အန်ဇို မာရက်စ်ကာ ကတော့ အသင်း အတွေ့အကြုံရင့်တဲ့ ကစားသမားတွေ ပိုမို ခေါ်ယူပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြဟာ လစ်ဗာပူးလ်ရဲ့ ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ အသင်း အပေါ် အကျိုးသက်ရောက်မှုတွေကို ထောက်ပြ ချီးကျူးပြီးတော့ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ချဲလ်ဆီးဟာ လူငယ်ကစားသမား များစွာ ပိုင်ဆိုင်ထားပြီးတော့ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး အသင်းလည်း ဖြစ်နေပါတယ်။ ဒီအချက်ဟာ ချဲလ်ဆီးတို့ ဒီရာသီမှာ ခြေစွမ်း တည်ငြိမ်မှု မရှိခြင်းရဲ့ အဓိက အကြောင်းရင်း အဖြစ် နည်းပြ အန်ဇို မာရက်စကာက လက်ခံထားပြီး ပြင်ဆင်ဖို့ လိုအပ်ကြောင်း ကလပ် ဘုတ်အဖွဲ့ဝင်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မာရက်စကာက “လစ်ဗာပူးလ်နဲ့ ကျွန်တော်တို့ အသင်းရဲ့ ကွာခြားချက် ကတော့ ကျွန်တော် တို့နဲ့ ယှဉ်ရင် တည်ငြိမ်မှု ရှိနေတာ ဖြစ်ပါတယ်။ ဒီရာသီရဲ့ တချို့သော အချိန်ကာလ တချို့မှာ ကျွန်တော်တို့ အရမ်းကို ကောင်းတဲ့ ခြေစွမ်းတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲတွေ ပြန်ရှုံးခဲ့ပါတယ်။ ဒါက အသင်းမှာ တည်ငြိမ်မှု မရှိတာကို ပြနေပြီး အဓိက အကြောင်းရင်းလည်း ဖြစ်ပါတယ်။ နောက်ပြီး ပွဲတွေကို ဘယ်လိုမျိုး အနိုင်ရအောင် ကစားရမလဲ ဆိုတာ သိတဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ပိုင်ဆိုင်မှု အပိုင်း မှာလည်း လစ်ဗာပူးလ်က ကျွန်တော်တို့ထက် သာသွားပါတယ်။ ဒီလို ထိပ်တန်း ကလပ်တွေနဲ့ ကွာဟချက်ကို လျှော့ချချင်တယ် ဆိုရင်တော့ အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်တာ အသေအချာပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ပွဲ ကစားထားရာမှာ ၁၇ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ၈ ပွဲ ရှုံးခဲ့ပြီး နောက်ဆုံး ၁၈ ပွဲမှာ ၇ ပွဲသာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီးက လက်ကျန် ပွဲစဉ်တွေ အဖြစ် လစ်ဗာပူးလ်၊ နယူးကာဆယ်၊ ယူနိုက်တက်၊ နော့တင်ဟမ်ဖောရက်စ် တို့နဲ့ ကစားရဦးမှာ ဖြစ်ကာ တော်တော်လေး ခက်ခဲတဲ့ ပွဲစဉ်တွေကို ကျော်ဖြတ်ရဦးမှာပါ။
ချဲလ်ဆီးဟာ မေလ ၄ ရက်နေ့ တနင်္ဂနွေနေ့မှာ လစ်ဗာပူးလ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်ကို ဂုဏ်ပြုကြိုဆိုခြင်း (Guard of Honour) ပြုလုပ်ပေးရမှာလည်း ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီတွေက အမြတ်ငွေ များစွာ ရရှိထားတာကြောင့် ဘဏ္ဍာရေးအပိုင်းမှာ တောင့်တင်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးက လာမယ့် အပြောင်းအရွှေ့မှာ ကစားသမား အင်အား ဖြည့်တင်းဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။ ချဲလ်ဆီးဟာ တိုက်စစ်ပိုင်း အတွက် အဆုံးသတ် ကောင်းမွန်ပြီး ပုံမှန် ဂိုးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူး တစ်ဦးကို အဓိကထား ခေါ်ယူသွားဖို့လည်း ရှိနေကာ ကျန်နေရာတွေ အတွက်လည်း ထိပ်တန်း အဆင့် ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။ လက်ရှိ အချိန်ထိတော့ ချဲလ်ဆီးဟာ စပိုတင်းလစ္စဘွန်းက ပေါ်တူဂီ လူငယ်ကစားသမား ၂ ဦး ဖြစ်တဲ့ ကန်ဒါနဲ့ အီဆူဂို တို့ကို ယူရို ၇၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.