နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွန်တီ သဘောကျနေတဲ့ ဂရီးလစ်ရှ်ကို မကြာခင်မှာ ကမ်းလှမ်းတော့မယ့် နာပိုလီ | စီးရီးအေ

စီးရီးအေ ကလပ် နာပိုလီ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီက အသင်း အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်ကြောင်း ဥက္ကဌ ဖြစ်သူ ဒီလော်ရန်းတစ်ကို တောင်းဆိုထားပြီး ထိပ်တန်း ကစားသမားတွေကို မျက်စိကျလျက်ရှိပါတယ်။

အခုနောက်ဆုံး မှာတော့ နာပိုလီက မန်ချက်စတာစီးတီးရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး မကြာခင် ကမ်းလှမ်းသွားဖွယ်လည်း ရှိနေပါတယ်။ အန်တိုနီယို ကွန်တီဟာ ဂျက် ဂရီးလစ်ရှ်ကို တော်တော်လေး သဘောကျနေတယ်လို့ သိရပြီး ခါဗရာစခီလီယာ ထွက်ခွာသွားတဲ့ တောင်ပံ တိုက်စစ် နေရာ အတွက် အင်္ဂလန်သားက အကောင်းဆုံး အစားထိုးမှုလို့ လက်ခံထားတာ ဖြစ်ပါတယ်။ အကယ်၍ ဂရီးလစ်ရှ်သာ နာပိုလီကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ကစားသမားဟောင်း တွေဖြစ်တဲ့ စကော့တ် မက် တော်မီနေး၊ ဘီလီ ဂေးလ်မော၊ လူကာကူ တို့နဲ့ တွဲဖက် ကစားရမှာလည်း ဖြစ်ပါတယ်။

ကွန်တီ ကတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ် ကစားသမားတွေ အကြောင်း ကောင်းကောင်း နားလည်ပြီး ဂရီးလစ်ရှ်ရဲ့ ဖန်တီးနိုင်မှု စွမ်းရည်ကို အဓိက သဘောကျနေတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ တစ်ဖက် မှာလည်း ဂျက် ဂရီးလစ်ရှ်ဟာ အင်္ဂလန်မှာ ဆက်နေဖို့ထက် ပြည်ပ ကလပ် တစ်ခုကို ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ ဂရီးလစ်ရှ်ကို စီးရီးအေ ကလပ် အပြင် ဂျာမန် ထိပ်တန်း ကလပ် ဒေါ့မန် ကလည်း စိတ်ဝင်စားပါသေးတယ်။

ဒီကစားသမား နှစ်ဦးစလုံး ကတော့ နာပိုလီ အတွက် ခြေစွမ်းပြနေပြီးတော့ နေပဲလ် ကလပ် ကလည်း ဒီရာသီ စီးရီးအေ မှာ အောင်ပွဲခံနိုင်ဖို့ နီးစပ်နေပါတယ်။
ဒီရာသီ စီးရီးအေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေတဲ့ နာပိုလီ

နာပိုလီ ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ မန်ချက်စတာယူနိုက်တက်က မက် တော်မီနေးနဲ့ နောက်ထပ် စကော့တလန် လက်ရွေးစင် ဖြစ်တဲ့ ဘီလီ ဂေးလ်မော တို့ကို ခေါ်ယူထားခဲ့တာပါ။ ဒီကစားသမား နှစ်ဦးစလုံး ကတော့ နာပိုလီ အတွက် ခြေစွမ်းပြနေပြီးတော့ နေပဲလ် ကလပ် ကလည်း ဒီရာသီ စီးရီးအေ မှာ အောင်ပွဲခံနိုင်ဖို့ နီးစပ်နေပါတယ်။ ဒါကြောင့် ကွန်တီက လာမယ့် ရာသီ အတွက်လည်း အသင်းကို ပိုမိုတောင့်တင်းစေရေး အင်အားဖြည့်တင်းချင်နေပြီး ဂရီးလစ်ရှ်လို ထိပ်တန်း ကစားသမားကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ အက်စတွန်ဗီလာမှာ ထိပ်တန်းအဆင့် ခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့ ခေါ်ယူခြင်း ခံခဲ့ရပေမယ့် နောက်ပိုင်း နှစ်တွေမှာ သိသိသာသာ ခြေစွမ်းကျဆင်းပြီး ပုံမှန် ပွဲထွက်ခွင့်မရပဲ ရုန်းကန်နေရသူပါ။ အင်္ဂလန်သားက ၂ဝ၂၄-၂၅ ပရီးမီးယားလိဂ်မှာ မန်စီးတီး အတွက် ၇ ပွဲသာ ပွဲထွက် ကစားခွင့် ရခဲ့ပြီးတော့ အသင်း ကနေ ထွက်ခွာတော့မယ့် သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ အသင်း အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင် ကစားခဲ့ရာမှာ ၃ ဂိုး သာ သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးက ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီးနောက် မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ဒီ နွေရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဂရီးလစ်ရှ် ကလည်း မန်စီးတီး ကနေ ထွက်ခွာဖို့ များတဲ့ ကစားသမား စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပြီး နာပိုလီနဲ့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂရီးလစ်ရှ်ကို အမေရိကန် မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း အလိုရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သား ကတော့ ဥရောပ ထိပ်တန်း ကလပ်တွေ မှာသာ သူ့ရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းလိုနေပြီး ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်