ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲပြီးနောက်ပိုင်းကစားသမား၃ဦးနဲ့သာစကားပြောဆိုဖြစ်ခဲ့ကြောင်းနည်းပြဟောင်းအိုလီဂန်နာဆိုးလ်ရှားကဖွင့်ဟလာခဲ့ပါတယ်။ဆိုးလ်ရှားဟာယူနိုက်တက်ကို၃နှစ်နီးပါးတာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက်ပြီးခဲ့တဲ့၂၀၂၁ခုနှစ်နိုဝင်ဘာလမှာအိုးထရက်ဖို့ဒ်ကိုစွန့်ခွာလာခဲ့ရသူဖြစ်ပါတယ်။
ဆိုးလ်ရှားအနေနဲ့လက်ရှိမှာတူရကီကလပ်ဘက်ဆစ်တပ်စ်ရဲ့နည်းပြတာဝန်ကိုယူထားပြီးတော့အင်တာဗျူးတစ်ခုမှာသူမန်ချက်စတာယူနိုက်တက်ကနေထုတ်ပယ်ခံခဲ့ရချိန်ကတည်းကဘရူနိုဖာနန်ဒက်စ်၊ဟယ်ရီမက်ဂွိုင်းယားနဲ့ဗစ်တာလင်ဒီလော့ဖ်တို့နဲ့သာအဆက်အသွယ်ရှိခဲ့ကြောင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။
နော်ဝေလူမျိုးနည်းပြဟာ BBC Sportနဲ့အင်တာဗျူးမှာအခုလိုပဲပြောကြားလာခဲ့တာဖြစ်ပါတယ်။“ကျွန်တော့်အတွက်ကတော့ဟယ်ရီ (မက်ဂွိုင်းယား)ကအမြဲတမ်းခေါင်းဆောင်တစ်ဦးဖြစ်သလိုတိုက်ခိုက်ရေးသမားတစ်ဦးပါ။ကျွန်တော်သူ့ကိုလက်မှတ်ရေးထိုးပြီးတဲ့အခါမှာကျွန်တော်သံသယကင်းကင်းနဲ့သူကိုယုံကြည်ပေးခဲ့ပြီးကျွန်တော်တို့အတွက်အသင်းခေါင်းဆောင်ဖြစ်မယ်လို့ယုံကြည်ခဲ့ပါတယ်။နောက်ပြီးခေါင်းဆောင်တစ်ဦးရှိပါသေးတယ်။သူကဘရူနို (ဖာနန်ဒက်စ်) ဖြစ်ပါတယ်။သူတို့နှစ်ဦးကထိပ်တန်းကစားသမားတွေပါ။ဘီလ်ဘာအိုကွင်းမှာယူရိုပါလိဂ်နိုင်ပွဲရခဲ့တဲ့အတွက်ကျွန်တော်အရမ်းပဲပျော်ရွှင်ခဲ့ပါတယ်။”လို့ဆိုပါတယ်။
ဆက်လက်ပြီးဆိုးလ်ရှားက “သူတို့နှစ်ယောက်နဲ့ဗစ်တာ (လင်ဒီလော့ဖ်) ကကျွန်တော်ထွက်သွားကတည်းကကလပ်ရဲ့အကြောင်းတွေကိုကြားသိစေတဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်သူတို့ကိုအကောင်းဆုံးတွေပဲဖြစ်စေချင်ခဲ့ပါတယ်။”လို့ပြောကြားသွားခဲ့ပါသေးတယ်။

ဒါ့အပြင်ဆိုးလ်ရှားကယူနိုက်တက်အနေနဲ့ပြီးခဲ့သည့်နွေရာသီမှာစကော့တ်မက်တော်မီနေးကိုနာပိုလီအသင်းထံဘာကြောင့်ရောင်းထုတ်ခဲ့သလဲဆိုတာနားမလည်ကြောင်းသူ့ရဲ့ကလပ်ဟောင်းရဲ့ဆုံးဖြတ်ချက်ကိုလည်းမေးခွန်းထုတ်ခဲ့ပါသေးတယ်။စကော့တလန်လက်ရွေးစင်ကစားသမားဟာအီတလီမြေမှာအောင်မြင်နေပြီးတော့နာပိုလီကိုလည်းစီးရီးအေချန်ပီယံဖြစ်လာဖို့အတွက်အဓိကကျတဲ့နေရာကနေထမ်းတင်ပေးနေသူဖြစ်ပါတယ်။
အသက်၅၂နှစ်အရွယ်နည်းပြက “စကော့တ်နဲ့ဖရက်ဒ်တို့ကိုအတူတကွထားမယ်ဆိုရင်သူတို့က၁၀၀ရာခိုင်နှုန်းပေးဆပ်ဖို့ရှိနေတဲ့ကောင်လေးတွေဖြစ်နေပါလိမ့်မယ်။ကျွန်တော်မရှိတဲ့နောက်ဘယ်လိုများစကော့တ်ကိုရောင်းထုတ်ရက်ခဲ့တာလဲ။”လို့လည်းပြောကြားသွားခဲ့ပါသေးတယ်။
ဆိုးလ်ရှားဟာလက်ရှိတူရကီထိပ်သီးကလပ်ဘက်ဆစ်တပ်စ်ကိုကိုင်တွယ်နေပြီးတော့၁၇ပွဲမှာ၉ပွဲနိုင်၊၃ပွဲသရေ၊၅ပွဲရှုံးရလဒ်ရရှိအောင်စွမ်းဆောင်ပေးထားပါတယ်။ဆိုးလ်ရှားဟာနော်ဝေကလပ်မိုးလ်ဒီ၊ဝေးလ်စ်ကလပ်ကာဒစ်ဖ်နဲ့ပရီးမီးယားလိဂ်ကလပ်ယူနိုက်တက်တို့ကိုကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ဆိုးလ်ရှားဟာကစားသမားဘဝမှာယူနိုက်တက်နဲ့အတူပရီးမီးယားလိဂ်ဖလား၆ကြိမ်အပါအဝင်ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့ပေမယ့်နည်းပြဘဝမှာတော့ကျရှုံးမှုတွေပိုများခဲ့ပါတယ်။ဆိုးလ်ရှားအနေနဲ့ယူနိုက်တက်ကိုအမြင့်ဆုံးအောင်မြင်မှုအဖြစ်၂၀၂၀-၂၀၂၁ဘောလုံးရာသီယူရိုပါလိဂ်ဗိုလ်လုပွဲကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.