နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဟယ်ရီကိန်း

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွက် ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ကိုတော့ ချန်ပီယံ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက ဆွတ်ခူးသွားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဒီရာသီမှာ ကစားသမားဘဝ ပထမဦးဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို တစ်ဦးချင်း အောင်မြင်မှုလည်း ထပ်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဒီရာသီ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၁ ပွဲ ပါဝင် ကစားရာမှာ သွင်းဂိုး ၂၆ ဂိုး ရရှိခဲ့ပြီးတော့ ဂိုးဖန်တီးမှု ကလည်း ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ကြည့်မယ် ဆိုရင် ကိန်းဟာ ဂိုးပါဝင် ပတ်သက်မှု တစ်ပွဲ ပျမ်းမျှ ၁.၁ ဂိုး ရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါ မှာလည်း စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ကိန်းက “တစ်ရာသီ အကောင်းဆုံး ဘောလုံးသမားဆုဟာ ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမား တချို့ ရှိခဲ့ပါတယ်။ ပြီးတော့ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ဆုဖလား ရယူနိုင်ခဲ့ပြီးတော့ အနည်းငယ် ပိုကောင်းတဲ့ အရာတွေလည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့် အတွက် အဓိပ္ပာယ် များစွာ ရှိပါတယ်။ ကလပ် အသင်း၊ အသင်းဖော် အားလုံးနဲ့ ဝန်ထမ်း အားလုံးကို ကျွန်တော် ဒီနေရာ ကနေ ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ မပါဘဲနဲ့ တကယ်တော့ ဒီအောင်မြင်မှုကို ရရှိဖို့ ဆိုတာ မဖြစ်နိုင်လို့ပါ။  ဒီဆု အတွက် ကျွန်တော် ပျော်ရွှင် ကျေနပ်မိပါတယ်။ ကျွန်တော် ဒီရာသီမှာ အရမ်းပဲ ကြိုးစားခဲ့ပါတယ်။ ဒီလို ဆုရတဲ့ အရာရာတိုင်းက အပိုဆု တစ်ခုလိုပါပဲ။” လို့ ကလပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ တစ်ဆင့် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုး ၂၆ ဂိုး အထိ ရရှိထားတာကြောင့် ဂိုးအများဆုံး သွင်းတဲ့ ကစားသမား အဖြစ် နှစ်ရာသီ ဆက်တိုက် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် နှစ်နှစ်ဆက် အောင်ပွဲခံနိုင်ခဲ့တဲ့ ကိန်း

ဒါ့အပြင် ဟယ်ရီကိန်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုး ၂၆ ဂိုး အထိ ရရှိထားတာကြောင့် ဂိုးအများဆုံး သွင်းတဲ့ ကစားသမား အဖြစ် နှစ်ရာသီ ဆက်တိုက် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားတွေ ဖြစ်တဲ့ လေဗာကူဆင်က ပက်ထရစ် ရှစ်ခ်နဲ့ ဒေါ့မန်က ဆာဟူ ဂူရက်ဆီ တို့ထက် ၅ ဂိုး ပိုသွင်းထားပါတယ်။ ဟယ်ရီကိန်းဟာ မကြာခင်မှာ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ရောက် ဆင်နွှဲရဦးမှာ ဖြစ်ပြီးတော့ သူ့ရဲ့ အသင်း ကတော့ အုတ်ကလန်စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ဟယ်ရီကိန်းဟာ မကြာသေးခင် အချိန်က ဘေယန်မြူးနစ် ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ဆီ ပြန်လာချင်နေကြောင်း သတင်းတွေ ထွက်ခဲ့သေးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိန်း အနေနဲ့ ဘေယန်မြူးနစ်နဲ့ ဆုဖလား ရယူ အပြီး မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ အတူ နောက်ထပ် ဆုဖလား အောင်မြင်မှုတွေ ရယူချင်ကြောင်း ပြောကြားကာ ကောလာဟလတွေကို အဆုံးသတ်ထားခဲ့ပါတယ်။ ကိန်းဟာ ၂၀၁၄-၂၀၁၅ ဘောလုံး ရာသီ နောက်ပိုင်း တစ်ရာသီကို အနည်းဆုံး သွင်းဂိုး ၂၀ နဲ့ အထက် သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး လာမယ့် ရာသီတွေ မှာရော သူ့ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ဆက်ထိန်းထားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်