နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဥရောပထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဂွန်ကာလိုရာမို့စ်၊ မူအာနီကိုအငှားနဲ့ ဆက်လက် ခေါ်ယူချင်နေတဲ့ ဂျူဗင်တပ်စ် | စီးရီးအေ

စီးရီးအေအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကိုတော့စီးရီးအေကလပ်တွေဖြစ်တဲ့ဂျူဗင်တပ်စ်နဲ့နာပိုလီကအာဆင်နယ်၊အက်စတွန်ဗီလာ၊ယူနိုက်တက်၊နယူးကာဆယ်တို့နဲ့အပြိုင်စိတ်ဝင်စားနေကြောင်းသိရပါတယ်။အသက်၂၃နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးကတော့ပီအက်စ်ဂျီအတွက်နှစ်ရာသီအတွင်း၇၈ပွဲကစားကာ၂၉ဂိုးသွင်းယူပေးထားပါတယ်။

နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်မ်ဟန်ရဲ့စာချုပ်ပါလျော်ကြေးငွေယူရို၇၅သန်း (ပေါင်၆၃.၅သန်း) ကတော့အီတလီပြင်ပကလပ်တွေအတွက်သာအကျုံးဝင်တယ်လို့သိရပါတယ်။ဂျူဗင်တပ်စ်ကတော့အိုဆင်မ်ဟန်ကိုယူရို၈၅သန်း (ပေါင်၇၁.၉သန်း) တန်ကြေးရှိတဲ့စာချုပ်တစ်ရပ်နဲ့ခေါ်ယူဖို့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။

ဂျူဗင်တပ်စ်ကတော့ပြင်သစ်မြို့တော်ကလပ်ပီအက်စ်ဂျီနဲ့စာချုပ်အခြေအနေရှုပ်ထွေးနေတဲ့ရန်ဒဲလ်ကိုလိုမူအာနီကိုအငှားစာချုပ်သက်တမ်းတိုးဖို့စီစဉ်နေကြောင်းအီတလီသတင်းစာCalciomercatoကဖော်ပြပါတယ်။မူအာနီကတော့စီးရီးအေကလပ်အတွက်၁၇ပွဲကစားပြီး၇ဂိုးသွင်းကာ၂ဂိုးဖန်တီးပေးထားပါတယ်။

ချဲလ်ဆီးကတော့ပေါင်၆၂.၅သန်းတန်ကြေးရှိတဲ့ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမားရာဖေးလ်လီယောင်အတွက်ညှိနှိုင်းမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။အေစီမီလန်ဘက်ကတော့သူတို့အသင်းရဲ့အဓိကကစားသမားဖြစ်နေတဲ့လီယောင်ကိုယူရိုသန်း၁၀၀အနည်းဆုံးရရှိမှရောင်းထုတ်ချင်နေတာကြောင့်ချဲလ်ဆီးနဲ့အကြိတ်အနယ်ဆွေးနွေးရဖို့ရှိနေပါတယ်။

လစ်ဗာပူးလ်ကတော့အသက်၂၁နှစ်အရွယ်ဘီလ်ဘာအိုကွင်းလယ်ကစားသမားမီခဲလ်ဂျော်ရက်ဂီဇာကိုထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်လိုက်ကြောင်းအန်ဖီးလ်အသိုင်းအဝိုင်းကနေသိရပါတယ်။

ဘေယန်မြူးနစ်တောင်ပံကစားသမားကင်စလေကိုမန်ရဲ့အေးဂျင့်ဖြစ်သူဟာသူ့ရဲ့ကစားသမားကိုလစ်ဗာပူးလ်နဲ့မန်ချက်စတာယူနိုက်တက်တို့ထံပြောင်းရွှေ့ကစားစေနိုင်ဖို့ကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။

ဂါလာတာဆာရေးကတော့ဒီနွေရာသီမှာလစ်ဗာပူးလ်ဂိုးသမားအလီဆွန်ဒါမှမဟုတ်မန်စီးတီးဂိုးသမားအီဒါဆင်တို့ကိုခေါ်ယူဖို့အဆင်သင့်ရှိနေကြောင်းသိရပါတယ်။ဒီဂိုးသမားနှစ်ဦးစလုံးကတော့ပရီးမီးယားလိဂ်ကလပ်တွေကနေထွက်ခွာဖို့များနေသူတွေလည်းဖြစ်ပါတယ်။

မူအာနီကတော့စီးရီးအေကလပ်အတွက်၁၇ပွဲကစားပြီး၇ဂိုးသွင်းကာ၂ဂိုးဖန်တီးပေးထားပါတယ်။
ကိုလိုမူအာနီကိုအငှားနဲ့ ဆက်လက် ခေါ်ယူချင်နေတဲ့ ဂျူဗင်တပ်စ်

မန်ချက်စတာယူနိုက်တက်ကတော့လိုင်လီကွင်းလယ်ကစားသမားအိန်ဂျယ်ဂိုးမက်စ်ကိုခေါ်ယူဖို့အတွက်တော့တင်ဟမ်ဟော့စပါးနဲ့အပြိုင်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။ဒီကစားသမားကိုတော့အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။

မကြာသေးခင်ကယူနိုက်တက်မှာပုံစံကောင်းတွေပြန်လည်ရရှိလာတဲ့ကွင်းလယ်လူကက်စ်မဲရိုးကတော့အိုးထရက်ဖို့ဒ်ကနေထွက်ခွာဖို့အပြီးသတ်ဆုံးဖြတ်ချက်မချရသေးကြောင်းသိရပါတယ်။လက်ရှိအချိန်ထိဘရာဇီးလ်သားကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးယူနိုက်တက်တာဝန်ရှိသူတွေနဲ့ဆွေးနွေးရခြင်းလည်းမရှိသေးပါဘူး။

အာဆင်နယ်ကတော့နယူးကာဆယ်တိုက်စစ်မှူးအလက်ဇန္တားအိဆက်ကိုယူရိုသန်း၁၅၀ (ပေါင်၁၂၆.၉သန်း) နဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေကြောင်းစပိန်သတင်းစာFichajesကဖော်ပြပါတယ်။

နော့တင်ဟမ်ဖောရက်စ်ကတော့လစ်ဗာပူးလ်နောက်ခံလူဂျာရဲလ်ကွမ်ဆာကိုခေါ်ယူဖို့အတွက်နယူးကာဆယ်နဲ့အပြိုင်စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဖောရက်စ်ကစိတ်ဝင်စားနေတဲ့နောက်ထပ်ကစားသမားကတော့မန်စီးတီးကွင်းလယ်လူဂျိမ်းစ်မက်အတီးဖြစ်ပါတယ်။နူနိုဆန်းတို့စ်ရဲ့အသင်းဟာမက်အတီးကိုတော့တင်ဟမ်ဟော့စပါးနဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူမော်ဂန်ဂစ်ဘ်ဝှိုက်ကတော့မန်စီးတီးနည်းပြပပ်ဂွာဒီယိုလာရဲ့လက်အောက်မှာကစားဖို့စိတ်အားထက်သန်နေကြောင်း Football Insider ကဖော်ပြပါတယ်။တစ်ဆက်တည်းမှာပဲဖောရက်စ်နဲ့ဝက်စ်ဟမ်းတို့ကတော့ယူရိုသန်း၄၀ (ပေါင်၃၃.၈သန်း) တန်ကြေးရှိတဲ့ဂါလာတာဆာရေးတိုက်စစ်မှူးဘာရစ်အဲလ်ပါယီလ်မက်ဇ်ကိုကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်