တော့တင်ဟမ်ဟော့စပါး အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကတော့ အသင်းရဲ့ ဆုဖလား မိုးခေါင်နေမှုကို အဆုံးသတ်ပေးလိုကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ကိုရီးယားသားရဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ လာမယ့် မေလ ၂၂ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဆွန်ဟောင်မင်က ဆုဖလား ရယူလိုစိတ် ပြင်းပြလွန်းနေပြီး သူ့အနေနဲ့ စပါးမှာ နှစ်ရှည်လများ ဖြတ်သန်းနေရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ အသင်းနဲ့ အတူ တစ်ခြားသူတွေ မလုပ်ပြနိုင်ခဲ့တဲ့ အရာ တစ်ခုကို လုပ်ပြချင်နေတာကြောင့် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဆွန်ဟောင်မင် အနေနဲ့ စပါး အတွက် အရေးပါလှတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် The Guardian သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို့ပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဆွန်က “ကျွန်တော်တို့ ဒီအကြောင်းအရာကို နှစ်ပေါင်း များစွာ ပြောဆိုခဲ့ကြပြီးပါပြီ။ ကျွန်တော် တော့တင်ဟမ်မှာ ဆက်ရှိနေခဲ့တဲ့ အဓိက အကြောင်းရင်းက တစ်ခြားသူတွေ မလုပ်နိုင်ခဲ့တဲ့ အရာ တစ်ခုကို ကျွန်တော် လုပ်ပြချင်လို့ပါ။ ဒါကြောင့်လည်း ကျွန်တော် အခု ဒီနေရာမှာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ပဟေဠိတစ်ခုကို ပြီးမြောက်အောင် ဖြေရှင်းဖို့ တခြား အစိတ်အပိုင်းတွေ အားလုံး လိုအပ်ပါတယ်။ ကျွန်တော့် အထင်တော့ အဲ့ဒီပဟေဠိကို ပြည့်စုံစေဖို့ လိုအပ်တဲ့ တခြား အစိတ်အပိုင်းတွေ အားလုံးကို ကျွန်တော် စုဆောင်းထားပြီးပါပြီ။ အရေးအကြီးဆုံး ဖြစ်တဲ့ နောက်ဆုံး အပိုင်းအစ တစ်ခုပဲ လိုအပ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလ တစ်ခုလုံး အဲ့ဒီ အပိုင်းအစကို ကျွန်တော် ကြိုးစား ရှာဖွေနေခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဆွန်ဟောင်မင်က “ဒီတစ်ကြိမ် မှာတော့ အဲ့ဒီပဟေဠိကို ကျွန်တော် အပြီးသတ် နိုင်လိမ့်မယ်လို့ တကယ်ပဲ မျှော်လင့်ထားပါတယ်။ ပွဲစဉ်တိုင်းက ထူးခြားပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ ကစားရမယ့် ဒီပွဲ ကတော့ နောက်တစ်ခါ ပြန်မရနိုင်တော့မယ့် အခွင့်အရေး တစ်ခုလို ခံစားနေရပါတယ်။ ဒီတစ်ကြိမ် မှာတော့ ခံစားချက်က တကယ်ကို မတူပါဘူး။ ကျွန်တော် တကယ်ပဲ အနိုင်ရချင်ပါတယ်။ ဘယ်သူ့ထက်မဆို ပိုပြီးတော့ပေါ့။ ကျွန်တော့် လိုပဲ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ကျွန်တော် တို့ကို အားပေးနေတဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ ကျွန်တော် တို့သာ ကောင်းကောင်း ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင် အောင်မြင်မှု ရနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့် တစ်ပတ် မေလ ၂၂ ရက်နေ့ ဘီလ်ဘာအိုရဲ့ အိမ်ကွင်း ဆမ်မားမက်စ်မှာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ တော့တင်ဟမ်ဟော့စပါးက ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပြီး ယူနိုက်တက်ကို အသာရသွားလိမ့်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.