသီက အသင်း နည်းပြ မော့တာက ကျွန်တော့်ကို အသင်းမှာ မထားချင်ခဲ့ပါဘူး။ သူက ကျွန်တော့်ကို ငါတိုရဲ့ အစီအစဉ်မှာ မင်း မပါဘူး။ မင်း အနေနဲ့ အသင်းသစ် ရှာသင့်တယ် ဆိုပြီး ပြောခဲ့တာပါ။ ကျွန်တော် ဂျူဗင်တပ်စ်ကို အများကြီး ဂရုစိုက်ပြီး သူတို့ကို အများကြီး ပေးဆပ်နိုင်ခဲ့တယ်လို့ ထင်ခဲ့မိလို့ နောင်တရပါတယ်။ ကျွန်တော် ဂျူဗင်တပ်စ်မှာ လေးနှစ်ရှိခဲ့ပြီး အမြဲတမ်း ကောင်းမွန်စွာနေထိုင်ခဲ့ပေမယ့် ဒါက သူတို့ရဲ့ ရွေးချယ်မှုပါပဲ။ တစ်နေ့ပြန်လာမလား ဆိုရင်တော့ Never Say Never ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ခီယေဇာ အနေနဲ့ အခုလို ပြောကြားခဲ့တယ် ဆိုပေမယ့်လည်း နောင်တစ်ချိန်မှသာ ဖြစ်နိုင်ပြီး လက်တလော မှာ‌တော့ လစ်ဗာပူးလ်မှာ ဆက်လက် တိုက်ပွဲဝင်လိုတဲ့ အခြေအနေမျိုး ပြောဆိုထားပါတယ်။ အီတလီ လက်ရွေးစင် ကစားသမားက “ကျွန်တော့် မိသားစု၊ ကျွန်တော့်ရဲ့ အေးဂျင့်၊ ပြီးတော့ ကျွန်တော် လစ်ဗာပူးလ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်၊ ရည်မှန်းချက်က ရာသီကြို ကာလ အတွက် အဆင်သင့်ဖြစ်နေဖို့ပါ။ လူတိုင်း အကောင်းဆုံး အဖြေကို ရှာတွေ့မှာပါ။ ဇူလိုင်လ ၈ ရက်မှာ လစ်ဗာပူးလ်မှာ ထိပ်တန်း စမ်းသပ်မှုတွေ အတွက် အစီအစဉ်တစ်ခုနဲ့ ကျွန်တော် နေ့တိုင်း ကြိုးစား လုပ်ဆောင်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ခီယေဇာရဲ့ ရည်မှန်းချက် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့နဲ့ အီတလီနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ ဖြစ်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ရပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်