အန်ဂျီ ပိုစတီကိုဂလူး ကတော့ တော့တင်ဟမ်ဟော့စပါးနဲ့ အတူ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် သူ့ရဲ့ နည်းပြ ဘဝ သက်တမ်း တစ်လျှောက်လုံးမှာ ဒီတစ်ကြိမ်လောက် ဂုဏ်ယူစရာ ကောင်းတဲ့ အချိန် မရှိခဲ့ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။ စပါးဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၁၇ နှစ်ကြာ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဩစတြေးလျ လူမျိုး နည်းပြကြီးဟာ သူကိုင်တွယ်တဲ့ အသင်းတွေနဲ့ ဒုတိယမြောက် ရာသီ ရောက်တိုင်း ဆုဖလား ရယူနိုင်လေ့ ရှိသူ ဖြစ်ပြီး သူ့စကား သူတည်တဲ့သူ ဖြစ်ကြောင်းလည်း နာမည်ကြီးနေပြီ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးက ဗိုလ်လုပွဲ အပြီး ကစားသမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကျင်းပတဲ့ ပါတီပွဲမှာ အခုလိုပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးက သူ့ရဲ့ နည်းပြဘဝ တစ်လျှောက်လုံးမှာ အခု အောင်မြင်မှုလောက် ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှု မရှိခဲ့ဖူးကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက “ကျွန်တော် ဒီရာသီမှာ အရမ်းကို အရေးကြီးတဲ့ ကိစ္စ တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီး အဲဒါကတော့ ကျွန်တော် တို့ရဲ့ အသင်းကို မိသားစုကြီး တစ်ခုလို တည်ဆောက်နိုင်ခဲ့တာပါ။ မိသားစု ဆိုတာ ဘယ်လောက် အထိ အရေးကြီးတယ် ဆိုတာ ခင်ဗျားတို့ အားလုံး သိကြမှာပါ။ ကျွန်တော့် အသင်းက ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေ၊ ကွင်းဝန်ထမ်းတွေ အားလုံး အတွက် ကျွန်တော် အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော် တို့ဟာ မိသားစုကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံး မိသားစုကြီး တစ်ခုကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ နည်းပြဘဝ သက်တမ်း တစ်လျှောက် ဒီအောင်မြင်မှုလောက် ဂုဏ်ယူရတာ မရှိပါဘူး။ ပိုပြီး အရေးကြီးတာက ဒီအခန်းထဲမှာ ရှိနေတဲ့ မိသားစုဝင်တွေ အားလုံးပါ။ ကောင်လေးတွေကို ချန်ပီယံတွေ ဖြစ်လာအောင် မိသားစုတိုင်းက အရမ်းကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အရမ်းလည်း ထိုက်တန်ခဲ့ပါတယ်။ မိသားစုဝင်တွေ အားလုံးဟာ ကျွန်တော့် ကစားသမားတွေကို ကစားသမားကောင်းတွေ ဖြစ်လာဖို့တင် မဟုတ်ပဲ လူကောင်းတွေ ဖြစ်လာဖို့ အတွက်ပါ ကူညီပေးခဲ့ကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ အန်ဂျီ ပိုစတီကိုဂလူးက ဗိုလ်လုပွဲမှာ တိုက်စစ် ကစားပုံကို စွန့်လွှတ်ပြီး ခံစစ် ကစားဖြစ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့တော့ “ကျွန်တော်က အမြဲတမ်း ရှုံးထွက်လို ပြိုင်ပွဲ အမျိုးအစားတွေ အပေါ်မှာ မတူညီတဲ့ အမြင်တွေ ရှိပါတယ်။ လိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားတဲ့ ပုံစံနဲ့ ချဉ်းကပ်ပုံ မတူညီနိုင်ပါဘူး။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ယူရိုပါလိဂ် ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ထက် လိဂ်အဆင့် နိမ့်ပေမယ့် ချိုမြိန်ပြီး လှပတဲ့ ရာသီ တစ်ခု အဖြစ် အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ ကစားဖို့ ကျန်ရှိနေပြီး အကယ်၍ အနိုင်ရပြီး ဝုဗ်၊ ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တောင် အမြင်ဆုံး အဖြစ် အဆင့် ၁၄ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.