နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှေ့ဆက်ဖို့ထက် နောက်ပြန်ဆွဲနေတဲ့ စီးရီး‌အေ လက်ရှိ ချန်ပီယံ

နာပိုလီရဲ့ ကံကြမ္မာ အလှည့်အပြောင်းက ဒီလောက်ကြီး မြန်ဆန်သွားလိမ့်မယ်လို့ မထင်ခဲ့ရိုး အမှန်ပါပဲ။ အနည်းဆုံးတော့ ပြီးခဲ့တဲ့ ရာသီက အရှိန်နဲ့ ဒီရာသီအစကို မာမာတင်းတင်း ဖြတ်သန်းနိုင်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် International Break နှစ်ခုပြီးသွားချိန် အထိ စီးရီးအေ လက်ရှိ ချန်ပီယံ တို့ရဲ့ အခြေအနေက ရှေ့မတက်ပဲ နောက်ပြန်ဆွဲနေဆဲ ဖြစ်ပါတယ်။

အဓိက ပြဿနာက နည်းပြ အပြောင်းအလဲ ဖြစ်သွားခဲ့တာက စမယ်လို့ ထင်ပါတယ်။ ဗဟိုနောက်ခံလူ နေရာမှာ ကင်မင်ဂျေးကို လက်လွှတ်လိုက်ရတာ မှန်ပေမယ့် အိုဆင်မ်ဟန်၊ ခီလီယာတို့လို ကစားသမားတွေကို ဆက်ပြီး ထိန်းနိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ ယူရို 2024
နယ်သာလန်
ပြင်သစ်
1X2 ပြင်သစ်2.26
ပြင်သစ် အာရှ ဟန်းဒီးကပ် 0.00 @ 1.63
ဂိုးပေါ် 2.50 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီလို အနေအထားမျိုးမှာ အသင်းက ဒီလောက်ကြီး ဟန်ချက်ပျက်သွားတာက လွန်ပါတယ်။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဦးဆောင်သူ မတူတော့တဲ့ အချက်ကြောင့်ပါပဲ။ စပယ်လက်တီက စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးပြီးချိန်မှာ ရုတ်တရက်ကြီး ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာပါ။

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က ဆက်ဆွဲထားဖို့ ကြိုးစားခဲ့ပေမယ့် လူစီယာနို စပယ်လက်တီ ကိုယ်တိုင် ကလည်း အနိုင်ပိုင်းဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ အခု နောက်ရောက်လာတဲ့ နည်းပြသစ် ရူဒီ ဂါစီယာက ဘယ်လိုမှ ရုပ်မထွက်ဘဲ နာပိုလီတို့ တိုင်ပတ်ခဲ့ပါတော့တယ်။

အသင်းက ဒီရာသီ စီးရီးအေ (၈) ပွဲ ကစားပြီးချိန်မှာ (၄) ပွဲသာ နိုင်ထားပြီး (၂) ပွဲ သရေ၊ (၂) ပွဲ ရှုံးထားပါတယ်။ ပိုဆိုးတဲ့ အချက်က ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု ဖြစ်ပြီး ခြေစွမ်းပိုင်းထက် စာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးတာ၊ ချန်ပီယံဆု ကာကွယ်ဖို့ ဖိအားတွေ အများကြီး ပိသွားတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလို အနေအထားမျိုးမှာ နည်းပြ အပြောင်းအလဲပါ ဖြစ်ပြီး ကစားသမားတွေက ပုံစံသစ် တစ်ခုထဲကို ဝင်ရောက်ရချိန်မှာ အားလုံး ရှုပ်ကုန်ပါတယ်။ ဒီကြားထဲ အိုဆင်မ်ဟန်နဲ့ အသင်း အကြား ပြဿနာ ကလည်း တော်တော်လေးကို ဂယက်ရိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်၊ စီးရီးအေရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သူကို ပင်နယ်တီ မဝင်တာနဲ့ပဲ နာပိုလီ ဘက်က ပြန်လည် လှောင်ပြောင်တာကလည်း စိတ်ပျက်စရာပါ။ အခုတော့ နည်းပြသစ် ရူဒီ ဂါစီယာလည်း အသင်းသစ်မှာ (၁၀) ပွဲ မပြည့်ခင် တိုင်ပတ်နေပါပြီ။

ဒီလော်ရန်းတစ် ကိုယ်တိုင်က နည်းပြသစ် ရှာဖွေနေရတဲ့ အကြောင်းကို အရိပ်အမြွက် ပြောကြားထားပြီး ကွန်တီနဲ့ သတင်းထွက်ခဲ့ပေမယ့် ဆရာသမား ကလည်း ငြင်းဆန်ထားပါတယ်။ ရူဒီ ဂါစီယာ အနေနဲ့လည်း စီးရီးအေ အတွေ့အကြုံရှိခဲ့သည့်တိုင် ပိုင်ရှင်က တင်းကျပ်လွန်းတဲ့ အပြင် နှစ်ပေါင်းများစွာ ကြာမှ စီးရီးအေကို တစ်ကျော့ပြန် ရထားတဲ့ အသင်းကို ဟန်ချက် မပျက်အောင် ကိုင်တွယ်ဖို့ကျ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိခဲ့ပါဘူး။

တကယ်တော့ ဒီရာသီ စီးရီးအေမှာ လူတွေက အင်တာမီလန်နဲ့ အေစီမီလန်တို့ မီလန်မြို့ခံ နှစ်သင်း ဆက်တိုက် ခြေစွမ်းပြနေတာ၊ ဂျူဗင်တပ်စ် ပြန်တက်လာတာ၊ မော်ရင်ဟိုနဲ့ ရိုးမားတို့ ရုန်းကန်နေရတာတွေ ကိုပဲ အာရုံစိုက်နေကြလို့ပါ။ နာပိုလီလည်း တော်တော်လေး တိုင်ပတ်နေပြီး နိုင်ငံတကာပွဲတွေ အပြီးမှာသာ ရလဒ် ထပ်ဆိုးခဲ့ရင် ဒါမှမဟုတ် အခု ကြားထဲမှာတင် နည်းပြ အပြောင်းအလဲ ဖြစ်သွားတာမျိုး ရှိနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်