မနေ့ညက ဟယ်ရီကိန်း ကတော့ ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဆုဖလား လက်မဲ့ ကျိန်စာဆိုး အောက်ကနေ ရုန်းထွက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ကစားသမား ဘ၀ ပထမဦးဆုံး အကြိမ် အဖြစ် ဆုဖလား ရယူနိုင်ခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူးက အခုဆိုရင်တော့ သူ့အတွက် ဒုတိယမြောက် ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်လျက် ရှိကြောင်း သိရပါတယ်။
ဟယ်ရီကိန်း အနေနဲ့ ဘေယန်မြူးနစ်နဲ့ အတူ ဒုတိယမြောက် ရာသီမှာ ဘွန်ဒက်စ်လီဂါ ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပြီး လာမယ့် စနေနေ့ မိုချန်ဂလာဘတ်နဲ့ အိမ်ကွင်း ပွဲစဉ် အပြီး ချန်ပီယံ အောင်ပွဲခံ အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ ဒီလို ချန်ပီယံဆုနဲ့ အတူ အောင်ပွဲခံနိုင်တော့မယ့် ကိန်းက အခုလိုပဲ သူ့ရဲ့ ခံစားချက်တွေကို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ ကိန်းက “အံ့အားသင့်စရာကောင်းတဲ့ ခံစားမှုပါပဲ။ အချိန်အတော်ကြာမှ ရောက်လာခဲ့ပါတယ်။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး အများကြီးလည်း အာရုံစူးစိုက်ခဲ့ရပါတယ်။ ဖလားရခဲ့တာ ကတော့ တကယ်ပဲ ချိုမြိန်လွန်းပါတယ်။ ဒါက ကျွန်တော့် ကစားသမား ဘဝရဲ့ ပထမဦးဆုံး အောင်မြင်မှု တစ်ခုပါ။ ထောက်ခံအားပေးမှု အားလုံး အတွက် အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ဒါကို ဘယ်တော့မှ သတိမမူဘဲ မနေပါဘူး။ စနေနေ့ အလိုင်းရန့်ဇ် အရီနာ မှာ အောင်ပွဲခံဖိုကို မစောင့်နိုင်တော့ပါဘူး။ အဲဒါတွေပြီးတော့ အမြဲတမ်း ကျွန်တော်တို့ နောက်ထပ် ဖလားတွေ ရယူဖို့ မျှော်လင့် စောင့်စားနေမိပါတယ်။ ပြီးတော့ ကျွန်တော်တို့ နောက်ထပ် ဖလား ရဖို့ ကြိုးပမ်းသွားပါမယ်။” လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟယ်ရီကိန်း ကတော့ ယခင် ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၁ ကြိမ်၊ ခရာဘောင်ဖလား ဗိုလ်လုပွဲ ၂ ကြိမ်၊ ဘေယန်မြူးနစ်နဲ့ ဂျာမန် စူပါဖလား ၁ ကြိမ်၊ အင်္ဂလန်နဲ့ ယူရို ဗိုလ်လုပွဲ ၂ ကြိမ် ကစားခဲ့ဖူးပေမယ့်လည်း ချန်ပီယံ အောင်မြင်မှုနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်း အနေနဲ့ ဆုဖလား အောင်မြင်မှု ရယူချင်တာကြောင့် အသင်းကောင်း ရှားတဲ့ ဘွန်ဒက်စ်လီဂါကို ပြောင်းရွှေ့ ကစားခဲ့ပေမယ့် ရောက်ရောက်ချင်း ရာသီမှာပဲ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်က ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ဆုဖလား အောင်မြင်မှုနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း ဟယ်ရီကိန်းရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပြီး အခုဆိုရင်တော့ အသင်းဖော်တွေနဲ့ အတူ ‘We are the Champion’ သီချင်းသီဆိုပြီး အောင်ပွဲခံနေတဲ့ ဗီဒီယိုကို X မှာ တင်ထားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး တို့ဟာ မကြာခင်မှာ ကျင်းပမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ကိန်း အနေနဲ့လည်း ဒုတိယမြောက် ဆုဖလား အတွက် မျှော်လင့်နိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကိန်းက ဘွန်ဒက်စ်လီဂါ ဂိုးသွင်း အများဆုံး ကစားသမားဆု ကို ၂ ရာသီ ဆက်တိုက် ရရှိဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။ ကိန်းက ဒီရာသီ ဘွန်ဒက်စ်လီဂါ လက်ကျန် ပွဲစဉ် ၂ ပွဲ အလိုမှာပဲ သွင်းဂိုး ၂၄ ဂိုးနဲ့ ဦးဆောင်နေပြီးတော့ ဒေါ့မန် တိုက်စစ်မှူး ဂူရက်ဆီနဲ့ လေဗာကူဆင် တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ် တို့ထက် ၅ ဂိုး ပိုများနေပါတယ်။ ကိန်းဟာ ပြီးခဲ့တဲ့ ရာသီက ၃၆ ဂိုးနဲ့ ဘွန်ဒက်စ်လီဂါ ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.