ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ဒီနွေရာသီမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အာဆင်နယ် အတွက် ဒီနွေရာသီ အပြောင်းအရွှေ့ဟာ အလုပ်များတဲ့ အပြောင်းအရွှေ့ ဖြစ်ဖို့ ရှိပြီး အခုနောက်ဆုံး ရရှိတဲ့ သတင်းအရ ဆိုရင် ဂန်းနားတွေဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်ရဲ့ တောင်ပံကစားသမား အန်တိုနီကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အတွက် တွန်းအားပေး လုပ်ဆောင်လျက် ရှိပြီး ဒီကစားသမား ကလည်း အာဆင်နယ် ပရိသတ်တွေ အကြိုက်လည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီမှာ နံပါတ် ၉ တိုက်စစ်မှူး မဖြစ်မနေ ခေါ်ယူရမှာ ဖြစ်သလို တခြားသော နေရာတွေ အတွက်လည်း အင်အား ဖြည့်တင်းရဦးမှာပါ။ မီခဲလ် အာတေးတား ကတော့ ဘီလ်ဘာအို တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို တော်တော်လေး သဘောကျနေပြီး ရာဖေးလ် လီယောင်၊ အဒမ်မိုလာ လွတ်ခ်မန်း တို့ကလည်း အာဆင်နယ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေပါတယ်။ အခုတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မတိုင်ခင် သူတို့ရဲ့ ရှေ့တန်း ပြင်ဆင်မှုတွေ အတွက် အန်တိုနီက ပစ်မှတ်ထဲ ပါဝင်လာပြီး ဒီကစားသမား ကိုတော့ ပရိသတ်တွေ တော်တော်များများက ခေါ်ယူစေချင်တဲ့ အခြေအနေမှာတော့ ရှိမနေပါဘူး။

ဘရာဇီးလ် မီဒီယာတစ်ခု ဖြစ်တဲ့ UOL ကတော့ ဂန်းနားတွေဟာ နွေရာသီ အပြောင်းအရွှေ့မှာ အန်တိုနီကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ဖို့ အလားအလာ ရှိတဲ့ ကလပ် အသင်း များစွာထဲက တစ်သင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဒုတိယမြောက် စျေးအကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပေမယ့်လည်း ဘရာဇီးလ်သားက အိုးထရက်ဖို့ဒ် မှာတော့ သူ့ရဲ့ မြင့်မားတဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ ဒါကြောင့် အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ လာလီဂါ ကလပ် ဘက်တစ်ကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။
အန်တိုနီက မန်ဝဲလ် ပယ်လီဂရီနီရဲ့ လက်အောက် မှာတော့ အစွမ်းကုန် တောက်ပနေပြီး လာလီဂါ ၁၂ ပွဲမှာ ၅ ဂိုး သွင်းယူကာ ဘက်တစ်တို့ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ အဓိကကျတဲ့ ကစားသမား အဖြစ် ရှိနေပါတယ်။ အန်တိုနီဟာ ရီးရဲလ်ဘက်တစ် အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပြီး ၆ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးပေးပါတယ်။ ဒီလို ဘက်တစ်မှာ ခြေစွမ်းပြနေသည့် တိုင်အောင် အန်တိုနီ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မှာတော့ အနာဂတ် မရှိတော့ဘူးလို့ သိရပါတယ်။ အန်တိုနီကို ယူနိုက်တက် ဘက်က ဒီနွေရာသီမှာ အမြဲတမ်း အပြောင်းအရွှေ့နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေသလို သူကိုယ်တိုင်လည်း ထွက်ခွာချင်နေပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ အန်တိုနီ အတွက် ၂၀၂၂ ခုနှစ်မှာ အဲရစ်ခ် တန်ဟက်ဂ် ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၈၆ သန်း ကိုတော့ ပြန်လည် ရှာဖွေနိုင်မှာ မဟုတ်ပဲ ပေါင် ၂၅ သန်း ကနေ ၃၅ သန်း ကြားနဲ့သာ ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အန်တိုနီကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်လာချိန်မှာပဲ ဘရာဇီးလ်သားက လာလီဂါမှာ ဆက်ရှိနေဖို့လည်း များနေပါတယ်။ အန်တိုနီကို ဘက်တစ်က အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းနေသလို အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.