နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – မနက်ခင်း သတင်းများ (၄/၁၀/၂၀၂၂)

အောက်တိုဘာ ၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

အူဒိုဂီ နာပိုလီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း အေးဂျင့်ဖွင့်ဟ

လက်ရှိ စီးရီးအေ ကလပ် အူဒီးနီးစ်မှာ ကစားနေတဲ့ Wing Back ကစားသမား ဒက်စ်တီနီ အူဒိုဂီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ နာပိုလီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း အေးဂျင့် ဖြစ်သူ စတီဖန်နိုအန်တိုနယ်လီက ပြောကြားခဲ့ပါတယ်။ 

အူဒိုဂီဟာ ပြီးခဲ့တဲ့နွေမှာ စပါးကို ရောက်ရှိခဲ့ပြီးနောက် အူဒီးနီးစ်မှာပဲ အငှားနဲ့ ပြန်လည် ကစားနေတာပါ။ အန်တိုနယ်လီက “ပြီးခဲ့တဲ့ နွေမှာ ကျနော် နာပိုလီ လေ့ကျင့်ရေးကွင်းကို ရောက်ရှိခဲ့ပြီး နာပိုလီ အားကစား ဒါရိုက်တာ ခရစ္စတီယာနို ဂီအန်တိုနီက အူဒိုနီနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်” 

“ဒါပေမယ့် အဲ့ဒီအချိန်က အရမ်းကိုခက်ခဲတဲ့ အချိန်ကာလပါ။ နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်ရဲ့ အနေအထားကို ကျနော်တို့ မသိနိုင်ခဲ့သလို အခြား အခြေအနေတွေလည်း အများကြီး ရှိခဲ့ပါတယ်။ နာပိုလီကို ပြောင်းရွှေ့ဖို့ အူဒိုဂီနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ဘာစီလိုနာ
1X2 သရေ (Draw) @ 3.85
ဂိုးပေါ် 3.00 @ 2.03
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တော့တီသာ ပြန်လာရင် အားလုံး ပျော်ရွှင်ရလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုက အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖရန်ဆစ္စကို တော့တီသာ အသင်းကို ပြန်လာမယ် ဆိုရင် အားလုံး ပျော်ရွှင်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

တော့တီဟာ သူ့ရဲ့ကစားသမားဘဝတလျှောက်လုံး စီးရီးအေ ကလပ် ရိုးမား မှာပဲ သစ္စာရှိရှိ ကစားပေးခဲ့သူပါ။ တော့တီက ကစားသမားဘဝ ကနေ (၂၀၁၇) မှာ အနားယူပြီးနောက် (၂၀၁၉) အထိ အသင်းရဲ့ ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ အဆိုပါ အီတလီ ဂန္တဝင်ကြီးက အသင်းကို ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေပြီး မော်ရင်ဟိုက “တော့တီသာ ပြန်လာမယ် ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ သူ့ရဲ့ ဘဝ အတွက် သူ ဘာကိုပဲ ရွေးချယ်သည် ဖြစ်စေ၊ တော့တီက ရောမမြို့ရဲ့ သင်္ကေတ တစ်ခု အဖြစ် ရှိနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ 

မော်ရင်ဟိုရဲ့ ရိုးမားဟာ မနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ စီးရီးအေ အဝေးကွင်းပွဲမှာ ခရစ် စမောလင်း၊ ပေါ်လို ဒီဘားလား တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁-၂ ဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။

တော့တီဟာ သူ့ရဲ့ကစားသမားဘဝတလျှောက်လုံး စီးရီးအေ ကလပ် ရိုးမား မှာပဲ သစ္စာရှိရှိ ကစားပေးခဲ့သူပါ။ တော့တီက ကစားသမားဘဝ ကနေ (၂၀၁၇) မှာ အနားယူပြီးနောက် (၂၀၁၉) အထိ အသင်းရဲ့ ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
တော့တီကို ရိုးမား အသင်းထံ ပြန်လာစေချင်နေတဲ့ နည်းပြ မော်ရင်ဟို

ဒီလစ်ဂ်ကို ပြန်လည် ဝေဖန်လိုက်တဲ့ အေစီမီလန်နောက်ခံလူဟောင်းကြီး

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားပြီးနောက် ဂျူဗင်တပ်စ်နဲ့ ပတ်သက်လို့ ပြန်လည် ဝေဖန်ခဲ့တဲ့ နောက်ခံလူ မာသီးယပ်စ် ဒီလစ်ဂ်ကို အီတလီ ဂန္တဝင် နောက်ခံလူဟောင်း အဲလက်စ်ဆန်ဒရို နက်စတာက ပြန်လည် တုံ့ပြန်လာပါတယ်။ 

ဒီလစ်ဂ်က ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ဖလား ရရှိဖို့ ရည်မှန်းချက် မြင့်မားနေကြောင်း၊ စီးရီးအေ ကလပ်မှာ ရှိနေခဲ့တုန်းက ဒါမျိုး မမြင်တွေ့ခဲ့ရကြောင်း ဝေဖန်ခဲ့တာပါ။ ဒီလစ်ဂ်ဟာ ပြီးခဲ့တဲ့ နွေကမှ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ဒီလစ်ဂ်ရဲ့ ပြောစကားတွေ အပေါ် နက်စတာက “ဒီလစ်ဂ်နဲ့ ပတ်သက်လို့လား။ ကျနော် ကြေညာချက်တွေတော့ လုပ်နေမှာ မဟုတ်ပါဘူး။ ဂျူဗင်တပ်စ်က သူ့အတွက် ယူရိုသန်း (၇၀) ပေးခဲ့ရပါတယ်။ သူတို့က ပေးခဲ့ရတဲ့ တန်ကြေး အတိုင်း ပြန်လိုချင်ခဲ့ပါတယ်” 

“ဒါပေမယ့် ဒီလစ်ဂ်က အကြာကြီး ဒဏ်ရာရနေခဲ့တယ်လေ။ ဘေယန်မြူးနစ်မှာလား။ သူ သွားချင်သလို သွားလိုက်ပေါ့” လို့ ပြစ်တင်ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်