နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ကျွန်တော့်ရဲ့ နည်းစနစ်တွေကြောင့် ပီအက်စ်ဂျီကို အနိုင်ရခဲ့တယ်” ဆိုတဲ့ နေဂဲလ်စ်မန်း၊ ရီးရဲလ် အတွက် ကစားပေးချင်နေတဲ့ ဘယ်လင်ဟမ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

“ကျွန်တော့်ရဲ့ နည်းစနစ်တွေကြောင့် ပီအက်စ်ဂျီကို အနိုင်ရခဲ့တယ်” ဆိုတဲ့ နေဂဲလ်စ်မန်း၊ ရီးရဲလ် အတွက် ကစားပေးချင်နေတဲ့ ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၀ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

“ကျွန်တော့်ရဲ့ နည်းစနစ်တွေကြောင့် ပီအက်စ်ဂျီကို အနိုင်ရခဲ့တယ်” ဆိုတဲ့ နေဂဲလ်စ်မန်း 

ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက ပီအက်စ်ဂျီကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲမှာ အသင်းရဲ့ နည်းစနစ်တွေက အလုပ်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ နည်းပြက ဒီပွဲမှာ ဂျိုဆစ် စတန်နီဆစ်ကို အရဲစွန့် ပွဲထုတ်ခဲ့ပေမယ့် ဒီကစားသမားလေးက လီယွန်နယ် မက်ဆီ၊ ကီလီယန် အမ်ဘာပေး တို့ကို အသက်မဲ့သွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သော့ချက် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ 

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်စ်ပန်ညို
1X2 အက်စ်ပန်ညို @ 10.00
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.75 @ 2.06
ဂိုးပေါ် 2.75 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီး မှာလည်း နေဂဲလ်စ်မန်းက အသင်းရဲ့ အစီအစဥ်တွေက ပီအက်စ်ဂျီကို အသက်မဲ့စေခဲ့ကြောင်း၊ မက်ဆီရော၊ အမ်ဘာပေးရော နှစ်ယောက်လုံး လှုပ်မရခဲ့ဘဲ ပီအက်စ်ဂျီ ကစားကွက်နဲ့ သီးခြားစီ ဖြစ်သွားကြောင်းနဲ့ စတန်နီဆစ်ကို ချီးကျူးကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ဘေယန်မြူးနစ်ဟာ ပထမအကျော့ အဝေးကွင်းမှာလည်း ပီအက်စ်ဂျီကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း သုံးဂိုးပြတ်နဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

 

ရီးရဲလ် အတွက် ကစားပေးချင်ကြောင်း အသင်းဖော်တွေကို ထုတ်ပြောလိုက်တဲ့ ဘယ်လင်ဟမ်

ဒေါ့မန်ရဲ့ အသက် (၁၉) နှစ် အရွယ် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ် အသင်း အတွက် ကစားပေးလိုကြောင်း အသင်းဖော်တွေကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ 

အဆိုပါ အင်္ဂလန် လက်ရွေးစင် ကစားသမားလေးကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိပါတယ်။ 

ဒါ့အပြင် ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလေ ကလည်း ဘယ်လင်ဟမ် အတွက် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဥရောပ ထိပ်တန်း ကလပ် အများစုနဲ့ အသံထွက်နေတဲ့ ဘယ်လင်ဟမ်

ဒါ့အပြင် ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလေ ကလည်း ဘယ်လင်ဟမ် အတွက် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့် ဘယ်လင်ဟမ် ကတော့ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားလိုကြောင်း ဒေါ့မန် အသင်းဖော်တွေကို ပြောကြားထားတယ်လို့ သိရပြီး အသင်းဖော်တွေ ကလည်း ဘယ်လင်ဟမ် တစ်ယောက် ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းရွှေ့မယ်လို့ အခိုင်အမာ ယုံကြည်ထားကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ 

 

ချဲလ်ဆီးနဲ့ ပွဲမှာ ရှုံးချက်နာခဲ့တဲ့ ဒေါ့မန်

ဒေါ့မန်ရဲ့ ကြယ်ပွင့် ကစားသမား ဂျူလီယန် ဘရန့်တ်ဟာ ချဲလ်ဆီးကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ (၁၆) သင်း အဆင့် ရှုံးထွက်အဆင့် ပွဲမှာ ကြွက်သားစုတ်ပြဲ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ကစားသမားဟာ ဒဏ်ရာကြောင့် ပွဲစပြီး (၅) မိနစ်အကြာ မှာတင် အသင်းဖော် ရိုင်ယန် ရေနာနဲ့ လူစားလဲခဲ့ရပြီး ပွဲအပြီး မှာတော့ ဘရန့်တ်ရဲ့ ဒဏ်ရာက ကြွက်သား စုတ်ပြဲ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း အသင်းဘက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဒီဒဏ်ရာကြောင့်ပဲ ဘရန့်တ် အနေနဲ့ အသင်းရဲ့ အနီးကပ်ဆုံး ဘွန်ဒက်စ်လီဂါ ပွဲစဥ် နှစ်ပွဲကို သေချာပေါက် လွဲချော်ရမှာ ဖြစ်ပြီး အသင်း အတွက် ကြီးမားတဲ့ နစ်နာမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ 

ဘရန့်တ်ကို ခေါ်ယူဖို့ အတွက် အာဆင်နယ် ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒီလို အချိန်မျိုးမှာ အခုလိုမျိုး ဒဏ်ရာ ရရှိသွားခဲ့တာက ကစားသမား အတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်