နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ အနာဂတ်ကို ဖွင့်ဟ ပြောကြားလာတဲ့ လူးဝစ္စ ဒီးယက်ဇ် | ပရီးမီးယားလိဂ်

လူးဝစ္စ ဒီးယက်ဇ် ကတော့ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် ဒီနွေရာသီမှာ အန်ဖီးလ်ကို စွန့်ခွာဖို့ ဖြစ်နိုင်ချေ ရှိတဲ့ ထင်ကြေးတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ ကိုလံဘီယာ လက်ရွေးစင် ကတော့ အစောပိုင်းမှာ လာမယ့် အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာမယ်၊ ဘာစီလိုနာနဲ့ ချိတ်ဆက်နေတယ် ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လူးဝစ္စ ဒီးယက်ဇ် ကတော့ ပေါ်တို ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် နှစ်ရာသီ ဆက်တိုက် ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားကာ ၁၃ ဂိုးသွင်း၊ ၅ ဂိုး ဖန်တီးခဲ့ပြီးတော့ ဒီရာသီမှာတော့ ၄၈ ပွဲ ကစားပြီးချိန်မှာ ၁၇ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးထားပါတယ်။

မကြာသေးခင် ကလည်း နည်းပြ အာနေး ဆလော့တ်က လူးဝစ္စ ဒီးယက်ဇ်ရဲ့ မာဆေးလ်ဆိုက်ဒ် ကလပ် အတွက် အကျိုးသက်ရောက်မှုတွေကို ပွင့်ပွင့်လင်းလင်း ချီးကျူးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကိုလံဘီယာသားက လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ များနေတယ် ဆိုပြီး သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီးယက်ဇ်က သူ့ရဲ့ လစ်ဗာပူးလ်ကို ချစ်မြတ်နိုးတဲ့စိတ်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပဲ ပထမဆုံး အကြိမ် အဖြစ် သက်တမ်းတိုးဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က ငယ်မွေးခြံပေါက် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့တော့ လမ်းခွဲခဲ့ရတာကြောင့် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာနဲ့လည်း သတင်းတွေ ထွက်ခဲ့တဲ့ လူးဝစ္စ ဒီးယက်ဇ်

ဒီးယက်ဇ်က Telemundo Deportes နဲ့ အင်တာဗျူးမှာ “ဟုတ်ပါတယ်၊ ပျော်ပါတယ်။ ကျွန်တော် ဒီကို ပထမဦးဆုံး ရောက်တဲ့နေ့ ကနေ စပြီး ကျွန်တော်ဟာ ဒီအသင်းကြီးမှာ ဘောလုံး ကစားနေရတယ် ဆိုပြီး အမြဲတမ်း ပျော်ရွှင်နေခဲ့တာပါ။ ကျွန်တော်တို့ အဲဒါ ကိစ္စနဲ့ ပတ်သတ်လို့ ပြောပါမယ်။ သက်တမ်းတိုးမယ့် အကြောင်းလည်း ပြောပါမယ်။ ကျွန်တော့် အတွက် ကတော့ နှစ်ပေါင်းများစွာ ကြာအောင် နေမှာပါ။ ဒါက ကလပ် အပေါ် မှာလည်း မူတည်နေပါတယ်။ အရာအားလုံးက သီးခြားစီ ခွဲထားတဲ့ အသေးစိတ်အချက်အလက်တွေပါ။ တော်တော်လေး အေးဆေးနေပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်မှာ ပျော်ရွှင်နေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူး ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားတွေ အတွက် မသေချာမရေရာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။ လအတန်ကြာ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့အပြီးမှာ လစ်ဗာပူးလ်ဟာ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ တို့ကို ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က ငယ်မွေးခြံပေါက် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့တော့ လမ်းခွဲခဲ့ရတာကြောင့် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ဆလော့တ်ရဲ့ အသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ ကစားသမား ၃ ဦးရဲ့ စာချုပ် ကိစ္စတွေနဲ့ ပတ်သတ်လို့ ရှုပ်ထွေးမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေး၊ အရန် ဂိုးသမား ကာအိုမင် ခယ်လာဟာနဲ့ အတွေ့အကြုံရင့် နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန် တို့ကတော့ ၂၀၂၆ ခုနှစ်မှာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးကြမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်