နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူစုံထုတ်လာပေမယ့် အိမ်ကွင်း မှာလည်း ဘုန်းမောက်ကို ထပ်မံ ဒူးထောက်ခဲ့ရတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာတော့ အာဆင်နယ်က ဘုန်းမောက်ကို အိမ်ကွင်းမှာ ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ဘုန်းမောက်ကို ဒီရာသီ နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာလည်း နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။

မီခဲလ် အာတေးတားရဲ့ အသင်းက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ရှိပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး မာရင်နိုနဲ့ တင်ဘာက လွဲရင် လူစုံခဲ့ပါတယ်။ ဘုန်းမောက် ကလည်း အီဗန်နီလ်ဆင်၊ ကလွိုင်ဗက်၊ အော့တာရာ၊ တာဗာနီယာ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ ကီပါ တို့နဲ့ တောင့်တောင့်တင်းတင်း ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ ကစားဟန်ပိုင်း အရ ပြိုင်ဘက်ကို Dominate လုပ်နိုင်စွမ်း အားနည်းခဲ့ပြီး အခွင့်အရေးတွေလည်း ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း အိုဒီဂတ် တစ်ယောက် ပုံစံကောင်း အနည်းငယ် ပြန်လည် ရရှိခဲ့ခြင်းနဲ့ အတူ Transition Play တွေမှာ အားကောင်းခဲ့ပြီး အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ အာဆင်နယ်က အိုဒီဂတ်ရဲ့ တိကျတဲ့ ဖန်တီးပေးပို့မှု ကနေ ရိုက်စ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် လစ်ဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကို အနိုင်ယူပြီး ဥရောပ ဝင်ခွင့် ဆက်လက် မျှော်လင့်နိုင်ခဲ့တဲ့ ဘုန်းမောက်

တင်ဘာ နေရာမှာ ကစားခဲ့တဲ့ ဘန်ဝှိုက် ကတော့ အရင်လို ခြေစွမ်းမျိုး ပြန်ရဖို့ အချိန်‌ယူရဦးမယ့် သဘော ရှိပါတယ်။ ဝှိုက် အနေနဲ့ ဒဏ်ရာ ပြန်ရမှာကို စိုးရိမ်နေပုံပေါ်တာကြောင့် ခြေစွမ်းကောင်း ပြန်မရသေးတာ ဖြစ်ပါတယ်။ ဝှိုက် ခြေစွမ်းမပြနိုင်ခြင်းနဲ့ အတူ ဒီနေ့ပွဲမှာလည်း အာဆင်နယ်ရဲ့ ညာတောင်ပံက အသင်းလိုက် ချိတ်ဆက် ကစားမှု အပိုင်းမှာ အားနည်းနေခဲ့တာ တွေ့ရပြီး ဆာကာ အနေနဲ့လည်း တာဝန်ပိုပိပြီး ဘောလုံးထိချက်တွေ မှာလည်း အရင်ပွဲတွေနဲ့ မတူပဲ သိသိသာသာ ရုန်းကန်ခဲ့ရပါတယ်။

ရိုက်စ် ကတော့ ပထမပိုင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ သာမက ခံစစ်ပိုင်းမှာလည်း တာဝန်ကျေခဲ့ပါတယ်။ အာဆင်နယ် အတွက် ပြဿနာက ဒုတိယပိုင်းမှာ စတာ ဖြစ်ပြီး အရင် ပွဲတွေလိုပဲ ဖြစ်ခဲ့ပါတယ်။ ခြေစွမ်း တအိအိ ကျဆင်းလာတဲ့ အာဆင်နယ်တို့ ပွဲချိန် ၆၇ မိနစ်မှာ ချေပဂိုး ပေးခဲ့ရပြီး ၇၅ မိနစ် မှာတော့ အနိုင်ဂိုး ပေးခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒီလိုပုံစံ အတိုင်း ဖြစ်နေတာ ပွဲပေါင်း မနည်းတော့ပါဘူး။ ဦးဆောင်ဂိုး သွင်း၊ ချေပဂိုး ပြန်ပေး ဆိုတာနဲ့ အားမရလို့ အခုဆိုရင် ပြိုင်ဘက်ကို အနိုင်ဂိုးပါ ခွင့်ပြုပေးနေပါပြီ။ ပီအက်စ်ဂျီနဲ့ ပွဲမတိုင်ခင် Rhythm နဲ့ စိတ်ခွန်အား မြှင့်တင်ဖို့ အာဆင်နယ်တို့ ဒီပွဲကို လူစုံထုတ်လာခဲ့ပေမယ့် ရှုံးပွဲပါ ကြုံသွားရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ဒီပွဲ အပြီးမှာ အာဆင်နယ်က ရမှတ် ၆၇ မှတ်နဲ့ အဆင့် ၃ နေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်သေးပေမယ့် လက်ရှိ ခြေစွမ်းအတိုင်း ဆက်ကစားရင်တော့ စည်သူလွင် ဖြစ်ဖို့တောင် မသေချာတဲ့ အခြေအနေပါ။ အာဆင်နယ်ဟာ အင်္ဂါနေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်ကို ဖောင်ဖျက် ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ ဆိုရင်တော့ အာဆင်နယ် အနေနဲ့ ပီအက်စ်ဂျီကို ပဲရစ်မှာ အနိုင်ကစားဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဂန်းနားတွေဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် လစ်ဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။  ဒီပွဲ ရလဒ်ကြောင့် ဘုန်းမောက် ကတော့ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်