ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ် ကတော့ ပြီးခဲ့တဲ့ ရက်ကပဲ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာရဲ့ မက်မောလောက်စရာ စာချုပ်နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ဥရောပရဲ့ ထိပ်တန်း အဆင့်မှာ ဆက်လက် ကစားလိုတဲ့ ဆန္ဒကြောင့် အဲလ်ဟီလာရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချဖို ဆုံးဖြတ်ခဲ့တာာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘရူနို ဖာနန်ဒက်စ် အနေနဲ့ လာမယ့် ရာသီတွေမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။
အဲလ်ဟီလာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာနဲ့ ပတ်သတ်လို့ ဘရူနို ဖာနန်ဒက်စ်က ပေါ်တူဂီရဲ့ နေးရှင်းလိဂ် ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။ “အဲလ်ဟီလာရဲ့ ဥက္ကဋ္ဌက ကျွန်တော့်ကို လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက သူတို့ဆီ ပြောင်းရွှေ့လာနိုင်ခြေ အကြောင်းမေးဖို့ ဖုန်းဆက်ခဲ့ပါတယ်။ ကျွန်တော်ဟာ အနာဂတ်နဲ့ ပတ်သတ်ပြီး တွေးတောဖို့ အချိန် အနည်းငယ်ယူခဲ့ရတယ်။ ကျွန်တော် အမြဲတမ်း ပြောခဲ့သလို ယူနိုက်တက်က ကျွန်တော့် အသင်းပြောင်းတာက အကောင်းဆုံး ဖြစ်မယ် ထင်ရင် ကျွန်တော် အဲဒါကို လုပ်ဖို့ အဆင်သင့်ပါပဲ။ ကျွန်တော့် ရူဘင် အမော်ရင်နဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော် ကလပ်နဲ့ စကားပြောခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို ရောင်းဖို့ စိတ်ကူးမရှိပါဘူး။ အကယ်၍ ကျွန်တော် ထွက်သွားချင်ရင်တော့ တမျိုးပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော့် ဘက်ကတော့ ဒါဟာ သိပ်ကို ရည်မှန်းချက်ကြီးတဲ့ အဆိုပြုချက် တစ်ခုပါပဲ၊ ဥက္ကဌ (အဲလ်ဟီလာ)က အရမ်းတော်တဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် ပိုက်ဆံ အကြောင်း မပြောဖူးပါဘူး။ အဲဒါက နောက်ပိုင်းမှာ ကျွန်တော့် အေးဂျင့်နဲ့ တွဲပြီး ပါလာတဲ့ ကိစ္စပါ။ အဲဒီနောက် ကျွန်တော့် ဇနီးနဲ့ မိသားစုကို ပြောပြတယ်။ ငါ့ကို ဒီလိုတော့ ကမ်းလှမ်းလာပြီပေါ့။ မိန်းမက ပြောတယ်။ ရှင်က ကစားသမားဘဝမှာ ဘယ်လို ရည်မှန်းချက် ပန်းတိုင်တွေအထိ သွားဖို့ ရည်မှန်းထားသလဲ။ အဲဒီအတိုင်း ဆက်သွားလေလို့ ဆိုပြီးတော့ပေါ့။ တကယ်တော့ ပြောင်းမယ်ဆိုရင် အရမ်းပဲ လွယ်ကူပါတယ်။ ကျွန်တော့် သူငယ်ချင်း ရူဘင် နီးဗက်စ်နဲ့ ကန်ဆယ်လိုက အဲ့ဒီမှာ ရှိတယ်။ ကျွန်တော့် ကလေးတွေ ကလည်း သူ့တို မိသားစုနဲ့ ကစားနေကြလေ။”
“ဒါပေမယ့် ကျွန်တော် ကတော့ အမြင့်ဆုံး အဆင့်မှာပဲ ဆက်နေချင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ပြိုင်ပွဲကြီးတွေမှာ ကစားနေချင်သေးတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒါကို စွမ်းဆောင်နိုင်တုန်းပဲလို့ ခံစားရလို့ပါ။ ကျွန်တော် ဆက်ပြီး ပျော်ရွှင်ချင်ပါတယ်။ ကျွန်တော် ချစ်တဲ့ အရာကို ဆက်လုပ်ပါမယ်။ ကျွန်တော် ဒီအားကစားကို ဆက်ပြီး ဝါသနာပါနေတုန်းပါပဲ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ ကျွန်တော် ပျော်ပါတယ်။” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီမှာ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်း ကနေ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီသားက ပရီးမီးယားလိဂ် ကလပ် အတွက် ၆ ရာသီကြာ ကစားပေးထားပြီး ပွဲပေါင်း ၂၉၀ မှာ ၉၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၈၃ ကြိမ် ပြုလုပ်ထားပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက်တို့ အနိမ့်ပါးဆုံး အခြေအနေကို ရောက်ရှိချိန်မှာတောင် ၁၉ ဂိုး သွင်းကာ၊ ၁၈ ဂိုး ဖန်တီးပြီး အသင်းကို တတ်နိုင်သမျှ ဆွဲတင်ခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.