ယာဂင် ကလော့ပ် အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လာလီဂါ ကလပ် ကတော့ အလွန်ဆို ကိုသာ နည်းပြ အဖြစ် ခန့်အပ်ဖို့ အပြည့်အဝ အာရုံစိုက်ထားကြောင်း သတင်းတွေက ဖော်ပြပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ ဒီနွေရာသီမှာ အသင်းနဲ့ လမ်းခွဲဖို့ များနေပြီး ဘရာဇီးလ် လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က မန်နေဂျာသစ် တစ်ဦးကို စတင် ရှာဖွေနေပြီး ကလော့ပ်၊ အလွန်ဆို တိုနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
စပိန်သား အလွန်ဆို ကတော့ အန်ဆယ်လော့တီရဲ့ နေရာကို ဆက်ခံဖို့ ကာလရှည်ကြာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သူ့ရဲ့ လေဗာကူဆင်နဲ့ လက်ရှိ စာချုပ်နဲ့ ခေါ်ယူမှု အတွက် ရှုပ်ထွေးမှုတွေ မြင့်မားတဲ့ ကုန်ကျစရိတ်တွေ ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် နည်းပြဟောင်း ယာဂင် ကလော့ပ်နဲ့ ဆက်သွယ်နေကြောင်း သတင်း တချို့က ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲ အဖြစ် လက်ရှိမှာ တာဝန်ထမ်းဆောင်လျက် ရှိပြီး သူ့ရဲ့ အေးဂျင့် ဖြစ်သူ ကလည်း ဒီရာထူး အတွက် ပျော်ရွှင်နေကြောင်း အတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုလို ပွင့်ပွင်းလင်းလင်း ဖြေရှင်းထားသည့် တိုင်အောင် ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဖြစ်လာနိုင်တဲ့ ထင်ကြေးပေးမှုတွေ ကိုတော့ မရပ်တန့်နိုင်သေးပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ အန်ဆယ်လော့တီ နေရာမှာ အစားထိုးဖို့ အတွက် ကလော့ပ်နဲ့ တဖန် ဆက်သွယ်ခဲ့ကြောင်း ဒီတစ်ပတ် အစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ မထင်မှတ်တာတွေ မကြာခင်မှာ ဖြစ်လာနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ် အနေနဲ့ အလွန်ဆို အပေါ်မှာသာ အာရုံစိုက်ထားကြောင်း ဖော်ပြခဲ့ပါတယ်။ ရိုမာနိုက “ကျွန်တော် ယာဂင် ကလော့ပ်နဲ့ ပတ်သက်ပြီး မေးခွန်းပေါင်း များစွာကို ကျွန်တော် ဆက်လက် စောင့်ကြည့်နေဆဲပါ။ ဒီကောလဟာလ အတွက် ကျွန်တော် တို့မှာ အချိန် အများကြီး ရှိတာကြောင့် ဒီဇာတ်လမ်းကို သီတင်း အပတ်တွေ ကြာအောင် စစ်ဆေးနေပါတယ်။” လို့ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရိုမာနိုက “ဒါပေမယ့် ယာဂင် ကလော့ပ်နဲ့ ပတ်သတ်ပြီး ကျွန်တော် သိရသလောက်က ကလော့ပ်ကို ရီးရဲလ်မက်ဒရစ်မှာ လူတချို့က တော်တော်လေးကို အထင်ကြီး တန်ဖိုးထားကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ ကလော့ပ်ရဲ့ အေးဂျင့်က လူသိရှင်ကြား ထွက်ပြီး ရက်ဘူးလ်မှာ ဘယ်လောက်အထိ ပျော်ရွှင်နေတယ် ဆိုတာ ရှင်းပြထားပြီးသားပါ။ အဲဒါက ဇာဘီ အလွန်ဆို အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ပိုပြီး ခိုင်မာသွားစေပါတယ်။ ဒါကြောင့် အလွန်ဆို အနေနဲ့ လေဗာကူဆင် ကနေ ထွက်ခွာမယ့် လုပ်ငန်းစဉ် ကိုပဲ စောင့်ရမှာပါ။ ဇာဘိ အလွန်ဆိုနဲ့ ရီးရဲလ်မက်ဒရစ် တို့ အကြား သဘောတူညီမှုက ပြဿနာရှိမှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ အလွန်ဆို ကတော့ သူ့ အနေနဲ့ ဒီနွေရာသီမှာ လာလီဂါ ကလပ်ကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင် ကွင်းလယ် ကစားသမား ၂ ဦးနဲ့ နောက်ခံလူ ၁ ဦး ခေါ်ယူပေးဖို့ တောင်းဆိုဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.