နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာမာဒါကို မျက်စိကျနေတဲ့ ဘာဆာနဲ့ တီကို၊ ဖေမီနိုကို စိတ်မဝင်စားတဲ့ ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကာမာဒါကို မျက်စိကျနေတဲ့ ဘာဆာနဲ့ တီကို၊ ဖေမီနိုကို စိတ်မဝင်စားတဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၅ ရက်နေ့ ညနေခင်းရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ကာမာဒါကို မျက်စိကျနေတဲ့ ဘာဆာနဲ့ တီကို

စပိန် လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ် တို့ဟာ ဘွန်ဒက်လီဂါ ကလပ် ဖရန့်ဖတ်က ဂျပန် ကစားသမား ဒိုင်ချာ ကာမာဒါကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျပန် ကြယ်ပွင့်ဟာ ဖရန့်ဖတ်နဲ့ စာချုပ်သစ်ချုပ်ဆိုမှာ မဟုတ်ဘူးလို့ အတည်ပြုထားပြီး ဖြစ်ကာ အလွတ်နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်အရွယ် ကာမာဒါကို ၂၀၂၆ အထိ စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဖရန့်ဖတ်တို့ ငြင်းပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ကစားသမားက အခြားသော လိဂ် တစ်ခုမှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်နေတာ ဖြစ်ပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေက အလွတ်နဲ့ ရရှိမှာမို့ အခွင့်ကောင်းပါပဲ။ 

ဒါကြောင့်လည်း လာလီဂါ ထိပ်သီး နှစ်သင်းက သူ့အတွက် အပြိုင်အဆိုင် ဖြစ်နေကာ ဘယ်သူက လက်ဦးမှု ရယူနိုင်မလဲ စောင့်ကြည့်ရတော့မှာပါ။ ဒီရာသီမှာ သူက ဖရန့်ဖတ် တွက် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူပေးထားပြီး တိုက်စစ်နဲ့ ကွင်းလယ် တိုက်စစ်မှာ ကစားနိုင်သူ ဖြစ်ပါတယ်။ 

 

ဖေမီနိုကို စိတ်မဝင်စားတဲ့ ဘာစီလိုနာ

ဘာစီလိုနာကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး ရောဘတ်တို ဖေမီနိုကို လာလီဂါ ကလပ် ဘက်က စိတ်မဝင်စားဘူးလို့ သိရပါတယ်။
လစ်ဗာပူးလ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး ရောဘတ်တို ဖေမီနိုကို လာလီဂါ ကလပ် ဘက်က စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင်ဟာ ရာသီကုန်မှာ အန်ဖီးလ်က ထွက်ခွာတော့မှာ ဖြစ်ပြီး သူ့ကို အလွတ်နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်က ၁၂ လ သက်တမ်း ရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဖေမီနိုက ငြင်းဆန်ခဲ့တာပါ။ သူအနေနဲ့ ဘရာဇီးလ် ကိုလည်း ပြန်သွားကစားဖွယ် ရှိနေပြီး တကယ်လို့သာ ဥရောပ ထိပ်သီး အသင်းတွေက သူ့ကို အလိုရှိတယ် ဆိုရင်တော့ ဆက်လက် ကစားသွားဖွယ်ရာ ရှိနေတယ် လို့လည်း ယူဆရပါတယ်။ 

ဘာဆာ ကတော့ ဒီကစားသမားကို သူတို့က ဆက်သွယ်နေတာက မဟုတ်မှန်ကြောင်း ငြင်းဆန်ထားပါတယ်။ အခြားသော ပစ်မှတ်တွေ ကိုသာ သူတို့က စောင့်ကြည့်နေတာ ဖြစ်ပြီး ဖေမီနိုကို ခေါ်ယူမှာ မဟုတ်ကြောင်း စပိန် သတင်းစာ Marca ကလည်း ဖော်ပြခဲ့ပါတယ်။ 

 

မက်ဆီက သူလုပ်ချင်တာ လုပ်မှာပေါ့ ဆိုတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက လာလီဂါ အသင်းဟောင်းဆီ လီယွန်နယ် မက်ဆီ ပြန်လာနိုင်ချေ ရှိနေတဲ့ အပေါ် မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာဂျင်တီးနား ကြယ်ပွင့် အနေနဲ့ လုပ်ချင်တာ လုပ်နိုင်တယ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောကြားခဲ့ပါတယ်။

ဂျီရိုနာနဲ့ ကစားရမယ့် ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “သူ လုပ်ချင်တာ မှန်သမျှ သူ လုပ်နိုင်တယ်။ ဘာစီလိုနာ လည်း အတူတူပါပဲ။ အဲဒါက ကျွန်တော့် အတွက် ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော် မက်ဆီကို နှစ်သက်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ကျရင် ဘာစီလိုနာကို ပြန်လာတော့မယ်လို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး လီဂူးဝမ်း ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့က ကြာလေ မဖြစ်နိုင်ဖို့ ပိုများလေ ဖြစ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်